Monday 23 February 2015

ငလျင်ဒဏ်ကြောင့်မြေခခဲ့သည့် စစ်ကိုင်းမြို့ လေးကျွန်း မာရ်အောင် စေတီစိန်ဖူးတော် သမ္မတပြန်လည်ကပ်လှူ

စိန်ဖူးတော်တင်လှူ အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − မောင်တာ) 
မန္တလေး− ပြီးခဲ့သည့်နှစ်က လှုပ် ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့်  စိန်ဖူးတော်မြေခပျက်စီးခဲ့သည့် စစ်ကိုင်း မြို့ သောတပန်ရပ်ရှိ လေးကျွန်းမာရ်အောင်စေတီကို ဖေဖော်ဝါရီ ၂၂ရက်တွင် နိုင်ငံ တော်သမ္မတက စိန်ဖူးတော် ပြန်လည်တင်လှူပူဇော်ခဲ့သည်။

သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ၊ ဓမ္မဒူတအရှင်ဆေကိန္ဒတို့ ဦးဆောင်မှုဖြင့် စိန်ဖူးတော် ပြန်လည်ကပ်လှူခဲ့ခြင်းဖြစ်ကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ အားကရ၀ိက်ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ပင့်ဆောင်ခဲ့သည်။

စစ်ကိုင်းမြို့ ဧရာဝတီမြစ် ကမ်းနဖူးတွင် တည်ရှိသည့်လေး ကျွန်းမာရ်အောင်စေတီသည်  ၂၀၁၄ နိုဝင်ဘာလ အတွင်းက ပြင်ဦးလွင်မြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ ငလျင် ကြောင့် စိန်ဖူးတော်မြေခခဲ့ခြင်းဖြစ်သည်။

ယင်းစေတီမှာ ၂၀၁၂  သပိတ်ကျင်းငလျင်ကြောင့် စိန်ဖူးတော် မြေခခဲ့ဖူးပြီး ၂၀၁၃ တွင် ဓမ္မဒူတ အရှင်ဆေကိန္ဒနှင့် နိုင်ငံတော်သမ္မ တတို့ ပင့်လှူပူဇော်ထားခြင်းဖြစ်သည်။

 ထို့ကြောင့် စစ်ကိုင်းလေး ကျွန်းမာရ်အောင်စေတီမှာ သမ္မ တဦးသိန်းစိန်လက်ထက်တွင် စိန်ဖူးတော် နှစ်ကြိမ် တင်လှူ ပူဇော်ရခြင်းဖြစ်သည်။ စစ်ကိုင်းမြို့သောတပန် ရပ်ဇာတိဖြစ်သည့် ဓမ္မဒူတ အရှင်ဆေကိန္ဒက ဦးစီးကာ စိန်ဖူးတော်တင်လှူပူဇော်ခြင်းဖြစ်ပြီး စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တို့အတွက် လှူဒါန်းငွေတန်ဖိုးကို မသိရှိရသေးကြောင်းစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ‘‘တနင်္ဂနွေ မင်းကြီးရဲ့ ကောင်းမှုတော်ပွဲကို ဒီကနေ့ တနင်္ဂနွေမှာပဲပြုလုပ်ကြတာဟာ လည်းပဲ အောင်မြင် ခြင်း ရဲ့ အ ကြောင်းတရားပါပဲလို့ အားလုံး ၀မ်းမြောက်ကြစေကြောင်း ဘုန်း ကြီးတို့ သတင်းကောင်းပါး ပါ တယ်’’ဟု သီတဂူဆရာတော်အရှင် ဉာဏိဿရက စိန်ဖူးတော်တင်လှူပွဲရေစက်ချတရားဟောရာတွင် ပြောကြားသည်။

လေးကျွန်းမာရ်အောင်စေ တီတော်ကို အင်းဝခေတ်၊ ညောင် ရမ်းမင်းဆက်(၁၆)ဆက်မြောက် ဘုရင်ဖြစ် သော တနင်္ဂနွေမင်းက သက္ကရာဇ် ၁၀၈၆ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း ဘုရားသမိုင်း ကမ္ပည်းတွင် ရေးထိုးမှတ်တမ်းတင်ထားသည်။

7Day DAILY  

No comments:

Post a Comment