Saturday, 27 December 2014

KIA ကြိုးဆွဲရာ ကနေရသော TNLA ရုပ်သေးရုပ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၄)ဖွဲ့ လက်မှတ် ရေးထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော(၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်၍ KIA တစ်ဖွဲ့တည်းသာ ကျန်ရှိသည်ဟု သတ်မှတ် ရမည် ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

Friday, 26 December 2014

ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်

Photo: ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်
Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီးနိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိ အားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ

Photo: ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ
Friday, December 26, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေး အတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန်လုံခြုံရေး ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောသည်။

''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေးအတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆောင်ရွက်တာ ပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံ ရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီ ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်က အတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေး ကွပ်ကဲ ရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေးဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနား တွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ) တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည် နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်း များ၊ စစ် မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန် လုံခြုံရေးထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်

Photo: အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်
Friday, December 26, 2014

ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

၁။ဘာမဟုတ်တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာမျိုး
မိန်းကလေးတော်တော်များများဟာ သူတို့စိတ်အလိုမကျတော့ဘူးဆိုရင် သွား လာမထိနဲ့၊ စိတ်ဆိုးနေတယ်လို့ ပြောပြီး မကျေနပ်ချက်တွေကို ပွစိပွစိ လုပ်တတ်ကြပါတယ်တဲ့။ တည်ငြိမ်ပြီးရင့်ကျက်တဲ့ မိန်းကလေး အနည်းငယ်ကတော့ မြင်သမျှအရာတိုင်းကို ပြသနာမလုပ်တတ်သလို တကယ်ပြသနာတွေကိုမှ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်ကြတာမျိုးပါ။အရာ

၂။အရာအားလုံးကို မမှီခိုနေတတ်တာမျိုး
ငွေရေးကြေးရေအရရော၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုတွေအရရော အမျိုးသားတွေဟာ ကိုယ့်ချစ်သူက ကိုယ့်ကို မှီခိုတာမျိုးကို သဘောကျကြတယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တော့ ရေရှည်မှာ ကိုယ့်ရဲ့စဉ်းစာဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အားကိုယ့်ကိုးတဲ့ ချစ်သူမျိုးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ အရာအားလုံး သူတို့လုပ်ပေးမှ အဆင်ပြေနိုင်တဲ့ သူမျိုးကိုတော့ ဘယ်သူမှ မလိုချင်ပါဘူး။

၃။စမတ်ကျကျလေး နေတတ်တာမျိုး
အပေါ်က အချက်လိုပါပဲ။ ကိုယ့်ချစ်သူက တုံးအနေတာမျိုး ဘယ်ယောင်္ကျားလေးက လိုချင်မှာလဲ။ မေးလိုက်တိုင်း ဘာဆိုဘာမှမသိတဲ့ ချစ်သူမျိုးထက် စမတ်ကျကျလေး နေတတ်တဲ့ ချစ်သူမျိုးကို ပိုပိုင်ဆိုင်ချင်ကြတာပါ။

၎။ညှို့အားပြင်းပြင်းနဲ့ သူတို့ကို ဆွဲဆောင်နိုင်တာမျိုး

ကိုယ်ခန္ဓာလှတာ မလှတာ ၊ ပိန်တာ၊ ၀တာမျိုးတွေနဲ့ မဆိုင်ပါဘူး။ သူတို့ဆိုလိုချင်တာက သူတို့နဲ့ နေတဲ့အခါမျိုးတွေမှာ ကိုယ်ဟာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ချစ်သူမျိုးဖြစ်တာမျိုးကို လိုချင်တာပါ။

၅။အားလုံးကို ခင်ခင်မင်မင် ပေါင်းသင်ဆက်ဆံတတ်တာမျိုး
ဒါကတော့ ယောင်္ကျားလေး၊ မိန်းကလေးမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ့်သူငယ်ချင်း၊ အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေစေချင်တာ၊ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံစေချင်ကြတာချည်းပါပဲ။ ဒါဟာ ဆက်ဆံရေးတစ်ခုအတွက် အရေးပါလွန်းလှပါတယ်။

၆။ခွန်အားပေးတတ်တာမျိုး
ဘယ်ယောင်္ကျားလေးမဆို ကိုယ့်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့၊ ကိုယ့်စိတ်ကူးအိုင်ဒီယာတွေကို ပိုမိုသစ်လွင်လာအောင် ဖန်တီးပေးနိုင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိတ်ခွန်းအားဖြည့်ပေးနိုင်မယ့် ချစ်သူမျိုးကို လိုချင်ပါတယ်။

Ref:mensxp.com
Trend Myanmar
ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိ ကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်

Photo: ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်
Friday, December 26, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ်နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာတွင် ကျင်းပပြု လုပ်နေသည့်ပုံစံအတိုင်း အဆိုပါ ဘားကမ့်ပွဲကို ကျင်းပသွားမည် ဖြစ်ပြီး နည်းပညာအကြောင်းအရာများနှင့် လူအများစိတ်ပါဝင် စားသည့် အကြောင်းအရာများကို ခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိဘဲလွတ်လပ် စွာ ဆွေးနွေးဖလှယ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Barcamp မှ ပြန်ကြားရေးတာ ဝန်ခံ ဦးဇော်ဇော်မျိုးလွင်က''ဘား ကမ့်ပွဲက လူငယ်တွေနဲ့ နှစ်စဉ်စည် စည်ကားကားကျင်းပနေတဲ့ပွဲဖြစ်တယ်။ အားလုံး လွတ်လပ်စွာနဲ့ကိုယ် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခု ထားပြီး စိတ် ကြိုက်ပြောဆိုဆွေးနွေးလို့ရအောင် လုပ်ပေးသွားမယ်။ တက်ရောက်လာမယ့် လူငယ်တွေအတွက်လဲနည်းပညာနဲ့ တခြားဗဟုသုတတွေ၊ အ ဆက်အသွယ်တွေ ရနိုင်မယ့်ပွဲတော် တစ်ခုပါ''ဟုပြောသည်။

ယင်းဘားကမ့်ပွဲတော်တွင် အိုင်တီ၊ မိုဘိုင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားသော Topic များနှင့်လည်း ပြောဆိုနိုင်မည့်ပွဲတစ်ခုဖြစ်ကြောင်း၊ အခြားနည်းပညာပွဲများကဲ့သို့ ပညာရှင်များကသာဆွေနွေးရခြင်းမျိုး မဟုတ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးဇော်ဇော်မျိုးလွင်က ''Topic တစ်ခုကို ကိုယ်က ရွေး ချယ်ပြီး ဆွေးနွေးမယ်၊ ပွဲလာမယ့်သူတွေကလဲ တစ်ခန်းမှာပဲဆွေးနွေးတာကို ထိုင်နားထောင်ရမှာ မဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို ပြော ဆိုနေတဲ့အခန်းကို သွားနားထောင်နိုင်မယ်။ အရမ်း Free ဖြစ်အောင် ပြင် ဆင်ထားတယ်'' ဟု ပြောသည်။

အဆိုပါ ဘားကမ့်ပွဲသို့ ယခင် နှစ်ကျင်းပခဲ့စဉ်က လူဦးရေ ၆၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းပွဲကို ၂၀၁ဝပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့၌သာမက နယ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ပြီး အနည်းဆုံးပြပွဲသို့ လူဦးရေ နှစ်ထောင်ကျော် သုံးထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

PPT
Democracytoday
နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ် နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းလုံးဝမနေဖူးသောကလေးများကို NLD ပညာရေး ကွန်ရက်မှ မိုဘိုင်းစနစ်ဖြင့် စာသင်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ၂၅- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းလုံးဝ မနေ ဘူးသော ကလေးများကို NLD ပညာရေးကွန်ရက်မှ မိုဘိုင်းစနစ်ဖြင့် စာသင်ပေး မည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘားအမှု တတိယအကြိမ်မြောက် ရုံးထုတ်

Photo: ဗုဒ္ဓဘားအမှု တတိယအကြိမ်မြောက် ရုံးထုတ်
Friday, December 26, 2014

ဗုဒ္ဓရုပ်ပွားတော်ရဲ့ နားတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဗဟန်းတရားရုံးမှာ ဒီကနေ့မနက် ၁၀ နာရီ စတင်စစ်ဆေးနေပါတယ်။

အခု ရုံးထုတ်စစ်ဆေးတာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့V Grastro.bar က နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ပုဒ်မ ၂၉၅၊ ၂၉၅(က)နဲ့ ၁၈၈ တို့နဲ့ ဆွဲချက်တင်ထားတာဖြစ်ပါတယ်။

dvb
ဗုဒ္ဓရုပ်ပွားတော်ရဲ့ နားတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေ ကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဗဟန်းတရားရုံးမှာ ဒီကနေ့မနက် ၁၀ နာရီ စတင်စစ်ဆေးနေပါတယ်။

MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို

Photo: MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို
Friday, December 26, 2014

ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။

''သေချာပြင်ဆင်သွားမှာပါ။ လက် ရှိမှာ အခက်အခဲတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေလို့ပါ။ ဒီနှစ်မကုန်မီ အမီပြင်ဆင် သွားမှာပါ''ဟု ယင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအ နေဖြင့် ယင်းသို့ဖုန်းခေါ်ဆိုခများ ပြင် ဆင်သတ်မှတ်မှုအပြင် ဖုန်းခေါ်နိုင်မည့် နိုင်ငံများကိုပါ တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအင်ဂျင်နီယာက ပြောသည်။

''သုံးစွဲသူ တော်တော်များများက ဖုန်းခေါ်ဆိုခတွေ လျှော့ချသွားမယ်လို့ ထင်နေကြတယ်။ လျှော့ချသွားမှာမဟုတ် ပါဘူး။ ပြင်ဆင်သွားမှာပါ။ ဘယ်လိုပြင် ဆင်သွားမှာလဲဆိုတာကတော့ အတိအ ကျမပြောသေးသလို နှုန်းထားတွေလဲ ပြောပြလို့မရသေးပါဘူး။ ပြင်ဆင်ပြီး သွားရင်တော့ ထုတ်ပြန်မှာပါ''ဟု ၄င်း က ဆက်ပြောသည်။

ဖုန်းကတ်များအတွက် ငွေဖြည့် ကတ်များကိုလည်း လက်ရှိ ကျပ်၅ဝဝဝ တန်နှင့် ၁ဝဝဝဝ တန်တို့သာ ရှိနေရာမှ တခြားသော ဆက်သွယ်ရေးကုမ္ပဏီများ ကဲ့သို့ ကျပ် ၁ဝဝဝ တန်၊ ကျပ် ၃ဝဝဝတန် တို့အထိပါ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ သိရသည်။

''ဖုန်းငွေဖြည့်ကတ် ၁ဝဝဝ တန် တွေ ပေါ်လာမယ်ဆိုရင်တော့ တော်တော် ကောင်းပါတယ်။ အခုက အော်ရီဒူးတို့၊ တယ်လီနောတို့မှာပဲ ငွေဖြည့်ကတ် ၁ဝဝဝ တန်တွေ၊ ၃ဝဝဝ တန်တွေ ရှိနေတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တောင် မျက်နှာ တော်တော်ငယ်ပါတယ်''ဟု မြောက်ဥက္က လာပမြို့နယ် (၂)ရပ်ကွက်တွင် နေထိုင် သူ ဦးနိုင်စိုးကပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ထုတ်လုပ်ထားသည့် MPT SIM Card နှင့် နိုင်ငံပေါင်း ၂၆ဝ ကျော်သို့ဆက် သွယ်နိုင်ပြီး ၄၆ နိုင်ငံသို့သာ သယ်ယူ သွားနိုင်ကြောင်း သိရသည်။

''ပြည်ပဖုန်းခေါ်ဆိုခအနေနဲ့ တစ် မိနစ်ကို MPT က ကျပ်၉ဝဝရှိပါတယ်။ Telenor တို့၊ Ooredooတို့ဆိုရင် တစ် မိနစ်ကို ကျပ်၂ဝဝပဲရှိပါတယ်''ဟု ဦးနိုင် စိုးကထပ်မံပြောကြားသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး သည် E Top Up စနစ်အား Elite နှင့် Asia Mega Link တို့တွင် ကျပ် ၅ဝဝဝ တန်၊ တစ်သောင်းတန်၊ သုံးသောင်းတန် များလုပ်ဆောင်လျက်ရှိသည်။

မြန်မာ နိုင်ငံတွင် ပြည်သူများ အသုံးပြုလျက်ရှိ သည့် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းခေါ် ဆိုခများမှာ တစ်မိနစ် ကျပ် ၅ဝဖြစ်သည်။

TheYangonTimes
ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။

လက်ပံတောင်း သေဆုံးမှုကို ဥပဒေ အတိုင်း အမြန်ဆုံး ဆောင်ရွက်ရန် ရွှေဝါရောင် သံဃာတော်များ ကြေညာချက်ထုတ်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်နိမိတ် သတ်မှတ်ရန် ၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုး ခတ်မှုကို ဒေသခံများ တားဆီးရာမှ တစ်ဆင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ကျည်ထိ မှန်ကာ သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း ကိစ္စအား အမြန်ဆုံး အကောင်အထည် ဖော်ရန် အတွက် ရွှေဝါရောင် သံဃာတော်များ စုစည်းမှု အဖွဲ့မှ ကြေညာချက် ထုတ်ပြန် ထားကြောင်း ယင်းအဖွဲ့မှ ဆရာတော် ဦးအဂ္ဂရာဇာက  The Messenger Media  သို့ မိန့်ကြားသည်။ တို့ကတော့ ကြေညာချက် ထုတ်ပြီး သွားပြီ။ ဒီကြေညာချက် အတိုင်း ဆောင်ရွက်မရွက် စောင့်ကြည့်ရ မှာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တို့တစ်တွေ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အစည်း အဝေး တစ်ခု ကျင်းပ ပြီးတော့ လုပ်ဆောင် သွားမယ် ဟု ဆရာတော်က မိန့်သည်။

စစ်ဘေးဒုက္ခသည်များကို လူမျိုးရေးမခွဲခြားဘဲ လမ်းကမ်းကြိုဆိုရန် ဂျာမနီသမ္မတ တိုက်တွန်း

Photo: စစ်ဘေးဒုက္ခသည်များကို လူမျိုးရေးမခွဲခြားဘဲ လမ်းကမ်းကြိုဆိုရန် ဂျာမနီသမ္မတ တိုက်တွန်း
Friday, December 26, 2014

ဂျာမနီသမ္မတ ဂျိုချင်ဂတ်စ် ဂျာမန်ပြည်သူတွေကို လူမျိုးရေးခွဲခြားမှုကို ပယ်ရှားဖို့၊ စစ်ဘေးနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ကမ်းကြိုဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ခုလို တိုက်တွန်းလိုက်တာပါ။

ဒီနှစ်အတွင်း ဒုက္ခသည်အသစ် ၂ သိန်းကို ထောက်ပံ့ ခိုလှုံခွင့်ပေးခဲ့တဲ့ ထောင်သောင်းချီတဲ့ ဂျာမန်လူမျိုးတွေကို ချီးကျူးတယ်လို့လည်း အမျိုးသားရုပ်သံကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး ဂျာမနီနိုင်ငံတွင်း အကြီးဆုံး စီတန်းလှည့်လည်ပွဲကို ဂျာမနီအရှေ့ပိုင်း ဒရဲ့စ်ဒန်မြို့မှာ လူအယောက် ၁၇၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဂျာမနီနိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူ ဦးရေဟာ ဒီနှစ်ထဲမှာ ၂ သိန်းထိ တိုးလာခဲ့ပြီး ၂၀၁၃ ခုနှစ်ထက် ၂ ဆနဲ့ ၂၀၁၂ ခုနှစ်ထက် ၄ ဆ ပိုတိုးလာတာပါ။

ဂျာမနီဟာ စစ်ဘေးဒဏ်သင့် ဆီးရီးယားနဲ့ အီရတ်တို့က ထွက်ပြေးလာတဲ့သူတွေကို တခြားအနောက်နိုင်ငံတွေ အားလုံးထက် ပိုပြီး လက်ခံခဲ့တာပါ။

ဂျာမန်သမ္မတကတော့ “အကြောက်တရားဟာ ကျနော်တို့နဲ့အတူ အမြဲတွဲ ရှိနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာတရားဟာ လူသား လောကရဲ့ အကြီးမြတ်ဆုံး စွမ်းရည်အစစ်ပဲဆိုတာကိုလည်း ကျနော်တို့ သိကြပါတယ်” လို့ ပြောပါတယ်။

ဂျာမနီဟာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံး ခိုလှုံခွင့်စည်းမျဉ်းတွေ ရှိနေတာပါ။ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့်ဟာ နာဇီခေတ်က ရှင်သန်ကျန်ရစ်သူ ဖြစ်ခဲ့လို့ ဒုက္ခသည်အများအပြားကို ခိုလှုံခွင့်ပေးပြီး ကူညီခဲ့ပါတယ်။

DVB
ဂျာမနီသမ္မတ ဂျိုချင်ဂတ်စ် ဂျာမန်ပြည်သူတွေကို လူမျိုးရေးခွဲခြားမှုကို ပယ်ရှားဖို့၊ စစ်ဘေးနဲ့ အကြမ်းဖက် မှုတွေ ကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ကမ်းကြိုဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်

Photo: နိုင်ငံတော် တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်
Friday, December 26, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာလာရာ ရခိုင်ပြည်နယ် သံတွဲလေဆိပ်သို့ ရောက်ရှိပြီး ငပလီမြို့ မဒေးတောင်ရှိ အမတသုခ အလိုတော်ပြည့် တောရကျောင်း၌ အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အရိယဝံသနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတသည် မဒေးတောင်ရှိ တိလောက သယမ္ဘူ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ကျောက်ဖြူမြို့သို့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိသည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက် ပေးနေသည့် အခြေအနေ များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း၏ ၅ဝ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရေး ဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး ရရှိရေးနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက် နေမှုများအား ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရ တာဝန်ယူသည့် သက်တမ်း ကာလအတွင်း မိမိတို့ ပြည်သူများအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ပြည်သူဗဟိုပြု စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အခြေခံအားဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်သည့် ဒေသဖြစ်ရန် မိမိတို့ အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်နေပါကြောင်း၊ ''ချမ်းသာချင်လျှင် လမ်းဖောက်'' ဆိုသည့် စကားပုံအတိုင်း ဖွံ့ဖြိုး တိုးတက်ချင်လျှင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရမည် ဖြစ်ပါကြောင်း၊ မြေပေါ်မြေအောက် သဘာဝသယံဇာတ ပစ္စည်းများကို အသုံးချနိုင်ရန် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ပါကြောင်း၊ ယင်းသဘာဝ အရင်းအမြစ်များကို လူသားတို့၏ ကာယအား၊ ဥာဏအား၊ ဝီရိယအား၊ လူ့စွမ်းအားများဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် ကြံဆ လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရန် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးသည် အရေးကြီးပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရမှသာ ပုံမှန်ဝင်ငွေ ရရှိနိုင်မည့် အခွင့်အလမ်းများ ရရှိမည် ဖြစ် ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကျောက်ဖြူ အထူးစီးပွားဇုန်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ထိုစီးပွားရေးဇုန် ပေါ်ပေါက် လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာမည်ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများလည်း လိုအပ်လာမည် ဖြစ်ပါကြောင်း၊ ထိုကျွမ်းကျင် ဝန်ထမ်းများ ဖြစ်ရန် ပညာတတ်ရမည် ဖြစ် ပါကြောင်း၊ ဒေသတွင်း ပညာတတ်များနှင့် ကျွမ်းကျင် လုပ်သားများ ပေါ်ပေါက်လာရန် စက်မှုလက်မှု သိပ္ပံကျောင်းကိုလည်း ကျောက်ဖြူ၌ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရန် အတွက်လည်း ပြည်ပ နိုင်ငံများနှင့်ပါ ချိတ်ဆက်ပြီး စနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် အထူးလိုအပ်ပြီး လျှပ်စစ် မီးရရှိရန် လိုအပ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး ရရှိရေး သာမက ဒေသတွင်း လျှပ်စစ်မီး ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဓိက အရေးကြီးဆုံး အချက်မှာ တည်ငြိမ် အေးချမ်းမှုရှိရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိရေး ပင် ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ ပစ္စုပ္ပန်နှင့် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူအားလုံးက နိုင်ငံတော် အစိုးရနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့် ပြည်သူက ရွေးချယ်သည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီ စနစ်နှင့် လိုက်လျောညီထွေမှု ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို အဆင့်လိုက် တစ်ဆင့်ချင်း အရှိန်အဟုန်ဖြင့် တိုးမြှင့် လုပ်ဆောင်ခဲ့ ပါကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရာ၌ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံသား အားလုံး ပါဝင်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအ တွက် ငြိမ်းချမ်းရေး ရရှိရန် တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးပမ်း လုပ်ဆောင်နေပါကြောင်း၊ ယခုအချိန်တွင် စားပွဲဝိုင်းတွင် ထိုင်ပြီး လက်ဆွဲ နှုတ်ဆက်နိုင်သည့် အဆင့်ထိ ရောက်ရှိနေ ပါကြောင်း၊ အပစ်အခတ် ရပ်စဲရေး၊ သဘောတူ စာချုပ်ချုပ်ဆို နိုင်ရေးကိုလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင် ငံရေး ဆွေးနွေးပွဲများကိုလည်း အချိန်ယူ ဆွေးနွေးသွားခြင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်ငန်းစဉ်(၈)ရပ်ဖြင့် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် အရင်းအနှီး၊ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ပြုပြင် ပြောင်းလဲရေးကို လည်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဖြစ်သည့်အတွက် မိမိတို့ အနေဖြင့် ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူကို ဗဟိုပြုသည့် စနစ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍများကို ကြိုးပမ်း အကောင်အထည်ဖော် လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် အစိုးရ သက်တမ်းကာလ အတွင်း ပြည်သူများအတွက် ချက်ချင်း အကျိုးရှိမည့် လုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင် သည်များကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက် ပေးသွားမည်ဖြစ် ကာ နောင်တာ ဝန်ယူမည့် အစိုးရအတွက် အခြေခံအုတ်မြစ် ကောင်းများကို ချပေးနေခြင်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဖြင့် ဆောင် ရွက်၍မရဘဲ ပြည်သူများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအား နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲပါဝင်ပူးပေါင်း ဝိုင်းဝန်း လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရမ်းဗြဲမြို့သို့ ထွက်ခွာရာ ရမ်းဗြဲမြို့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူလေးများက ကြိုဆိုကြသည်။ ထို့နောက် မြို့နယ် ရမ္မာဝတီ ခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အထောက်အကူပြု ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ အား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသည့် သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ဆွေးနွေးမှာကြားသည်။ ယင်းနောက် မြို့မိမြို့ဖ အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက ဒေသလိုအပ်ချက်များအား တင်ပြရာ နိုင်ငံတော် သမ္မတက ဆွေးနွေး ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

မြ၀တီ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာလာရာ ရခိုင်ပြည်နယ် သံတွဲလေဆိပ်သို့ ရောက်ရှိပြီး ငပလီမြို့ မဒေးတောင်ရှိ အမတသုခ အလိုတော်ပြည့် တောရကျောင်း၌ အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အရိယဝံသနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် တာစူနေ

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ်နှင့် ကမ်းလွန် ပင်လယ်ပြင်၌ လေပြင်းများ တိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း သည်။

“ဒီလို အလား သဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့”

Photo: “ဒီလို အလား သဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့”
Friday, December 26, 2014

စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသမှာ အစိုးရရဲ့ လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီက ယာမြေ သိမ်းယူမှုတွေကြောင့် ဒေသခံတွေနဲ့ ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့တွေ အကြား အခုလ ၂၂ ရက်က ပြန်လည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။

ဒေသခံတွေရဲ့ သီးနှံစိုက်ပျိုးထားဆဲ ဘိုးဘွားပိုင်ယာမြေတွေကို ကုမ္ပဏီဘက်က သံဆူးကြိုးတွေခတ်လိုက်တဲ့ အတွက် တောင်သူ တွေ ကတားမြစ်ရာမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့လို့ ဒေသခံတဦး သေနတ်ကျည်ဆန် ထိမှန် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပဋိပက္ခဖြစ်စဉ်တွေအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အနည်းကပ်စောင့်ကြည့်နေသလို မြန်မာနိုင်ငံရဲ့
အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ကွင်းဆင်း စောင့်ကြည့်မှုတွေ ပြုလုပ် နေ တာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးသာအေးကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၂၄ ရက်မှာ မျက်နှာချင်းဆိုင် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့ တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု အပါအဝင် ဒေသခံ တောင်သူတဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရှိသွားတဲ့ ပဋိပက္ခဖြစ် စဉ်နဲ့ ပတ်သက်ပြီး မိုးကြိုးပြင်ရွာကို ရောက်ရှိလာတဲ့ ဒေါ်ခင်စန်းလှိုင်ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

မေး။ ။ လက်ပံတောင်းမှာ ဖြစ်သွားတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အန်တီတို့ အနေနဲ့ ဘာတွေဆက်ဖို့ရှိလဲ။

ဖြေ။ ။ ကျမ အနေနဲ့ကတော့ ဒီကနေ့ တိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီးသွားပြီ။ သူ့ဘက်ကတော့ သံဆူးကြိုးခတ်တဲ့အထဲမှာ ပါသွားပြီး
အသိမ်းခံလိုက်ရတဲ့ လယ်တွေမှာပါသွားတဲ့ သီးနှံတွေကိုတော့ လျော်ကြေးပေးသွားမယ်လို့ ပြောပါတယ်။ မြေယာတွေ အတွက်ကို တော့ လျော်ကြေးပြန်ပေးမယ်။ အဲဒီအတွက်ကိုတော့ ဒေသခံလယ်သမားတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ပါလို့ပြောတယ်။

ကျမတို့ဘက်ကတော့ နောင်ကို ဒီလို အလားသဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့ နောက် ဒေသခံတွေကိုလည်း
ဒီလိုမျိုးပုံစံတွေနဲ့ နောင်မှာလည်း အကြမ်းဖက်တဲ့ ဒီလိုမျိုး ထိခိုက် နစ်နာတဲ့ကိစ္စမျိုးတွေကိုတော့ မဆောင်ရွက်ဖို့အတွက် ဝန်ကြီးချုပ် ကိုပြောခဲ့တယ်။

အဓိက ကတော့ ဖြစ်သွားတဲ့ ပြဿနာရဲ့ အပေါ်မှာ တိုင်းဒေသကြီးတခုလုံးရဲ့ တာဝန်အရှိဆုံး ဝန်ကြီးချုပ်တဦးအနေနဲ့ ဘယ်လို
ကိုင်တွယ် ဖြေရှင်းမလဲဆိုတာရယ် နောက်တခုက ဝန်ကြီးချုပ်တင်မဟုတ်ဘူး။ နောက် လက်ပံတောင်းတောင် စီမံကိန်း အကောင် အထည်ဖော်တဲ့ ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ အနေနဲ့ရော ဘယ်လိုဆောင်ရွက်မလဲဆိုတာ ကျမတို့က စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေတဲ့ ကာလ ၂ ပတ်အတွင်းမှာတော့ ဘယ်လိုအဖြေထွက်မလဲဆိုတာကို ကျမတို့ ကြည့်ပြီးတဲ့ နောက်မှာတော့ ကျမတို့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

မေး။ ။ လက်ပံတောင်းကိစ္စက ဖြစ်နေတာကြာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကွင်းဆင်းခဲ့သလို အစီရင်ခံစာ ထုတ်ပြန် ခဲ့တာလည်း ရှိတယ်။ ဒီအစီရင်ခံစာအပေါ်မှာ စီမံကိန်း အကောင်အထည်ဖော်တဲ့ အဖွဲ့က လိုက်နာမှုမရှိဘူးလို့လည်း သိရတယ်။ နောက်ဒီလိုပြဿနာတွေ ထပ်ဖြစ်နေမယ်ဆိုရင်ရော NLD ပါတီအနေနဲ့ ဘာဆက်လုပ်မယ့် အစီအစဉ်တွေရှိလဲ။

ဖြေ။ ။ အဓိက ကတော့လေ ကျမတို့ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြောနိုင်တဲ့ အခွင့်အရေး တခုပဲရှိတယ်။ မလုပ် ပါနဲ့ ဆိုတာမျိုး တားမြစ်နိုင်တဲ့ အနေအထားမရှိဘူး။ အဲဒီတော့ ကျမတို့က ဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူလူထု ဘက် ကို ထိခိုက်လာပြီ။ ပြည်သူလူထု နစ်နာလာပြီဆိုလို့ရှိရင်တော့ ကျမတို့ တတ်နိုင်တဲ့ အခန်းကဏ္ဍတွေ ကနေ ပြောနေရမှာ။ ဒါတွေကို မလုပ်ဖို့ရာ အတွက်ကတော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ သက်ဆိုင်ရာ နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေမှာ အဓိက တာဝန် အရှိဆုံးပါ။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေက ဘယ်လိုဆက်လက် ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိဖြစ်ပွားသွားတဲ့ ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော NLD ဗဟိုကို တင်ဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ဒါနဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ ဒီကနေပြန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း ဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံးနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို အစီရင်ခံစာ တင်မယ်။ ပြီးပြီဆိုလို့ရှိရင်တော့ ဒီဘက်က ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ နည်းလမ်းမကျဘူးဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး တရား ဥပဒေ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ရာအတွက် ဒေသခံပြည်သူ လူထုနဲ့ ကျမတို့ ပူးပေါင်းမယ်။ နောက်တခုကတော့ ဒါပြီးပြီဆိုလို့ရှိရင် တော့ ၁၂ ကြိမ်မြောက် ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီး အဆိုတရပ် အနေနဲ့ ဖြစ်ဖြစ် မေးခွန်းအနေနဲ့ဖြစ်ဖြစ် မေးမြန်းဖို့ရာအတွက် ကျမတို့မှာ အစီအစဉ် ရှိပါတယ်။ ။

ဧရာဝတီ
စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသမှာ အစိုးရရဲ့ လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီက ယာမြေ သိမ်းယူမှုတွေကြောင့် ဒေသခံတွေနဲ့ ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့တွေ အကြား အခုလ ၂၂ ရက်က ပြန်လည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန်များ တရုတ်သို့ မှောင်ခိုကူးမှု များပြားလာ

Photo: မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန်များ တရုတ်သို့ မှောင်ခိုကူးမှု များပြားလာ
Friday, December 26, 2014

မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန် တောရိုင်း ကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ မှောင်ခို လမ်းကြောင်းမှ တင်ပို့ရောင်းချမှုမှာ များပြားလာကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက် အရင်းအမြစ်များ ကူးသန်း ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့(TRAFFIC) ၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

တရုတ်နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက်ပစ္စည်းများ မှောင်ခိုဈေးကွက်တွင် မြန်မာနိုင်ငံမှ ကျားနှင့် ရှားပါးတောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အများဆုံးဖြစ်ကြောင်း၊ ထို တောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ခြေသည်း၊ လက်သည်းများ၊ ဦးခေါင်းခွံ၊ အစွယ်နှင့် သားရေ တို့ ဖြစ်ကြောင်း TRAFFIC အစီရင်ခံစာက ဆိုသည်။

TRAFFIC အစီရင်ခံစာ၌ မိုင်းလားမြို့တွင် ရှားပါး တိရစ္ဆာန် ရောင်းချသည့် ဆိုင်အရေအတွက်မှာ ၂၀၀၆ ခုနှစ်တွင် ၆ ဆိုင်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၂၁ ဆိုင်အထိ ရှိလာကြောင်း၊ မိုင်းလားဆိုင်များ အားလုံး၏ ဖောက်သည်များသည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ပါရှိသည်။

ယင်း တောရိုင်း တိရစ္ဆာန်များကို တရုတ်ကုန်သည် အများစုက လာရောက်ဝယ်ယူကြပြီး တရုတ်နိုင်ငံ အတွင်း သို့ တဆင့်ပြန်လည် ရောင်းချခြင်း၊ စားသောက်ဆိုင်များတွင် ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ခြင်း၊ တရုတ် တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုခြင်း၊ အိမ်အလှဆင်ခြင်းနှင့် အဆောင်များအဖြစ် အသုံး ပြုခြင်းများ ပြုလုပ်ကြကြောင်း ဒေသခံများနှင့် ဆိုင်ရှင်တချို့က ပြော သည်။

မိုင်းလားမြို့ ဈေးထဲတွင် ရောင်းချနေသော တောရိုင်း တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြို့ အနီးရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တင်သွင်းခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဆိုင်ရှင်များက ဧရာဝတီ ကို ပြောပြသည်။

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက တရားဝင် သားငှက် ထိန်းသိမ်းရေးအဖွဲ့များ တာဝန်ချထားခြင်း မရှိကြောင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရကသာ နိုင်ငံတော်၏ တည်ဆဲ ဥပဒေများအတိုင်း ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးတဦးက ပြောသည်။

ထို ညွှန်ကြားရေးမှူးက“နိုင်ငံတွင်းမှာ ဖြစ်နေရင် နိုင်ငံမှာ တည်နေတဲ့ ဥပဒေအရတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့တွေက ဒီဥပဒေတွေကို လိုက်နာပြီးတော့ အရေးယူ ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်”ဟု ပြော သည်။

မိုင်းလားဒေသတွင် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူမှုများ ရှိလာစေရန် “ဝ” ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ဆီသို့ တိုက်တွန်းမှုများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက ပြောသည်။

ကျားနှင့် တောရိုင်းကြောင်ကြီး မျိုးနွယ်များသည် မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသော တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် မျိုးစိတ်များ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်(CITES) နှင့် ပြည်တွင်းတွင် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ”အရ ဥပဒေ ချိုးဖောက်သူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

TRAFFIC ၏ အရှေ့တောင် အာရှဒေသ ညွှန်ကြားရေးမှူး ဒေါက်တာ Chris R. Shepherd က“မိုင်းလားနှင့် တာချီလိတ် ဒေသများတွင် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူမှုမှာ မရှိသလောက် (သို့မဟုတ်) အနည်းငယ်သာ ရှိနေခြင်းသည် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက်ပစ္စည်း မှောင်ခိုကူး သူတို့အတွက် လွယ်ကူနေပြီး တရားမဝင် ဝယ်ယူသူများသည်လည်း ဥပဒေ ချိုးဖောက်မှုများ အတွက် တားဆီး စစ်ဆေးခံရမည်ကို ကြောက်လန့်စရာမလို ဖြစ်နေသည်”ဟု ပြောကြောင်း TRAFFIC အစီရင်ခံစာတွင် ဖော်ပြထားသည်။

မှောင်ခို ရောင်းဝယ်ဖောက်ကားမှုများတွင် အများဆုံးတွေ့ရှိရသည့် တောရိုင်းမျိုးစိတ်များမှာ အင်းကျား၊ ကျားကျုတ်၊ ကျားသစ်၊ ကျား နှင့် အာရှရွှေရောင် ကြောင်မျိုးနွယ် စသည်တို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

TRAFFIC က ကိုးကားခဲ့သည့် နှစ် ၂၀ ကြာ စစ်တမ်း အချက်အလက်များပါ သုတေသန စာတမ်းတခုအရ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ၏ ကျားများနှင့် တောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဝယ်လိုအား ကောင်းလာမှုကြောင့် မှောင်ခိုရောင်းဝယ်မှုများ တိုးလာသည့် အချိန်တွင် ထိုင်းနိုင်ငံဘက်သို့ တာချီလိတ်မြို့မှတဆင့် အလားတူ မှောင်ခိုရောင်းချခြင်းများ လျော့နည်းသွားခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီ
မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန် တောရိုင်း ကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ မှောင်ခို လမ်းကြောင်းမှ တင်ပို့ရောင်းချမှုမှာ များပြားလာကြောင်း သတင်း ရရှိသည်။

ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်

Photo: ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်
Friday, December 26, 2014

ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလသမဂ္ဂက ပြောပါတယ်။

ဒါဖာမှာ ငြိမ်းချမ်းရေးမစ်ရှင်နဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခုလို အမိန့်ထုတ်လိုက်တာလို့ အေအက်ဖ်ပီ သင်းမှာရေးပါတယ်။

ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အလီဇာတာရီနဲ့ ဆူဒန်နိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး အီဝေါင်ဟယ်လင် တို့ကို ထွက်ခွာဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပြီး ကုလသမဂ္ဂကအတွင်းရေးမှူးချုပ်က ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်သလို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။

ထွက်ခွာခိုင်းတဲ့အကြောင်းအရင်းနဲ့ ထွက်ခွာရမယ့် အချိန်အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိပါဘူး။

အောက်တိုဘာ ၃၁ ရက်က စစ်ဘေးသင့်ဒေသမှာ အစိုးရတပ်ဖွဲ့တွေက အမျိုးသမီးနဲ့ မိန်းကလေး ၂၀၀ ကို အဓမ္မပြုကျင့်တာ စုံစမ်းစစ်ဆေးဖို့ ကုလရဲ့ကြိုးပမ်းမှုကြောင့် ဆူဒန်က ဒေါသထွက်ခဲ့ပါတယ်။

ဧပြီလမှာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့အကြီးအကဲကိုလည်း ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တဲ့အတွက် တိုင်းပြည်က ထွက်ခွာဖို့ ဆူဒန် အစိုးရက ပြောဆိုခဲ့ပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ - အေအက်ဖ်ပီ
ဓာတ်ပုံ - အေအက်ဖ်ပီ
ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလ သမဂ္ဂက ပြောပါတယ်။

၅၆ ပါတီရေးဆွဲသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို နှစ်ဆန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ချပြမည်

နိုင်ငံရေးပါတီ ၅၆ ပါတီ ကို ကိုယ်စားပြုရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ လာမည့်ဇန်န၀ါရီအတွင်းချပြမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

နေရာလွဲကာ ဆန္ဒထုတ်ဖော်ခြင်းကို အမှုဖွင့်ခြင်းထက် နိုင်ငံပိုင်မြေအား အလွဲသုံးစားလုပ်သည့် အမှုကို အရင်ဆုံးတရားစွဲအမှုဖွင့်သင့်ဟု ဦးကိုကိုကြီးတုံ့ပြန်

တောင်ဥက္ကလာပမြို့နယ်အ တွင်း ကစားကွင်းကိစ္စနေရာလွဲကာ ဆန္ဒ ထုတ်ဖော်ခြင်းကို အမှုဖွင့်သည်ထက် နိုင်ငံပိုင်မြေအား အလွဲသုံးစားလုပ်သည့် အမှုကို အရင်ဆုံး တရားစွဲအမှုဖွင့်သင့် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ပြောဆိုလိုက်သည်။

ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်

Photo: ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်
Friday, December 26, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံ ရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။

‘‘လေယာဉ်ပေါ်မှာ တပ်ဆင် တဲ့ ကိရိယာပေါ်မူတည်ပြီး နေရာ တော်တော်များများမှာ အသုံးပြု နိုင်ပါတယ်။ သုတေသနလုပ်ငန်း တွေအပြင် သဘာဝဘေးအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ် ငန်းတွေမှာ သုံးနိုင်သလို လုံခြုံ ရေးနဲ့ ကာကွယ်ရေးအတွက် စောင့်ကြည့်ထောက်လှမ်းတဲ့ နေရာတွေ မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသန ဌာန ဌာနမှူး ဒေါက်တာသဲမောင်မောင်က 7Day Daily သတင်းစာ အား ပြောသည်။

မောင်းသူမဲ့လေယာဉ်စီမံ ချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ လမ်းညွှန်မှုနှင့် ၂၀၀၉ တွင် စတင်၍ သုတေသနများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကိုယ်ပိုင်ဒီဇိုင်းများရေးဆွဲပြီး မောင်းသူမဲ့စနစ် ထည့်သွင်းထားသော လေယာဉ် ခုနစ်စီး တည်ဆောက် ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။အဆိုပါ မောင်းသူမဲ့လေ ယာဉ်ကို အကြိမ်ကြိမ်စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး လက်တွေ့စမ်း သပ်မှုအနေဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် 500 KV ဓာတ်အားလိုင်းပြေးဆွဲနိုင် ရန် လမ်းအူကြောင်းကို စစ်တမ်း ကောက်ပြီး တိုင်းတာရေးအတွက် မိုင် ၁၂၀ ရှည်သော လမ်းကြောင်းကို ကောင်းကင်ဓာတ်ပုံမှတ်တမ်း များရယူပြီး တိုင်းတာမှုများ ပြု လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

‘‘လေယာဉ်က လေထဲရောက်သွားရင် အလိုအလျောက်မောင်း တဲ့စနစ်ကို ဖွင့်လိုက်တယ်။ ပြီး တော့ ထိန်းချုပ်ရေးစခန်းကနေ ပဲခူးရိုးမတစ်လျှောက် ကောင်းကင် ဓာတ်ပုံတွေကို တိုင်းတာခဲ့ပါတယ်။ အဲဒါတွေကို ကိုရီးယားပညာရှင် အဖွဲ့နဲ့ ပူးပေါင်းပြီး 3D မြေပုံတွေ ပြန်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်’’ဟု ဒေါက်တာ သဲမောင်မောင်က ရှင်းပြသည်။

လေယာဉ်အရွယ်အစားမှာ ဦးပိုင်းမှ အမြီးဖျားအထိ အလျား မှာ ၂ဒသမ၁ မီတာ၊ အတောင်မှာ ၂ဒသမ၇ မီတာရှိမည် ဖြစ်သည်။ အင်ဂျင်ပါ 4HP ရှိမည်ဖြစ်ကာ အမြင့်ပေ ၁၂၀၀ တွင် အကွာအ ဝေး ၅၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး မိုင် ၁၂၀ ခရီးကို ဆယ်ကြိမ်နား ၍ ပျံသန်း တိုင်းတာနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ်ကိုယ်ထည်ကို ပေါ့ပါးခိုင်မာသည့် သစ်သားတစ် မျိုးဖြင့် တည်ဆောက်ထားပြီး အ လေးချိန် ၂ကီလိုဂရမ် (၄ ပေါင်)သယ်ဆောင်သွားနိုင်ကာ ပျံသန်း ချိန် တစ်နာရီအထိ လေထဲတွင် ပျံ သန်းနိုင်မည် ဖြစ်သည်။

MACEU 05 မောင်းသူမဲ့ လေယာဉ်ဖြင့် သစ်တောနှင့် လယ် မြေစိုက်ဧကများ တိုင်းတာခြင်း၊ မြေမျက်နှာသွင်ပြင်နှင့် မြေကွက် သစ်ဖော်ထုတ်ရေးအတွက် တိုင်း တာခြင်း၊ လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ်ငန်းများ ပြုလုပ် ခြင်း၊ သဘာဝဘေးကြုံတွေ့ရသော ဒေသများတွင် ရှာဖွေရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မောင်းသူမဲ့လေယာဉ်များ ကို အဆင့်မြှင့်တင်မှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ရုပ်ရှင် ရိုက်ကူးရေးနှင့် သတင်းထောက်လှမ်းရေးတို့တွင် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံများကိုလည်း စမ်းသပ် လျက်ရှိကြောင်း ဒေါက်တာသဲ မောင်မောင်က ပြောသည်။

7Day DAILY
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော် လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေ ကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။

တန်ဖိုးနည်း အိမ်ရာအား အငှားချထား ပေးရန် စဉ်းစားနေဟု မြို့တော်ဝန်ပြော

တန်ဖိုးနည်း အိမ်ရာ များအား မရောင်းချဘဲ အငှားချထား ပေးရန် စဉ်စားနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်က The Messenger Media  သို့ ပြောသည်။ ၀င်ငွေနည်းတဲ့ ပြည်သူတွေ အတွက် စဉ်းစားပေးနေ တာပါ။ ပြီးတော့ ကျူးကျော်တဲ့ သူတွေ ကိုလည်း အိမ်ရာတွေ ဖော်ဆောင်ပေးဖို့ စီမံ ထားတယ် ဟု မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

ဒေါ်ခင်ဝင်း အပစ်ခံရမှု အစိုးရ ဖြေရှင်းပေးရန် ပြည်တွင် ထိုင်သပိတ်ပြုလုပ်

လက်ပံတောင်းအဓိကရုဏ်းအတွင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတဲ့သူနဲ့ ဒဏ်ရာရသူတွေအတွက် နိုင်ငံတော်က တာဝန်ယူဖြေရှင်းပေးရေးဖို့ ပြည်မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆို ခဲ့ကြပါတယ်။