Monday 23 February 2015

ဘာသာရေးကျောင်းများကို ဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်း မရှိကြောင်း NNER ထုတ်ပြန်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တွင်ထည့်သွင်းထားသော ကျောင်း အမျိုးအစား မှာ ဘာသာရေးသင် ကြားသည့် ကျောင်း များကို ဆိုလိုခြင်းမဟုတ်ကြောင်း ပညာရေးစနစ်ပြုပြင် ပြောင်းလဲ ရေး နိုင်ငံ လုံးဆိုင်ရာကွန်ရက် (NNER) က သတင်းထုတ်ပြန်သည်။

ဥပဒေကြမ်းအပိုဒ်-၃၆ တွင် ဖော်ပြထားသည့် ‘‘အခြားဘာသာ ရေးအဖွဲ့အစည်း များမှ ဖွင့်လှစ် ထားသော ပညာရေးကျောင်း များ’’ဟူသည့် အချက်နှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဘာသာရေးဆိုင်ရာ ဝေဖန်ထိုး နှက်တိုက်ခိုက်မှုများ  ဖြစ်ပေါ် လျက်ရှိသည်။

အတည်ပြုထားသော အမျိုး သားပညာရေးဥပဒေအခန်း (၆) ပုဒ်မ ၃၄ ကျောင်းအမျိုးအစား သတ်မှတ် ချက်တွင် ‘‘ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများ’’ ဟု သာပါရှိပြီး အခြားဘာသာရေး အဖွဲ့အစည်း များက ဖွင့်လှစ်ထား သည့်  ပညာရေးကျောင်းများ ထည့်သွင်းထားခြင်းမရှိပေ။

ခရစ်ယာန်ဘုရားကျောင်း များ တာဝန်ယူဖွင့်လှစ်သည့် ကျောင်းများမှ  ဆရာ၊ ဆရာမများက အထက်ပါ အချက်ကိုတင်ပြ လာခြင်းကြောင့် ဥပဒေကြမ်းတွင် ‘‘အခြားဘာသာရေးအဖွဲ့အစည်း များမှ ဖွင့်လှစ်ထား သော ပညာ ရေးကျောင်းများ’’ဟူသောအချက်ကို ကျောင်းအမျိုးအစားကဏ္ဍ၌ ထည့်သွင်းခဲ့ခြင်းဖြစ် ကြောင်း NNER ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘာသာရေးအဖွဲ့အစည်း များမှ ဖွင့်လှစ်သော ပညာရေး ကျောင်းများဆိုသည်မှာ မြန်မာ စာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ စသည့် ဘာသာရပ်များ သင်ကြား သည့် ကျောင်းများအား ဆိုလိုခြင်း ဖြစ်ပြီး ဘာသာရေး သီးသန့်  သင်ကြားသော ကျောင်းများကို ဆိုလို ခြင်းမဟုတ်ကြောင်း NNER က ရှင်းလင်းထားသည်။

‘‘ဘာသာရေးသက်သက် သင်တဲ့ ကျောင်းတွေနဲ့ မသက် ဆိုင်ပါဘူး။ ဥပဒေမှာလည်း ရှင်း လင်းပါတယ်။ ကျွန်တော်တို့ သ ဘောထားလည်း ရှင်းတယ်’’ဟု NNER မှ ဒေါက်တာသိန်းလွင်က ပြောသည်။

အတည်ပြုထားသော အမျိုး သားပညာရေးဥပဒေအခန်း (၁၄) ပုဒ်မ ၆၈(က)တွင် ‘‘ဘာသာရေး ကိုသာ သီးသန့်သင်ကြားပေး သော ကျောင်းများသည် ဤဥပ ဒေနှင့် သက်ဆိုင်ခြင်းမရှိစေရ’’ဟု ပြဋ္ဌာန်ထားသော အချက်ကို အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပယ်ဖျက် ထားခြင်းမရှိကြောင်း သိရသည်။

ဖြုတ်၊ ပယ်၊ ဖြည့်စွက်သည့် အမျိုးသားပညာရေးဥပဒေကြမ်း များသည် တိုင်းပြည်နှင့် လူမျိုးအ နာဂတ် အတွက် ရတက်မအေး စရာများ၊ ကျောချမ်းစရာယိုပေါက်၊ ဟာပေါက်များ၊ ကြီးမားသောဘေးထွက် ဆိုးကျိုး များ၊ မသိမသာ၊မလိမ့်တပတ်၊ နားလှည့်ပါးရိုက်မှု များစသည် စသည်မြောက်မြားစွာ ပါဝင်နေ သည်ကို သတိထားမိသူ မျိုးချစ်များ၊ ပညာရှင်များ တွေ့မြင်ပြောဆိုဝေဖန်နေကြကြောင်း၊ အဘက်ဘက်က အကောင်းဆုံးဖြစ်အောင် အချိန်ယူဆွေးနွေးတိုင်ပင်ရေးဆွဲကြရန် လေးလေးနက်နက်အထူးတိုက် တွန်းပါ ကြောင်း   အမျိုးဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့ (ဗဟို)က သဘောထား ထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment