Thursday 19 February 2015

အစၥလာမ္ဘာသာကုိ စစ်ခင်းနေခြင်း မဟုတ်ဟု အမေရိကန်သမ္မတ ပြော



အမေရိကန်နိုင်ငံဟာ အစ္စလာမ်ဘာသာနဲ့ စစ်ခင်းနေတာ မဟုတ်ဘဲ အစ္စ လာမ်ဘာသာကို ဖျက်ဆီးနေ သူတွေနဲ့ စစ်ခင်းနေတာလို့ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ ဘာသာရေးေ ဆွးနွေးပွဲတခုမှာ အမေရိကန်သမ္မတက ပြောဆိုပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ အစ္စလာမ်နဲ့ စစ်ခင်းနေတယ်ဆိုတဲ့ မှားယွင်းတဲ့ အစွန်းရောက် အတွေး အခေါ်တွေကို တကမ္ဘာလုံးက ရင်ဆိုင်တုံ့ပြန်ရမယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုပါ တယ်။
ဒီဘာသာရေးအစွန်းရောက်မှုအပေါ် ဆွေးနွေးပွဲကို ဥရောပ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေမှာ အစွန်းရောက်မွတ်စလင်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၃ ရက်အကြာ ကျင်းပခဲ့တာလည်း ဖြစ်ပါ တယ်။
အမေရိကန်သမ္မတ အိုဘားမားကတော့ “အိုင်အက်စ်နဲ့ အယ်ကိုင်းဒါးတို့လို အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေဟာ သူတို့ကိုယ် သူတို့ တကယ့် ဘာသာရေးခေါင်းဆောင်တွေလိုလို၊ အစ္စလာမ်ဘာသာကို ရှေ့တန်းက ကာကွယ်နေတဲ့ တကယ့်ဘာသာရေးစစ်သည်တွေလိုလို ခံယူကြပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေကိုကျတော့ အစ္စလာမ်နဲ့ စစ်ခင်းနေတဲ့နိုင်ငံတွေ ဆိုပြီး လူငယ်တွေကို အစွန်းရောက်ဝါဒ ဖြန့်တယ်။ ဒီလူတွေဟာ တကယ်တော့ ဘာသာရေး ခေါင်းဆောင်တွေလည်း မဟုတ်၊ အကြမ်းဖက် အဖွဲ့တွေသာ ဖြစ်တယ်” လို့ ပြောဆိုခဲ့တာပါ။

တကယ်လို့ အစ္စလာမ်ဘာသာနဲ့ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေကို တခုတည်း တွဲမြင်ရင်တော့ ဒါဟာ ၀ါဒဖြန့်ခံရတာ ဖြစ်တယ်လို့ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အစွန်းရောက်မွတ်စလင် တိုက်ခိုက်မှုတွေနဲ့လည်း နှိုင်းယှဉ် ဖော်ပြခဲ့ပါတယ်။
ဒီဘာသာရေးအစွန်းရောက်မှုကို စစ်ရေးတခုတည်းနဲ့ ဖြေရှင်းလို့ရနိုင်မှာ မဟုတ်ပဲ အခြေခံလူမှုအဖွဲ့တွေ ကစပြီး တက်တက်ကြွကြွနဲ့ အခြေခံကျကျ ပါဝင်ကူညီမှ ဖြေရှင်းနိုင်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ဗြိတိန်ပြည်ထဲရေးဝန်ကြီး ထရီဇာ မေ(Theresa May)နဲ့ ပြင်သစ်ပြည် ပါရီမြို့တော်ဝန် အန်နီ ဟီဒယ်လ်ဂို (Anne Hidalgo) တို့လည်း တက်ရောက်ကြပါတယ်။

သမ္မတ အိုဘာမားဟာ မကြာခင်ကလည်း လော့အိန်ဂျလစ်စ်(Los Angeles Times) သတင်းစာမှာ အယ်ဒီတာ့အာဘော်တစောင် ရေးသားခဲ့ပြီး မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က မွတ်စလင်ကျောင်းသူနဲ့ ကျောင်းသား ၃ ဦး ပစ်သတ်ခံ ရမှုကို လည်း ပြစ် တင်ရှုတ်ချခဲ့ပါတယ်
DVB

No comments:

Post a Comment