Monday 23 February 2015

ပြည်ပတွင် အနေကြာသူများ ပြည်ဝင်ခွင့်လျှောက်ထားမှု အစိုးရနှင့် နီးစပ်သူများ ကိုသာ ခွင့်ပြုနေသည်ဆိုသည်မှာ မမှန်ကန်ဟု နိုင်ငံတော် သမ္မတ အကြံပေးပြော

ပြည်ပတွင် အချိန်ကြာ နေထိုင်ခဲ့ပြီး ပြည်ဝင်ခွင့် ပြန်လည်လျှောက်ထားသည့်သူများတွင် အစိုးရနှင့်နီးစပ် သည့်သူများကိုသာ ဦးစားပေး ခွင့်ပြုပေးနေသည်ဟု ဝေဖန်မှုများထွက်ပေါ်နေသော်လည်း လက်တွေ့တွင် ယင်းကဲ့သို့ မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ ကျော်ရင်လှိုင် ကပြော သည်။

ဒီဗွီဘီဒီဘိတ်အစီအစဉ်၏ ''ပြည်ပက ပြန်လာသည့် မြန်မာနိုင်ငံသား လုပ်နိုင်စွမ်းရှိသူတွေရဲ့ စိတ်ကူးတွေ ဟာလက်တွေ့နဲ့ တစ်ထပ် တည်းကျရဲ့ လား''ခေါင်းစဉ်ဖြင့် ဒီဘိတ် ကို ဖေဖော်ဝါရီ ၂၁ ရက်က အော ကစ်ဟိုတယ် တွင်ပြုလုပ်ခဲ့ပြီး ယင်း အစီအစဉ် တွင် ဆွေးနွေးပြော ကြား ခဲ့ခြင်းဖြစ်သည်။

''အစိုးရနဲ့ ရင်းနှီးတဲ့သူတွေပဲ မဟုတ်ပါဘူး။ တစ်ခြားအရပ်ဘက် လူ့အဖွဲ့အ စည်းတွေမှာ ပါဝင်ပြီး လုပ်တဲ့ သူတွေလဲ သူတို့အနေနဲ့ ဒီ ကိုပြန်လာတဲ့ အခါမှာ အပြုသဘော နဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ် ငန်းတွေ မှာပါ ဝင်ပြီးတော့ လုပ်ကိုင် ပေးပါမယ်ဆိုတဲ့ သူတွေတော်တော် များများ ကတော့ နိုင်ငံသားရပြီး တော့ အဲဒီကိစ္စတွေမှာ ရေရေရာရာ မရှင်း ပြနိုင်သေး တဲ့သူတွေကတော့ မရသေးဘူးလို့ မြင်ပါတယ်'' ဟု ဒေါက် တာ ကျော်ရင် လှိုင် က ပြော သည်။

အဆိုပါ ဒီဘိတ်အစီအစဉ်တွင် နိုင်ငံတော်သမ္မတအကြံပေး ဒေါက် တာ ကျော်ရင်လှိုင်၊ ရန်ကုန်တက္က သိုလ် နိုင်ငံတကာဆက်ဆံရေးရာ ဌာနနှင့် နိုင်ငံရေးသိပ္ပံဌာနပါမောက္ခ ဒေါက်တာခင်မောင်ညွန့်၊ နိုင်ငံရေး သိပံ္ပကျွမ်း ကျင်သူ ဒေါက်တာမိုးညို၊ မြန်မာရွေ့လျားပညာရေး စီမံကိန်း ဒါရိုက်တာ ကိုတင်မောင်မောင်အေး တို့က ဝင်ရောက်ဆွေးနွေး ကြခြင်း ဖြစ် သည်။

အချို့အစိုးရနှင့်ပတ်သက်ပြီး အလုပ် လုပ်ကိုင်နေသည့်သူများရှိ သကဲ့သို့ အစိုးရနှင့် မပတ်သက်သူ များလည်းရှိနေကြောင်း၊ ယင်းနိုင်ငံ ခြား သားအမြဲနေ ထိုင်ခွင့်ပြုခြင်းဆိုင် ရာစနစ်နှင့် ပတ်သက်ပြီး တိုင်းပြည် တွင်ရှိနေ သည့် လိုအပ်ချက်ကို ပြန် လည် ဆောင်ရွက်ပေးနိုင်မည့်သူများ ကို ဦးစားပေးပြီး ဆောင်ရွက်ပေး သည်ဟု သက်ဆိုင်ရာမှ ပြောကြား ချက်ကိုဟု ယင်းကဆက်လက်ပြော သည်။

''နိုင်ငံခြားမှာ ၃၂ နှစ်နေခဲ့ ပေမယ့် နိုင်ငံခြားသားလည်း မခံယူခဲ့ဘူး။ ပြောရင်တော့ အစိုးရပိုင်းမှာ ဝင်တဲ့သူကျတော့ တိုက်ရိုက်ရ တာကို ကျွန်တော်တို့ ရှေ့မှာတင် တွေ့ရတယ်။ ကျွန်တော်တို့က ခပ်ဝေး ဝေး ခပ်ကင်းကင်းနေတဲ့သူတွေမို့ လို့လားတော့ မသိဘူး''ဟု နိုင်ငံရေး သိပ္ပံကျွမ်းကျင်သူ ဒေါက်တာမိုးညို က ပြောကြားသည်။

ယင်းသည် ၁၉၈၁ ခုနှစ်က နိုင်ငံရေး ကိစ္စကြောင့် ဂျပန်နိုင်ငံ သို့ ထွက်သွားခဲ့ပြီး လွန်ခဲ့သည့်နှစ် နှစ်ခန့်က မြန်မာနိုင်ငံသို့ ပြန်လာ ခဲ့သူဖြစ်သည်။

ယခုလက်ရှိ အခြေအနေမှာ အင်စတီကျူး ရှင်းအဟောင်းမှ အသစ် သို့ ပြောင်းလဲနေသည့်အချိန်ဖြစ်သည့် အတွက် အချို့နေရာများ တွင် ရေရေ ရာရာမရှိသေးကြောင်း၊ လက်ရှိပြုပြင် ပြောင်းလဲရေး လုပ်ဆောင် နေသည် ဆို သော်လည်း အချို့အောက်ခြေဝန် ထမ်းများမှာ မပြောင်း လဲသေးကြောင်း ဒေါက်တာ ကျော်ရင်လှိုင်ကဆက် လက်ဆွေးနွေးသည်။

''Mindset မချိန်းတဲ့ သူတွေရှိ နေသေးတယ်။အပေါ်က clean government လုပ်နေပေမယ့် အောက် က good governance မဖြစ် သေးဘူး။ Mindset မချိန်းရင်အောင် မြင်မှာ မဟုတ်ဘူး''ဟု ရန်ကုန်တက္က သိုလ် နိုင်ငံတကာ ဆက်ဆံရေးရာ ဌာနနှင့် နိုင်ငံရေးသိပ္ပံဌာနပါမောက္ခ ဒေါက်တာခင်မောင်ညွန့်က ပြော သည်။

ယင်းကဲ့သို့ပြည်တော် ပြန်ဝင် လာမည့် မြန်မာနိုင်ငံ သားများ အ ရေးနှင့် ပတ်သက်ပြီး အစိုးရတွင် လည်း ရှင်းလင်းသည့် မူဝါဒမရှိသေး ကြောင်း၊ လက်ရှိကျင့်သုံးနေသည့် မူဝါဒထက် ပိုမိုရှင်းလင်းစေလိုကြောင်း ယင်းကဆက် လက်ပြောသည်။

မြန်မာနိုင်ငံတွင်အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုစတင်မည် ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ ဆွေးနွေးပွဲများပြု လုပ် နေကြောင်း ၊ နိုင်ငံရေး ခိုလှုံခွင့်နှင့်ဒုက္ခသည်လျှောက်ထားခြင်းတို့ကို ခွင့်မပြုဆိုခြင်းမှာ ယင်းကဲ့သို့ အမျိုး သားပြန်လည်သင့်မြတ်ရေး လမ်း စဉ်နှင့် ဆန့်ကျင်ဘက်ဖြစ် နေကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေသည့် အတွက် ပြည်သူလူထုက အစိုးရပြု ပြင်ပြောင်းလဲမှု လုပ်နေသည်ဆို သည့်အချက်ကို သံသယဝင်နေခြင်း ဖြစ်ကြောင်း ဒေါက်တာ မိုးညိုက ဆွေးနွေးခဲ့သည်။

ယခုလက်ရှိတွင်မြန်မာနိုင်ငံ ၌ အမြဲတမ်း နေထိုင်ခွင့် ဗီဇာအ တွက်လျှောက် ထားသူ ၁၈ဝရှိနေ ပြီး ၁၀ဝကို ခွင့်ပြုပေးထားကြောင်း သိရသည်။

NTDW
‎Democracytoday‬

No comments:

Post a Comment