Thursday 19 February 2015

ကြက်ခြေနီယာဉ်တန်းတိုက်ခိုက်ခံရမှု အိုင်စီအာစီကန့်ကွက်ရှုတ်ချ



မြန်မာကြက်ခြေနီ စေတနာ့ဝန်ထမ်း ၂ ဦးဒဏ်ရာရခဲ့တဲ့ ကယ်ဆယ်ရေး ယာဉ်တိုက်ခိုက်ခံရမှု အပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက် ရှုတ်ချ လိုက်ပါတယ်။
ကိုးကန့်တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကနေ နေရပ်ပြန် စစ်ဘေးဒုက္ခ သည်တွေ တင်ဆောင်လာတဲ့ မြန်မာကြက်ခြေနီယာဉ်တန်း ဖေဖော်ဝါရီ ၁၇ ရက်က ချင်းရွှေဟော်အနီး ပစ်ခတ်ခံရပြီး ကွမ်းလုံ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်နဲ့ ဦးဇော်မင်းထိုက်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီေ က်ာမတီနဲ့ လခြမ်းနီ လှုပ်ရှားမှုအဖွဲ့တို့က ကန့်ကွက်တဲ့အကြောင်းနဲ့ ဒီသတင်း ကြားရတဲ့အတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန် ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ပါဝင်သူတွေအားလုံးအနေနဲ့ ကြက်ခြေနီရဲ့လုပ်ငန်းေ တွကို လေးစားဖို့၊ ကူညီကယ်ဆယ်ရေး လုပ်သားတွေရဲ့ လုံခြုံရေးကို အာမခံဖို့နဲ့ လူသားချင်းစာနာမှု အကူအညီလိုနေသူတွေ အတွက် တားဆီးပိတ်ပင်တာတွေမလုပ်ပဲ အမြန်ဆုံး သွားရောက်ကူညီခွင့်ပေးဖို့ ကြက်ခြေနီအဖွဲ့တွေက တောင်းဆိုပါတယ်။

ဒါ့အပြင် အရပ်ဘက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့နဲ့ အရပ်သားတွေကို ရှောင်ရှားဖို့လည်း တိုက်ပွဲနဲ့ သက်ဆိုင်သူ အားလုံးကို သတိပေးထားပါတယ်။
အလားတူ ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) ကလည်း လူသားချင်းစာနာမှု ကူညီပေးသူ မည်သူ့ကိုမဆို တိုက်ခိုက်တာဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
အေအိုင်အဖွဲ့ရဲ့ အာရှပစိဖိတ်ဆိုင်ရာ ပြန်ကြားရေးအရာရှိ အော်လော့ဖ်ဘလွမ်ကွစ်က “လူသားချင်းစာနာကူညီသူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာကို နိုင်ငံတကာဥပဒေတွေအရ တင်းကျပ်စွာ ပိတ်ပင်တားမြစ်ထားပြီး ဒါဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်ပါတယ်။ မြန်မာကြက်ခြေနီ အမှုထမ်းတွေကို တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ အညီကြိုးပမ်းပြီး တရားဥပဒေအရ ဆောင်ရွက်ရမယ်” လို့ ပြောပါတယ်။

ဒဏ်ရာရထားတဲ့ မြန်မာကြက်ခြေနီ နှစ်ဦးကတော့ ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကျန်းမာရေး အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြောပါတယ်။
DVB

No comments:

Post a Comment