Thursday 19 February 2015

လူမည်းတဦးကို ရထားပေါ် ပေးမတက်သည့် ပရိသတ်များကို ချဲလ်ဆီး ရှုတ်ချ




ပြင်သစ်မှာ လူမျိုးရေးခွဲခြားတဲ့ သီချင်းတွေဆိုပြီး လူမည်း တဦးကို မြေအောက် ရထားပေါ် ပေးမတက်တဲ့ ပရိသတ်တွေကို အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး အသင်းက ရှုတ်ချလိုက်ပါတယ်။

ဗြိတိန် ဂါးဒီးယန်း သတင်းစာက ရရှိခဲ့တဲ့ ဒီဗွီဒီယိုဖိုင်မှာ ချဲလ်ဆီးနဲ့ ပဲရစ် စိန့်ဂျာမိန်းအသင်း ချန်ပီယံလိဂ် မကစားခင် မှာ မြေအောက်ရ ထားပေါ်တက်ဖို့ ကြိုးစားတဲ့ လူမည်းတဦးကို ချဲလ်ဆီး ပရိသတ်တွေက တားဆီးခဲ့ တာ ဖြစ်ပါ တယ်။
ပရိသတ်တွေက “ကျနော်တို့ဟာ လူမျိုးရေး ၀ါဒီတွေ ဖြစ် တယ် ဒီလိုလုပ်ရ တာကို ကြိုက်တယ်” လို့ ဟစ်ကြွေးနေစဉ်မှာ သူတို့ ရှေ့မှာ လူမည်း အမျိုး သမီးတဦးကလည်း ရပ်နေတာ ဖြစ်ပါတယ်။

ကလပ်အသင်းကတော့ ဒီအပြုအမှုတွေဟာ စက်ဆုပ်ဖွယ် ရာကောင်း သလို ဘောလုံးနဲ့ လူ့အဖွဲ့ အစည်း အတွင်းမှာ နေရာမရှိသလို ပါဝင်တဲ့ သူတွေကို ဒုစရိုက်မှုနဲ့ အရေးယူတာကို အားပေး တယ်လို့ ပြောပါတယ်။
ဗွီဒီယိုဖိုင်ကို ရိုက်ယူခဲ့သူကတော့ တံခါးတွေပွင့်နေတာ ကိုတွေ့ရ သလို အော်ဟစ်ကြွေးကြော်သံတွေ ကြားခဲ့ရတဲ့အကြောင်းနဲ့ ရန်လိုတဲ့ အပြုအမှုတွေကြောင့် ဖုန်းကို ထုတ်ရိုက်ယူခဲ့တာလို့ ပြောပါတယ်။

ဒီဗွီဒီယိုဖိုင်အတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကလည်း အရေးယူဆောင်ရွက်ဖို့ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
DVB

No comments:

Post a Comment