Thursday 19 February 2015

ကိုးကန့်တိုက်ပွဲ ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များကို အစိုးရ ထုတ်ပြန်



ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ဖေ့ဘုတ် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။
လောက်ကိုင်ဒေသကို သွားရောက်တဲ့ တပ်မတော်စစ်ကြောင်းနဲ့ စစ်ကူတွေအပါအ၀င် အုပ်ချုပ်မှု ကိစ္စရပ်တွေ အခက်အခဲ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကိုးကန့်တပ်ဖွဲ့တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေပူးပေါင်းပါဝင် တိုက်ခိုက်တယ် လို့ ရေးသားထားပါတယ်။
ဒါဟာ အစိုးရဘက်က ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တဲ့ တပ်ဖွဲ့ အမည်တွေကို ပထမဆုံးထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချူပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်ေ တွ နေပြည်ေ တာ် မှာ တွေ့ဆုံစဉ်က ကာကွယ်ရေးဦးစီးချပ်က အခုတိုက်ပွဲတွေမှာ အချို့တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ ရှိနေပြီး အဲဒီ့အတွက် တာဝန်ယူရမယ်လို့ ပြောကြား ခဲ့ပေမယ့် ဘယ်အဖွဲ့ အစည်းတွေဆိုတာတော့ ထည့်သွင်းမပြောဆိုခဲ့ဘဲ အခုမှ အဖွဲ့နာမည်တွေကို ထုတ်ပြောလာတာဖြစ်ပါတယ်။
ကေအိုင်အေကတော့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှု မရှိကြောင်း ကေအိုင်အေပြောခွင့်ရ ဦးလနန်က ဒီဗွီဘီကို ပြောကြား ထားပါတယ်။
တီအန်အယ်လ်အေကတော့ ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေေ ကြာင်း အစောပိုင်းကတည်းက ဒီဗွီဘီ ကိုပြောပါတယ်။

1 comment:

  1. တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး၊အချုပ်အခြာအဏာကိုထိပါးလာရေးတို့ကို ဖန်တီးလာတဲ့၊အားပေးအားမြှောက်ပြုတဲ့သူမှန်သမျှ ကျူ ပင်ခုတ် ကျူ ငုတ်မကျန်အောင်ဆော် ။

    ReplyDelete