Monday 23 February 2015

အလုပ်သမားဆန္ဒပြမှုများကြောင့် အနောက်ဥရောပနှင့် အမေရိကန်နိုင်ငံများ ရင်းနှီးမြှုပ်နှံခြင်းမရှိဟု ၀န်ကြီးဆို

အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်သမားများ၏ လုပ်ခလစာတိုးတောင်းသော ဆန္ဒပြမှုများကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမည့် ပြည်ပ လုပ်ငန်း ရှင်များ တွန့်ဆုတ်နေပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ လာရောက်ရင်းနှီးမြှုပ်နှံမှုမပြု ခြင်းဖြစ်ကြောင်း အလုပ်သမား ဒုဝန်ကြီးကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်၊ တိုင်ပေ၊ ဂျပန်၊ ထိုင်း စသည့် အာရှနိုင်ငံများမှသာ လာ ရောက်ရင်းနှီး မြှုပ်နှံပြီး အနောက် နိုင်ငံများမှ လာရောက်ရင်းနှီး မြှုပ်နှံမှုနည်းပါးကာ တိုင်းပြည် အတွင်း တည်ငြိမ်မှုကို စောင့် ဆိုင်းနေကြခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးထင်အောင်က ပြောသည်။

‘‘ဘယ်စီးပွားရေး လုပ်ငန်း ရှင်မှ မတည်ငြိမ်ဘူးဆိုရင် လာ ရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားမှာ မဟုတ် ဘူး။ အလုပ်သမား တွေကို တည်တည်ငြိမ်ငြိမ်ဖြစ် စေချင်တယ်’’ဟု ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်း က ပြောကြားသည်။

ထို့ကြောင့် အလုပ်သမား များအနေဖြင့် မိမိတို့အခွင့်အရေး အတွက် တောင်းဆိုရာတွင် ဥပဒေဘောင် အတွင်းမှ တောင်းဆိုသင့်ကြောင်း၊ လုပ်ခလစာနှင့်ပတ်သက်၍ ယခုကဲ့သို့ အငြင်းပွားမှုများ လျော့ကျအောင် အလုပ်ရှင်၊ အလုပ်သမားသဘောတူစာ ချုပ်ကို မဖြစ်မနေချုပ်ဆိုစေမည် ဟု ဆိုသည်။ ယင်းစာချုပ် မချုပ်ဆိုပါက အလုပ်ရှင်များအနေဖြင့် အလုပ်ခန့်အပ်ခွင့်မရှိသကဲ့သို့ အလုပ်သမား အနေဖြင့်လည်း အလုပ် လုပ်ခွင့်ရှိမည်မဟုတ်ကြောင်း ဦးထင်အောင်ကပြောသည်။

‘‘ဒီမိုကရေစီခေတ်ဖြစ်လာ တော့ လူတိုင်းကတောင်းခွင့်ရှိ တယ်။ ပြခွင့်ရှိတယ်။ ဒါကိုအသုံး ချနေကြတယ်လို့ ထင်တယ်။ ဒါ ပေမဲ့ တကယ့်ဒီမိုကရေစီစစ် စစ်ကို ဘယ်သူမှ သေချာမသိသေးတော့ အခုလိုဖြစ်နေကြ တာပါ’’ဟု  ရန်ကုန် စီးပွားရေးတက္ကသိုလ်ပါ မောက္ခဟောင်း ဒေါ်ရီရီမြင့်က ပြောသည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု များသည် အခွင့်အလမ်းကောင်း မှသာ မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ခန့်မှန်းရ ခက်ခဲသောကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု မလုပ် သေးခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထင်သ လောက်မ၀င်လာခြင်းမှာ မြေဈေး ကြီးမြင့်၊ လုပ် သားကျွမ်းကျင်မှု လိုအပ်ခြင်းနှင့် အခြေခံအဆောက်အအုံ မပြည့်စုံခြင်း စသည်တို့ကြောင့်ဟု သုံးသပ်မှုများ လည်းရှိသည်။

လက်ရှိတွင် အလုပ်သမား များ ဆန္ဒပြမှု လျော့ကျစေရန် ကုန်ပစ္စည်းအတွက် အခွန်နှစ်ထပ်ကျနေမှုများ လျှော့ချပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

7Day DAILY 

No comments:

Post a Comment