Friday, 19 December 2014

ပြည်တွင်းသို့ ကျပ်သိန်းလေးထောင် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သယ်လာသော အမျိုးသမီးနှစ်ဦး ဖမ်းမိ

တရုတ်လူမျိုးတစ်ဦးက အခကြေးငွေပေးကာ မြန်မာ နိုင်ငံတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ခိုင်းသည့် အမျိုး သမီး နှစ်ဦးကို လားရှိုးမူးယစ် တပ်ဖွဲ့စုက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို

Photo: မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို
Friday, December 19, 2014

စစ်ပွဲများကို အဆုံးသတ်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်နိုင်ရန်  လက်ရှိအခွင့်အလမ်းကို ဖမ်းဆုပ်ကြပါ ဟု မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခတွင် ပါဝင်တိုက်ခိုက်နေကြသော အဖွဲ့များကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က တိုက်တွန်းလိုက်သည်။

The Elders အဖွဲ့၏ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးစဉ်များအပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့
ဆီဒိုနားဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အသစ်တစ်ဖန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍  “တိုက်ခိုက်မှုတွေကို ယခုချက်ချင်းနှင့် အပြီးသတ်ရပ်စဲခြင်းက ပထမခြေလှမ်းဖြစ်ရပါမယ်။ ဘက်ပေါင်းစုံ က ဒီလိုဆန္ဒရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ခရီးစဉ်အတွင်းမှာ ကြားသိခဲ့ရပါတယ်။ ယုံကြည်အာားကိုး နိုင်လောက်တဲ့ စောင့်ကြည့်ထိန်းကျောင်းမှု စနစ်နဲ့ အခြား ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ဆောင်ချက်တွေက ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အထောက်အကူပေးပါလိမ့်မယ်” ဟု The Elders အဖွဲ့ဝင် မာတီအာတီဆာရီက ပြောသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အနေဖြင့် အရပ်သား အုပ်ချုပ်မှုအတွက် လမ်းဖွင့်ပေးကာ နိုင်ငံသားများ ပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ဆီ
အရောက်လှမ်းရန် အားထုတ်လုပ်ဆောင်မှုများ ဆက်လုပ်ရမည် ဆိုသည်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် ဥာဏ်အမြော်အမြင် ကြီးကြသည်ဟုလည်း The Elders အဖွဲ့ဝင် ဟီနာဂျီလာနီက မှတ်ချက်ပြုပြောကြားခဲ့သည်။

The Elders အဖွဲ့၏ ယခုခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်၊ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၊
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံခဲ့သည်။

ကာ/ချုပ် မင်းအောင်လှိုင်နှင့် The Elders အဖွဲ့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ဖြေရှင်းရန် ခက်ခဲသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများ အပေါ်
သိရှိနားလည်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရာတွင်လည်း Federal Union Army ဆိုသည်မှာ နိုင်ငံတကာတွင်
မရှိပါကြောင်းနှင့် သူတစ်လူငါတစ်မင်း လုပ်၍ မရသည်ကိုလည်း ရှင်းပြပါကြောင်း ၊ အပစ်အခတ်ရပ်စဲရေးအတွက် တပ်မတော်၏
ကြိုးပမ်းမှုများကိုလည်း သိရှိနားလည်ပါကြောင်း The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဂရိုဟာလမ်ဘရန့်တ်လန်းက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြခဲ့သည်။

The Elders အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်တွင် စစ်မှန်၍ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်နိုင်မည့်
အလားအလာ ကောင်းများအတွက် အားတက်ခဲ့ကြောင်း၊ နောက်နှစ် ရွေးကောက်ပွဲများအတွင်း ၎င်းတို့၏ အဓိကကျသည့် အခန်းကဏ္ဍကို
ထမ်းဆောင်နိုင်ရန်အတွက် လွတ်လပ်မှုကို ရယူကျင့်သုံးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို
ခွင့်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

The Elder အဖွဲ့သည် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ အခရာကျသည့် သူများအကြား မတူညီသော နောက်ခံအခြေအနေများ၌ နိုင်ငံတော်အဆင့် ဆွေးနွေးပြောဆိုမှုများ၏ အကျိုးကျေးဇူးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၏ အရေးပါမှုတို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယခု မြန်မာနိုင်ငံ လာရောက်လည်ပတ်သည့် The Elders ကိုယ်စားလှယ်အဖွဲ့ကို ဂရိုဟာလမ် ဘရန့်တ်လန်းက (ယခင် နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ The Elders အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ) က ဦးဆောင်ပြီး မာတီအာတီဆာရီ (ဖင်လန်နိုင်ငံ သမ္မတဟောင်း)၊ လက်ခ်ဒါ ဗရာဟီမီ (အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ်) နှင့် ဟီနာဂျီလာနီ (ပါကစ္စတန် တရားလွှတ် တော်ချုပ် ရှေ့နေနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ)တို့ ပါဝင်သည်။  ယခုခရီးစဉ်သည် ၁၅ လအတွင်း The Elders အဖွဲ့၏ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ စက်တင်ဘာနှင့် ၂၀၁၄ မတ်လတို့တွင် လာရောက်ခဲ့ဖူးသည်။

Mizzima - News in Burmese 

The Elders (ရပ်မိရပ်လူကြီးများ အဖွဲ့စည်း) ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်ညပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
The Elders (ရပ်မိရပ်လူကြီးများအဖွဲ့စည်း)၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်ညပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
စစ်ပွဲများကို အဆုံးသတ်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်နိုင်ရန်  လက်ရှိ အခွင့်အလမ်းကို ဖမ်းဆုပ်ကြပါ ဟု မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခတွင် ပါဝင်တိုက်ခိုက် နေကြသော အဖွဲ့များကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က တိုက်တွန်းလိုက်သည်။

တပ်မတော်က ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း ကာချုပ်ပြော

Photo: တပ်မတော်က ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း ကာချုပ်ပြော
Friday, December 19, 2014

ရန်ကုန်-မြန်မာနိုင်ငံတွင် ဒီမိုက ရေစီ သက်တမ်းအရ နိုင်ငံရေး လို အပ်ချက်များ၊ ခိုင်မာသည့် ဒီမို ကရေစီလမ်းကြောင်းသို့ ရောက် ရှိရန် စိန်ခေါ်မှုများရှိနေပြီး တပ်မ တော်အနေဖြင့် အပစ်အခတ်ရပ် စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးရ ရန် မှန်မှန်ကန်ကန် လုပ်ဆောင် နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ (The Elders) နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ် မတော်က တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသားအား လုံး စုစုစည်းစည်းဖြင့် ဖွံ့ဖြိုးတိုး တက်အောင် ရည်ရွယ်ကြိုးစားနေ ပြီး ဒီမိုကရေစီသက်တမ်းအရ နိုင်ငံရေးလိုအပ်ချက်များကို လွှတ် တော်တွင် ဥပဒေနှင့်အညီ တင်ပြ ဆောင်ရွက်နိုင်ကြောင်း ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က လည်း မြန်မာနိုင်ငံ၏ ခက်ခဲရှုပ် ထွေးသော စိန်ခေါ်မှုများကို နား လည်ပြီး တိုင်းရင်းသားလက်နက် ကိုင်များနှင့် တွေ့ဆုံရာတွင် ဖက် ဒရယ်ပြည်ထောင်စု တပ်မတော် နှင့်ပတ်သက်၍ ရှင်းပြခဲ့ကြောင်း ယင်းအဖွဲ့မှ နော်ဝေး၀န်ကြီးချုပ် ဟောင်း ဒေါက်တာ ဟာလမ်ဘ ရန်ထ်လန်က ပြောကြားခဲ့သည် ဟု ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြ ထားသည်။

မစ္စတာဟာလမ်ဘရန်ထ် လန်က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ နိုင်ငံတကာတွင် လည်း မရှိဘဲ သူတစ်လူ ငါတစ် မင်းလုပ်၍ မရဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ရှင်းပြခဲ့သည်ဟု အဆိုပါ ထုတ်ပြန် ချက်က ဆိုသည်။ ထို့ပြင် အပစ် အခတ်ရပ်စဲရေးအတွက် တပ်မ တော်၏ ကြိုးပမ်းမှုများကို သိနား လည်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

The Elders အဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဒီဇင်ဘာ ၁၅ ရက်က ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

UNFC နှင့် နီးစပ်သည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က ဖက်ဒရယ်ပြည်ထောင်စုတပ် မတော်(FUA) ဖွဲ့စည်းရေးကို အစဉ်တစိုက် တောင်းဆိုထား သည်။

‘‘ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မှတော့ ဖက်ဒရယ်တပ်မတော် ဆိုတာလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တောင်းဆိုနေရ ခြင်းဖြစ်ပါတယ်’’ဟု UNFC ဒုတိ ယဥက္ကဋ္ဌ (၁) နိုင်ဟံသာကဆို သည်။

တပ်မတော်ဘက်က မူလ လက်ရှိမြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင် သည့် ပြည်ထောင်စုတပ်မတော် ဖြစ်ကြောင်း အတိအလင်းပြော ကြားထားသည်။ ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA) အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့ကလည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မ တော်(FUA)သည် လက်တွေ့ မကျသောကြောင့် လက်မခံနိုင် ကြောင်း ပြောကြားထားခဲ့ပြီး သဘောထားကွဲလွဲမှုများ ရှိနေ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် FUA ကို UNFC၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဖွဲ့စည်းထားပြီး ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဘီထူးဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင်လည်း FUA ကိစ္စမှာ အဓိက အခက်အခဲဖြစ်နေခဲ့သည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးပါ့မယ်လို့ပြော ထားတာကို အတင်းလုပ်နေတော့ အဟန့်အတားဖြစ်နေတာ’’ဟု တပ်မတော်အပြင် တိုင်းရင်းသား အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့အပြင် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ် နှင့် မတွေ့ မီ ဒီဇင်ဘာ ၁၃ ရက်ကထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး များအဖွဲ့ချုပ်နှင့် တွေ့ဆုံစဉ်က မြန်မာ့နိုင်ငံရေး ရှေ့မတိုးခြင်းမှာ တပ်မတော်က နိုင်ငံရေးတွင် ကြီးစိုးနေဆဲဖြစ်ခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တပ်မတော်ကတိုင်းရင်းသား အမျိုးသမီးများအ ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ ကျူးလွန်နေခြင်းရှိနေ ကြောင်း ကိုလည်း မြန်မာအမျိုးသ မီးများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ထုတ်ဖော် ဆွေးနွေးခဲ့သည်။

သို့သော် တပ်မတော်သည် လက်ရှိ မြန်မာနိုင်ငံတွင် အားအ ကောင်းဆုံး အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုရန် လိုပြီး တပ်မတော်၏ လိုအပ်ချက်များကို အပြုသဘောဆောင်ကာ ထောက် ပြပေးရန်လည်း လိုကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က WLB ၏ တင်ပြချက်များအပေါ် ပြန် လည်တိုက်တွန်းခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့တို့ တွေ့ဆုံ မှုတွင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအပါအ၀င် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မ တော်၏ အခန်းကဏ္ဍနှင့် တိုင်း ရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းရရှိ သည်။ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာ ရောက်ခြင်းမှာ သုံးကြိမ်မြောက် ရှိပြီဖြစ်ပြီး ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ သ တင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့သည်။

7Day  DAILY 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ−မြ၀တီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ−မြ၀တီ)
ရန်ကုန်-မြန်မာနိုင်ငံတွင် ဒီမိုကရေစီ သက်တမ်းအရ နိုင်ငံရေး လိုအပ်ချက်များ၊ ခိုင်မာသည့် ဒီမိုကရေစီ လမ်းကြောင်းသို့ ရောက်ရှိရန် စိန်ခေါ်မှုများရှိနေပြီး တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန်လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု

Photo: ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု
Friday, December 19, 2014

ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

“ယူကရိန်း လွတ်မြောက်ရေး အားပေးမှု ဥပဒေ ၂၀၁၄” ကို လက်မှတ်ရေးထိုး လိုက်တဲ့ သမ္မတ အိုဘားမားက အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒမှာ အပြောင်းအလဲ တစုံတရာ မရှိပါဘူးလို့ ကြာသပတေးနေ့ မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အစီအစဉ်မရှိသေးပေမယ့် ဒီဥပဒေအရလိုအပ်ရင် အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုး လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

ဒီဥပဒေအရ ယူကရိန်းကို ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားသိမ်းပိုက်ခဲ့တာနဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ပံ့ပိုးပေးနေတာနဲ့ ပါတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဒဏ်ခတ် အရေးယူမှုတွေ ထပ်တိုးလုပ်နိုင်မှာ လည်းဖြစ်ပါတယ်။ဒါ့အပြင် သံချပ်ကာ ကား ပစ်တဲ့လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ထောက်လှန်းရေး drone တွေ အပါအဝင် လူသေစေနိုင်တဲ့ စစ်ရေးအထောက်အပံ့တွေနဲ့ တခြား စစ်ရေး အထောက်အပံ့တွေ အတွက်ပါ ဒေါ်လာသန်း ၃၅၀ ဖိုး ယူကရိန်း အစိုးရကို ထောက်ပံ့ဖို့လည်း ပါဝင်ပါတယ်။

ယူကရိန်းနဲ့ သက်ဆိုင်တဲ့ ရုရှားရဲ့လုပ်ရပ်နဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ နဲ့ သေချာ ဆွေးနွေး တိုင်ပင်ပြီး လက်ရှိ ယူကရိန်းရဲ့ အနေထားနဲ့ ကိုက်ညီအောင် သေသေချာချာ ချမှတ်ရေးဆွဲထားတာ လို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေးထိန်းသိမ်းမှု သင်တန်းပေးရန်စီစဉ်

ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်းကို သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား လေ့ကျင့် သင်ကြားပေးရန် စီစဉ်နေကြောင်းသတင်းရရှိသည်။

ဂေါက်ရောဂါနှင့် ချယ်ရီသီး

Photo: ဂေါက်ရောဂါနှင့် ချယ်ရီသီး
Friday, December 19, 2014

ခြေချောင်းအဆစ်အမြစ် နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝနည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေနဲ့ ကုသတာအပြင်ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ဂေါက်ရောဂါသက်သာအောင်လို့ ချယ်ရီသီးတွေက ကူညီပေးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ချယ်ရီသီးကို စားပေးတာပဲ ဖြစ်ဖြစ်၊ ဖျော်ရည်သောက်တာပဲဖြစ်ဖြစ် အဆစ်အမြစ် နာကျင်သက်သာဖို့ ထောက်ကူပေးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ချယ်ရီသီးကို နေ့စဉ် ၁၃ လုံးမှ အလုံး၂၀ အထိ စားပေးသင့်တယ်လို့ဆိုပါတယ်။

ချယ်ရီသီးမှာ သဘာဝဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် သွေးတွင်းယူရစ် အက်စစ်ပမာဏများတာကို လျှော့ချပေးနိုင်တယ်။ ဂေါက်ရောဂါရဲ့ လက္ခဏာတွေစပြပြီဆိုတာနဲ့ ချယ်ရီသီးစားပေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ် အပူအအေးမျှတဖို့ လိုတာကြောင့် နေ့စဉ် နေ့တိုင်း ရေများများ သောက်ပေး ရမှာပါ။

သဘာဝချယ်ရီသီး ဖျော်ရည်ကို ကိုယ်တိုင်ဖျော် သောက်နိုင် ဖို့အတွက် လတ်လတ်ဆတ်ဆတ် ချယ်ရီသီးတစ်ပေါင်၊ သဘာဝပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ရေအနည်းငယ်လိုအပ်ပြီး ဆိုဒါရည်တို့၊ သံပရိုရည်တို့ ထည့်ချင်လည်း ထည့်နိုင်ပါတယ်။

ချယ်ရီသီးတွေကို အစေ့ဖယ်ကြိတ်ခြေပြီး ပျားရည်နဲ့ ရောကာဒယ်ပြားတစ်ခုထဲမှာ ကျိုချက်ပါ။ အနှစ်ရလာပြီဆိုရင် မီးဖိုကချ၊ ဒယ်အိုးအဖုံးပိတ်ပြီး ၂ နာရီလောက် ထားရပါမယ်။ ပြီးရင်ရေအနည်းငယ်ထည့်ပြီး ပွက်လာ၊ပျစ်လာတာနဲ့ ပုလင်းထဲထည့်သိမ်းထားနိုင်ပါပြီ။ ချယ်ရီသီးအနှစ်ရည်ကို ကြက်ဥမုန့်(ပန်ကိတ်) ပေါ်မှာ သုတ်ပြီး စားနိုင်သလို ဖျော်ရည်လုပ်မယ်ဆိုရင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်နိုင်ပါတယ်။

7Day DAILY
ခြေချောင်းအဆစ်အမြစ် နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝ နည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။

အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာ မသန်စွမ်းသူများက အခွင့်အရေး အဆုံးရှုံးဆုံး

Photo: အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာ မသန်စွမ်းသူများက အခွင့်အရေး အဆုံးရှုံးဆုံး
Friday, December 19, 2014

အာဆီယံ ၁၀ နိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးရရှိမှုတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေး ရရှိမှုသည် အနိမ့်ဆုံးအဆင့်တွင်ရှိသည်ဟု အာဆီယံ မသန်စွမ်းဖိုရမ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ဒီဇင်ဘာ ၁၈ ရက်က အာဆီယံ မသန်စွမ်းဖိုရမ်အပြီးတွင် ဆီဒိုးနားဟိုတယ်၌ မီဒီယာများကို ပြောသည်။

"အာဆီယံနိုင်ငံ ၁၀ ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတောင်မတူဘူး၊ ကျွန်တော်တို့နိုင်ငံ အနေနဲ့ တော်တော်လိုက်ရမယ်။ လာအို၊ ကမ္ဘောဒီးယားတို့ ဆိုရင်လည်း မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက ကျွန်တော်တို့ထက်သာတယ်၊ မသန်စွမ်းနဲ့ပတ်သက်ပြီး ပညာရေး၊ ကျန်းမားရေး ဘယ်အပိုင်းပဲ ပြောပြော အဘက်ဘက်က အားနည်းနေသေးတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံရှိ မသန်စွမ်းသူများသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ အာဆီယံနိုင်ငံများနှင့် ယှဉ်လျင် အနိမ့်ဆုံးရောက်နေခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းအတွက်ကြောင့် ဒီဇင်ဘာ ၁၇ရက်နှင့် ၁၈ရက် နှစ်ရက်တာ ရန်ကုန်မြို့၌ ကျင်းပသည့် အာဆီယံ မသန်စွမ်းဖိုရမ်၌ အာဆီယံ မသန်စွမ်းသူများ၏ အလုပ်အကိုင်၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဖြစ်စဉ်များ၌ ပါဝင်ခွင့်၊ ပြည်သူ့ရေးရာမှုဝါဒများ၊ ပဋိပက္ခဖြစ်စဉ်အတွင်း မသန်စွမ်း ဖြစ်သွားရသူများ၏ အခွင့်အရေး၊ မသန်စွမ်း အမျိုးသမီးများ၏ အခန်းဂဏ္ဍ၊ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများအပြင် ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ စသည့် အချက်များကို အာဆီယံ ၁၀နိုင်ငံမှ မသန်စွမ်းခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။
 
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်၌ တင်သွင်းရန် ရှိနေသည်။

အာဆီယံ မသန်စွမ်းသူများဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အချက်များကို အာဆီယံထိပ်သီးအစည်းအဝေးပွဲ အပါအဝင် မသန်စွမ်းသူများနှင့် ပတ်သက်၍ မူဝါဒများချမှတ်ရာ၌ အသုံးပြုသွားမည်ဟု အာဆီယံ မသန်စွမ်းဖိုရမ်ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ပြောသည်။

အာဆီယံတွင် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီပွားရေး မဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်ကြီး (၃)ခု၌ မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင် ထားခဲ့သည် မှာမသန်စွမ်းသူတွေကို ခွဲခြားထားခြင်းဖြစ်သည်ဟု၎င်း ကဆိုသည်။

မသန်စွမ်းသူများကို ခွဲခြားမှု ဆိုရာ၌ အာဆီယံတွင်လည်း နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု မဏ္ဍိုင်ဟူသည့် မဏ္ဍိုင်သုံးရပ်တွင် မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင်သာ ထားရှိခြင်းသည် ခွဲခြားရာ ရောက်နေပြီး မသန်စွမ်းသူများအား နိုင်ငံရေး၊ စီးပွားရေးမဏ္ဍိုင်များတွင် ပါဝင်ခွင့် မရှိသည့် သဘော သက်ရောက်နေသည်။ ယင်းအချက်များကို အာဆီယံ မသန်စွမ်းဖိုရမ်၌ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ကို မဏ္ဍိုင်တိုင်းနဲ့ဆိုင်တယ်။ ထည့်စဉ်းစားဖို့လိုတယ်။ မူဝါဒ ပြဋ္ဌာန်းတိုင်းမှာလည်း ဒါကိုတောင်းဆိုမယ်"ဟု ဦးနေလင်းစိုးက ဆိုသည်။

အာဆီယံ မသန်စွမ်း ဖိုရမ်ကို မြန်မာနိုင်ငံတွင် (၄)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည်။ လာမည့် ၂၀၁၅ခုနှစ်တွင်မူ မလေးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese 

အာဆီယံ မသန်စွမ်းသူများ ဖိုရမ် မြန်မာကို ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အာဆီယံ မသန်စွမ်းသူများ ဖိုရမ် မြန်မာကို ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
အာဆီယံ ၁၀ နိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးရရှိမှုတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့် အရေး ရရှိမှုသည် အနိမ့်ဆုံးအဆင့်တွင်ရှိသည်ဟု အာဆီယံ မသန်စွမ်းဖိုရမ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ဒီဇင်ဘာ ၁၈ ရက်က အာဆီယံ မသန်စွမ်းဖိုရမ်အပြီးတွင် ဆီဒိုးနားဟိုတယ်၌ မီဒီယာ များကို ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်

Photo: အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်
Friday, December 19, 2014

မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လအတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ်လိုက်တယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ်အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့အတူ ကော်မတီဝင်တွေ သဘောတူကြတာလို့ ကော်မတီရဲ့ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ပြောပါတယ်။

“စစ်တမ်းကို နှစ်လအတွင်း ပြီးအောင်ကောက်ပါဆိုပြီးတော့ ၀န်ကြီး ဦးအေးမြင့်က ပြောသွား တယ်။ နောက်ထပ်ပြောတာက စစ်တမ်းကောက်တာ ကောက်တဲ့ အပြင် ပြည်နယ်နဲ့တိုင်းမှာ ရှိတဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်တွေကိုလည်း ပြည်နယ်နဲ့ တိုင်းဝန်ကြီးတွေ က တွေ့ဆုံပြီးတော့မှ နှုန်းထားတခု ရအောင် တောင်းပေးဖို့ပေါ့ဗျာ။ စစ်တမ်းကောက်တာလည်း အမျိုးသားကော်မတီကို တက်လာမယ်။ ပြည်နယ်နဲ့တိုင်းက တင်တဲ့ကိစ္စတွေလည်း တက်လာမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူနိုင်တဲ့ နှုန်းထားမျိုးတွေလည်း တက်လာမယ်ပေါ့။ နောက်တခုက ကုန်ဈေးနှုန်းစစ်တမ်းတွေ အဖွဲ့အသီးသီးက လုပ်ထားတာရှိတယ်။ အဲဒီ သုံးဖွဲ့ကို ကြည့်ပြီးတော့မှ ကော်မတီက အနိမ့်ဆုံးလုပ်ခလစာနှုန်းထားတခုကို စဉ်းစားမယ်ပေါ့ဗျာ။ စစ်တမ်းကောက်မယ့် ၂ လအတွင်း ဆိုတာကတော့ မနက်ဖြန် (ဒီဇင်ဘာ ၁၉) က စပြီးရေတွက်မှာပေါ့” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာအတွက် နိုင်ငံတ၀န်း မြို့နယ် ၁၀၈ မြို့နယ်မှာ စစ်တမ်းကောက်ဖို့ လွန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက ဆုံးဖြတ်ချက်ကျပြီးဖြစ်ပြီး အခု ဒီဇင်ဘာလမှာ ထုတ်ပြန်နိုင်ဖို့ လျာထားပေမယ့် ဘတ်ဂျက်နဲ့ပတ်သက်တဲ့အခက်အခဲကြောင့် စစ်တမ်းကောက်ယူနိုင်ခြင်းမရှိ ဖြစ်နေတာပါ။

ဒီကနေ့ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ဘတ်ဂျက်ပြဿ နာကို သူဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့တာကြောင့် အခြေအတင်မဆွေးနွေးဖြစ်တော့ဘဲ ပြေလည်သွားတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူရာမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရပိုင်းသာ မကဘဲ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပါဝင်ဆောင်ရွက်ကြစေဖို့ ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြတာကြောင့် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရဝန်ကြီးဌာနတွေ တွေ့ဆုံပွဲမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခသတ်မှတ်ချက် ထုတ်ပြန်ပေးမယ့်အချိန်ကို တာဝန်ရှိရှိလုပ်ဆောင်ကြဖို့ ဖိအားပေးပြောဆိုခဲ့ပါသေးတယ်။

ဒီကနေ့ ဆွေးနွေးရာမှာ အလုပ်ရှင်ကိုယ်စားလှယ် UMFCCI (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အနိမ့်ဆုံးလုပ်စာနဲ့ ပတ်သက်လို့ ဆွေးနွေးချက်ကို ဦးနော်အောင်က ခုလို ပြောပါတယ်။

“အလုပ်ရှင်ကိုယ်စားလှယ်ဘက်ကလည်း အနိမ့်ဆုံးလုပ်အားခကို အမြန်ဆုံးပေါ်ထွက်စေချင်တာပေါ့။ နိုင်ငံတကာမှာ စံနှုန်းတွေက အများကြီးရှိတယ်။ သတ်မှတ်မယ်ဆိုရင် အချက်အလက်တွေ စုံစုံလင်လင်လုပ်ဖို့ လိုတယ်လို့ ဆွေးနွေးတယ်။ ဒေါ်ခိုင်ခိုင်နွယ်ဆွေးနွေးတာ နောက်တခုက အနိမ့်ဆုံးလုပ်ခ လစာဆိုတာ No Skill ကျွမ်းကျင်မှုလည်း မလိုဘူး၊ ဘာမှ သိစရာမလိုဘူး။ အဲဒီလူတွေကို ပေးတဲ့လစာဖြစ်တယ်ပေါ့ဗျာ၊ ဘယ်လိုလည်းဆိုတော့ အနိမ့်ဆုံးတခုကို သတ်မှတ်ပြီးတော့ ကျန်တဲ့ဟာက ကျွမ်းကျင်မှုအလိုက်ပေါ့ဗျာ၊ လုပ်ငန်းကဏ္ဍအလိုက် သပ်သပ်ထပ်ဆွေးနွေးပေါ့ဗျာ။ အဲဒါကို အသားပေးပြီး ဆွေးနွေးသွားတယ်။”

အလုပ်သမားကိုယ်စားလှယ်တဦးအနေနဲ့ သူ့ဆွေးနွေးချက်ကတော့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးကို အမြန်အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တင်ပြတာကတော့ ၂၀၁၅ မှာ အစိုးရ၀န်ထမ်းတွေ လစာတိုးဖို့ရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးဖို့ရှိတယ်၊ ခံစားခွင့်တိုးဖို့ရှိတယ်။ အဲဒီဟာကြီးမထွက်လာခင် ဒါကို အမြန်ဆုံးသတ်မှတ်ဖို့တော့ လိုအပ်တယ်လို့ ဆွေးနွေးခဲ့တယ်။ ပြီးတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် စိမ်ခေါ်မှုအသစ်တရပ်လည်းဖြစ်တော့ အမျိုးသားကော်မတီမှာပါဝင်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေက ဒါကို တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ လုပ်သွားဖို့ လိုအပ်တယ်လို့ ကျနော် ဆွေးနွေးခဲ့ပါတယ်။”

စစ်တမ်း survey ကို မြို့နယ်ပေါင်း ၁၀၈ မြို့နယ်မှာ ကောက်ယူနိုင်ဖို့အတွက် မြို့နယ်အတော်များများမှာ ဖွဲ့စည်းထားရှိနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူမယ့်အဖွဲ့မှာ သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး အလုပ်သမားဝန်ကြီးဌာန၊ စာရင်းစစ်ရုံး၊ လူမှုဖူလုံရေးဌာန၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ ဦးဇော်နောင်က ရှင်းပြပါတယ်။

လက်ရှိမှာ နိုင်ငံတော်သမ္မတ ရဲ့ လစာဟာ သိန်းငါးဆယ်။ ဒုတိယသမ္မတတွေရဲ့ လစာငွေဟာ ကျပ်သိန်းလေးဆယ်ဖြစ်ပါတယ်။ ဒီနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို လစာငွေ သုံးသိန်းအစား ၁၀ သိန်းခံစားဖို့ တိုးမြှင့်ခဲ့သလို တရက်စာနေ့တွက်ခကိုတော့ ကျပ် ၂ သောင်း ရရှိခံစားဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် မြန်မာပြည်သား သန်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်နေကြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အနိမ့်ဆုံးတရက်လုပ်အားခအဖြစ် မြန်မာကျပ်ငွေ ကိုးထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ သုံးရာသတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

DVB 

လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုတွင်ရသည့် အထည်ချုပ် အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)
လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုတွင်ရသည့် အထည်ချုပ် အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လ အတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ် လိုက်တယ်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

Photo: Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး
Friday, December 19, 2014

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ၁ဝဝ×၆ဝ ပေ ပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး......နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်းဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ကြောင်း သိရသည်။ သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်က ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း လေးနှစ်ကျော်ကြာမြင့်သည့်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်အတွက် စက်တင်ဘာ ၉ ရက်တွင် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ ၄၂ဝ/၄၆၈ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အမှုဖွင့်ခံရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို နိုဝင်ဘာ ၁ဝ ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဝရမ်းထုတ်ပြီး ၁၄ ရက်အကြာတွင် ကျောက်တံတားရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကာ ယခုအကြိမ် ဖမ်းဝရမ်းထုတ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

“အာမခံပေးထားတဲ့သူက တရားရုံးက ချိန်းဆိုတဲ့ ရုံးချိန်းကို လာကိုလာရမှာပါ။ ခုမလာလို့ ဖမ်းဝရမ်းထုတ်တယ်။ ပြီးတော့ ဦးကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေတာ မှန်ကန်ရင် တရားရုံးအနေနဲ့ သူ့ကို ကျပ်သိန်း တစ်ထောင်နဲ့ အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက ဆင့်ခေါ်လိမ့်မယ်။ ပြီးရင် အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက လျော်ကြေးတောင်းပိုင်ခွင့် ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ဆိုသည်။

ယင်းအပြင် အမှုရင်ဆိုင်နေရသော ၎င်းမြေပေါ်ရှိ အဆောက်အအုံတွင် ရခိုင်ပြည်နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦး----က ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းနှစ်ခန်းကို ကျပ် သိန်း ၃၄ဝဝ ဖြင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီထံမှ ဝယ်ယူထားပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဝယ်ယူထားသူထံ အခန်းအပ်ရန် သတ်မှတ်ထားခဲ့သော်လည်း ဦးကျော်မြင့်ဘက်မှ ယင်းတိုက်ခန်းကို အခြားသူတစ်ဦးထံသို့ ရောင်းလိုက်ကြောင်း ပြောကြားခဲ့သောကြောင့် တိုက်ခန်းဝယ်ယူထားသူ ဦး---က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် လာရောက်အမှုဖွင့်ထားကြောင်း သိရသည်။

ဗိုလ်တထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း “ဒီဘက်မှာလည်း ဦးကျော်မြင့်ကို အာမခံပေးလို့မရတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာကြောင့် သူ့ကိုကျွန်တော်တို့လည်း အလိုရှိနေပါတယ်။ သူ့ကိုဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲပါပဲ။ ကျောက်တံတားရဲစခန်းဘက်ကလည်း ဖမ်းမိရင် ကျွန်တော်တို့ဘက်ကို ဆက်သွယ်မှာပါ” ဟု ဆိုသည်။

လက်ရှိတွင် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Eleven Media Group 

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အာမခံရပြီးနောက် တရားရုံးမှ ပြန်လည်ထွက်ခွာလာသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်
Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အာမခံရပြီးနောက် တရားရုံးမှ ပြန်လည်ထွက်ခွာလာသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်း ဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်း သိရသည်။

ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော

Photo: ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော
Friday, December 19, 2014

ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ရုံး ONSB နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရို NSB တို့၏ ထုတ်ပြန်ချက်များ အရ နိုင်ငံသား ၁ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် မူးယစ်ဆေးစွဲနေသူများဖြစ်ကြသည်ဟု ၎င်းကပြောသည်။ ၎င်းတို့ထဲမှ ၂၅၀,၀၀၀ ကို စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ထား ခဲ့သော်လည်း အခြားဆေးစွဲသူ တစ်သန်းခန့်သည် ဆေးကုသမှု ခံယူမှု သို့မဟုတ် ပြန်လည်ထူထောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိဟု သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သူ အချို့သည်လည်း နောက်ပိုင်းတွင် ပြန်လည်၍ ဆေးဝါး သုံးစွဲနေမြဲပင်ဖြစ်သည်။

ထိုင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများတွင် မူးယစ်ဆေးစွဲမှုများကို ငယ်ရွယ်သည့် လူငယ်ပိုင်းတွင်သာ အများဆုံး တွေ့နေရသည်ဟု ၎င်းကပြောသည်။ တရုတ် နိုင်ငံတွင်လည်း အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်များသည်ပင် မူးယစ်ဆေးစွဲ နေသည်ကို တွေ့ရှိနေရသည်။

မူးယစ်ဆေးစွဲမှုများမှ ပြုပြင်မရသူ ဦးရေ များပြားလာခြင်းကြောင့် ဆေးစွဲသူများအတွက် ကုသမှု နည်းလမ်းများကို ပြန်လည် ပြောင်းလဲရန် ပိုင်ဘွန်က ONBC နှင့် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် မူးယစ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများကိုလည်း ပြန်လည် စစ်ဆေးရန် ၎င်းက ညွှန်ကြားထားသည်။

“ခုချိန်ကစပြီးတော့ မူးယစ်မှုတွေနဲ့ တစ်နေ့ တစ်နေ့ လူတွေ ဘယ်လောက် အဖမ်းခံနေရလဲဆိုတဲ့ ထုတ်ပြန်ချက်တွေကို ကျွန်တော် အလေးထား စောင့်ကြည့်သွားပါတော့မယ်၊ အဓိကကျတဲ့ မူးယစ် ကုန်သည်တွေ တစ်နှစ်ကို ဘယ်နှစ်ဦးတောင် အဖမ်းခံနေရတယ်ဆိုတာနဲ့ အဲဒီလို ဖမ်းဆီးမှုတွေက မူးယစ်ကုန်သွယ်မှုတွေကို ဘယ်အတိုင်းအတာထိ ကျဆင်းစေမလဲဆိုတာကို ကျွန်တော် အလေးထား စောင့်ကြည့် သွားမှာပါ” ဟု ပိုင်ဘွန်ကပြောကြားသည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စောင့်ကျပ်နေသည့် ထိုင်းရဲတစ်ဦး
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စောင့်ကျပ်နေသည့် ထိုင်းရဲတစ်ဦး
ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

သတင်းသမား အဖမ်းဆီးဆုံး ၁၀ နိုင်ငံ မြန်မာပါဝင်

Photo: သတင်းသမား အဖမ်းဆီးဆုံး ၁၀ နိုင်ငံ မြန်မာပါဝင်
Friday, December 19, 2014

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် အခုထိ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ CPJ အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာထဲက သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၄ခုနှစ်ထဲမှာ သတင်းသမားတွေကို ထောင်အချဆုံး နိုင်ငံများ စာရင်းကို ပြုစုခဲ့တဲ့ CPJ က မြန်မာနိုင်ငံကို အဆင့် ၈မှာ ထည့်ထားတာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သားတပိုင်း အစိုးရအဖြစ် ပြောင်းလဲပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့ပေမဲ့ သတင်းသမားတွေကို ဖမ်းဆီးမှု ကတော့ ပြောင်းလဲ မသွားဘူးလို့ CPJ အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ -Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

" မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြန်ပြီး တိုး-လုပ်လာနေတဲ့ နိုင်ငံဖြစ်နေတာတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက စပြီး သတင်းသမားတွေကို ပြန် ဖမ်းဆီးထောင်ချမှု လုပ်လာတာဖြစ်ပြီ အခုထိ အနည်းဆုံး ၁၀ ဦးလောက် ရှိနေပါတယ်။ အဲ့ဒီသတင်းသမားတွေ အားလုံးကို အစိုးရ ဆန့်ကျင်မှုနဲ့ ထောင်ချခဲ့တာပါ။ ဇူလိုင် လတုန်းက ယူနတီဂျာနယ်က သတင်းသမား ၅ ယောက်ကို ထောင် ၁၀ နှစ် ချခဲ့တာဟာ နိုင်ငံတော် လျို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဖြစ်ပြီး ဒီဥပဒေဟာ အရင် ကိုလိုနီခေတ် ၁၉၂၃ ခုနှစ် တုန်းက ဥပဒေဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရက ဒီဥပဒေမျိုးကိုပြုပြင်ပြောင်းလဲဖို့ မကြိုးစားတာဟာ သတင်းသမားတွေ ကိုလိုတဲ့ အချိန် ထောင်ထဲ ပြန် ထည့်နိုင်အောင်လုပ်ထားတာမျိုးလို့ ကျွန်တော်တို့ မြင်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ လုပ်နေချိန်မှာ သတင်းသမားတွေဟာ ဒီမိုကရေစီလူ့ဘောင်အသိုင်းအဝိုင်းအတွက် လိုအပ်တဲ့ ကဏ္ဍတခုလို့ အာဏာပိုင်တွေဘက်က ယုံကြည်မှု မရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။

"အစိုးရက ကိုလိုနီခေတ်က ဥပဒေတွေကို ဆက်သုံးနေတာဟာ သူတို့မှာ သတင်းသမားတွေ အပေါ် ဆန့်ကျင်တဲ့ အမြင်မျိုး ရှိနေလို့ပါ။ အစိုးရဟာ သတင်းမီဒီယာတွေ အပေါ် လိုလားတဲ့ သဘော မရှိတဲ့အတွက် သတင်းသမားတွေကို အချိန်မရွေး ထောင်ထဲပြန် ဖမ်းထည့်ထားနိုင်တဲ့ ဒီဥပဒေတွေကို ပြောင်းလဲ ပစ်ဖို့မကြိုးစားသလို သတင်းမီဒီယာဆိုတာဟာ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း အတွက် လိုအပ်တဲ့ ကဏ္ဍ တရပ်လို့ ယုံကြည်သတ်မှတ်ထားတာမျိုးလည်းမတွေ့ရပါဘူး။"

 စက်တင်ဘာလထဲမှာ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီး ဟာ မြန်မာစစ်တပ်က ဖမ်းဆီးထားစဉ်မှာပဲ အသတ်ခံ ခဲ့ရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ တာမို့ လက်ရှိအစိုးရရဲ့ သတင်းမီဒီယာအပေါ်မှာ ထားတဲ့ အမြင်ကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာမျိုး လုပ်နေတာဟာ လက်ခံနိုင်စရာ မရှိဘူးပဲ ဒါဟာ အရင်အပြောင်းအလဲ မလုပ်ခင် အချိန်မျိုးကို ပြန်ပြီးသွားနေ တာလို့လည်း ပြောပါတယ်။

"မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ထောင်ချမှုမှာ အဆိုးဆုံး အဖြစ်ကျော်ကြားခဲ့တာပါ။ အခု အရင် အတိုင်း ပြန်သွားနေတာတွေ့ရပါတယ်။ ဒီမိုကရေစီရေး အပြောင်းအလဲတွေ မလုပ်ခင်အချိန်တုန်းကလိုပဲ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာမို့ သတင်းသမားတွေအပေါ်မှာ အစိုးရရဲ့ သဘောထားနဲ့ လုပ်ဆောင်မှုတွေ ပြောင်းလာပြီ လို့တော့ ပြောလို့ မရသေးပါဘူး။"

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး လုပ်ခဲ့တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ထိပ်တန်းဆယ်နိုင်ငံထဲမှာ အီရန်၊ အီရစ်ထရီယက်စ်၊ အီသီယိုပီးယား၊ အီဂျစ်၊ ဆီးရီးယားနဲ့ တူရကီနိုင်ငံတွေအပြင် အာရှတိုက်က ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ပါ ပါဝင်နေတာဖြစ်ပါတယ်။

VOA

မြန်မာသတင်းထောက်များ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ။ (ဇန်နဝါရီ ၇၊ ၂၀၁၄)
မြန်မာသတင်းထောက်များ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ။ (ဇန်နဝါရီ ၇၊ ၂၀၁၄) 
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် အခုထိ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက် ပါတယ်။ CPJ အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာထဲက သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ

Photo: တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ
Friday, December 19, 2014

ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။

ဒေသမှ ကမ်းခြေစောင့် တပ်ဖွဲ့များသည် အဆိုပါ ရေယာဉ်များပေါ်ရှိ အမှုထမ်း ၂၅၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု  အဆိုပါဒေသ မှ ရေတပ်ဗိုလ်ချုပ်ကြီး အာရှ်မက် အော်စမန် ကပြောကြားသည်။ ယခုကိစ္စသည် ဆိုမာလီလန် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ အကြီးမားဆုံး ဖမ်းဆီးမှုပင်ဖြစ်သည်။ ယင်း၏ ကမ်းရိုးတန်းပြင်ပတွင် တရားမ၀င်ငါးဖမ်းမှုများနှင့် ပင်လယ်ဓားပြတိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံ များက အဆိုပါ ဒေသ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကို လေ့ကျင့်မှုများပြုလုပ်ပေးထားသည်။

တရားမ၀င် ငါးဖမ်းမှုများသည်  ဆိုမာလီကမ်းရိုးတန်းတစ်လျောက်ရှိ ရေထွက် သယံဇာတများကို လျော့နည်းစေပြီး ပြည်ပမှ လှေ၊ သင်္ဘောများ၏ တရားမ၀င် ၀င်ရောက်ငါးဖမ်းမှုများကြောင့် ဒေသတွင်နေထိုင်သူ လူပေါင်းများစွာ၏ စားဝတ်နေရေးကို ထိခိုက်စေခဲ့သည်။ ယင်းတို့ထဲမှ အချို့သည် နောက်ပိုင်းတွင် ပင်လယ်ဓားပြများဖြစ်လာကြပြီးနောက် သင်္ဘောများကို တိုက်ခိုက်လုယက်ခဲ့ကြသည်။

အဆိုပါ ဒေသတွင် နိုင်ငံပေါင်းစုံပါဝင်သော ရေတပ်တစ်ခု တပ်ချထားခဲ့ပြီးနောက်ပိုင်း ပင်လယ်ဓားပြတိုက်မှုများမှာ လည်း လျော့နည်းလာ ခဲ့သည်။ ပြီးခဲ့သည့်လက အီးယူ ရေတပ် သည် ဆိုမာလီလန်း ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးမှုများနှင့် လေ့ကျင့်မှုများ ပြု လုပ်ခဲ့သည်။

ဆိုမာလီလန်းဒေသသည် ၁၉၉၁ ခုနှစ်က ဆိုမာလီယာ နိုင်ငံထံမှ လွတ်လပ်ရေးကို တစ်ဘက်သက် ကြေညာခဲ့သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ယင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားသည်။

Ref: BBC

ဆိုမာလီလန်း ကမ်းခြေစောင့် တပ်ဖွဲ့မှ တပ်သားများ
ဆိုမာလီလန်း ကမ်းခြေစောင့် တပ်ဖွဲ့မှ တပ်သားများ
ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

Photo: အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသ ယာဉ်ကို အောင်မြင်စွာ လွှတ်တင်
Thursday, December 18, 2014

အိန္ဒိယနိုင်ငံသည် အာကာသ ယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာ မလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

၆၃၀ တန်ရှိ အဆိုပါ GSLV MK III ဂြိုဟ်တုလွှတ်တင်ယာဉ်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ပိုင်းပြည်နယ် အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဆရီဟာရီကိုတာ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒုံးပျံသစ်သည် ပိုမိုလေးလံသော ဂြိုလ်တုများကို အာကာသ ထဲသို့ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။

အိန္ဒိယသည် ပြီးခဲ့သည့်နှစ်များက ပေါ့ပါးသော ဂြိုလ်တုများကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ဂြိုလ်တု တွင် ပါရှိသော ပိုမိုလေးလံ သည့် ပစ္စည်းကိရိယာများကို သယ်ယူရာတွင် အခက်အခဲများရှိခဲ့သည်။ယခု ဒုံးပျံသစ်သည် ကီလိုဂရမ် ၄,၀၀၀ ရှိ ဆက်သွယ်ရေး ဂြိုလ်တုများ ကို သယ်ဆောင်နိုင်မည်ဖြစ်သည်ဟု သတင်းများကဖော်ပြသည်။

“GSLV MK III ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်မှုဟာ ကျွန်တော်တို့ သိပံ္မ ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ဒုံးပျံ လွှတ်တင်ပြီးနောက် အိန္ဒိယ ၀န်ကြီးချုပ်နာရင်ဒရာမိုဒီက တွစ်တာမှတဆင့် ချီးကျူးပြောကြားသွားသည်။ အိန္ဒိယ အာကာသ နှင့် သုသေတန အဖွဲ့အစည်း Isro ၏ ဥက္ကဌ ကေ ရက်ဟာခရစ်နန်ကလည်း ယခု ဒုံးပျံသစ် လွှတ်တင်နိုင်မှုသည် နိုင်ငံ၏ အာကာသ သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်သည်ဟု ပြောကြားသွားသည်။

ယခု ဒုံးပျံတွင် အာကာသယာဉ်မှူး နှစ်ဦး သို့မဟုတ် သုံးဦး ကို အာကာသတွင်းသို့ သယ်ဆောင်သွားနိုင်မည့် အိန္ဒိယနိုင်ငံလုပ် အာကာသ ယာဉ် တစ်ခု လည်း ပါဝင်သည်။ အဆိုပါ အာကာသာယာဉ် သည် အက်ဒမန် ပင်လယ်ပြင် အပြင်ဘက်ရှိ ဘင်္ဂလား ပင်လယ်အော် တွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့သည်ဟု Isro က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိသော အာကာသ ဈေးကွက်တွင် အဓိက ပါဝင်နေပြီး ဒုံးပျံ လွှတ်တင်မှုများစွာ ပြုလုပ်ထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလက မားစ်ဂြိုလ် ပတ်လမ်းကြောင်းတွင်းသို့ ဂြိုဟ်တုတစ်ခုကို အောင်မြင်စွာ လွှတ်တင်ထားနိုင်ခဲ့သည်။

Ref: BBC
အိန္ဒိယနိုင်ငံသည် အာကာသယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာမလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

Thursday, 18 December 2014

နိုင်ငံရေးအင်အားစုများ ပြည်တွင်းပြန်ဝင်ရေး မူဝါဒများ ချမှတ်ရန် တောင်းဆို


စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစိုးရက အကောင် ထည်ဖော်ချင်တယ်ဆိုရင် ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ရေးအတွက် တိကျတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အစိုးရက ပြည်ပရောက်နိုင်ငံရေး အင်အားစုတွေအတွက် ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်မှုတွေ မရှိတဲ့အတွက် ပြည်တွင်းကို ပြန်လည် ၀င်ရောက်နေသူတွေအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့တို့ ဒီဇင်ဘာ ၁၈ ရက်က ပူးပေါင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး Golf ကွင်းမှာလည်း ရိုးသားစွာကစားနိုင်ပါစေ KIA

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်ရှိ KIA နယ်မြေဖြစ်သော မိုင်ဂျာယန်ဒေသ၌ ဂေါက်ကွင်းသစ် တစ်ခုအား KIA ခေါင်းဆောင်များက ဖွင့်လှစ်ပေးခဲ့သည်ဟူသော သတင်းတစ်ခုကြားလိုက်ရသည်။ မြန်မာနိုင်ငံရှိ Golf လောကသားများအတွက် ၀မ်းသာစရာသတင်းတစ်ခုဖြစ်ပေသည်။ ယခုလို တိုင်းရင်းသားဒေသများတွင် Golf ကွင်းများ ဖွင့်လှစ်လာသည်မှာ မြန်မာ့ Golf လောက တိုးတက်လာသည့်အရိပ်အယောင်ပင်ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင်လူတို့သတ်မှတ်ထားသောအားကစားနည်းအမျိုးမျိုးရှိကြပေသည်။ အားကစားနည်းအမျိုးပေါင်းမြောက်များ စွာတို့တွင် ကာယစိုက်ထုတ်ရသောကစားနည်း၊ ညာဏစိုက်ထုတ်ရသောကစားနည်းတို့အပြင် ကာယနှင့် ဥာဏပါ ပေါင်းစပ်၍ ကစားရသောကစားနည်းများလည်းရှိကြသည်။ ထိုကစားနည်းပေါင်းမြောက်များစွာထဲတွင်မှ ထူးခြားသော ကစားနည်းတစ်ခုမှာ Golf ကစားနည်းပင်ဖြစ်ပေသည်။ 

ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ

Photo: ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ
Thursday, December 18, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေးပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ 

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''ဗိုလ်ချုပ်မွေးနေ့ကတော့ လုပ် သင့်ပါတယ်။ ကျန်တဲ့နေ့တွေပေါ့ဗျာ။ အဲဒီလိုရက်တွေ ဆက်လုပ်နေမယ်ဆို ရင်တော့ မဲဆွယ်တဲ့ဘက်ကိုရောက်သွားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို တာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့သူပါ။ အဲဒီလိုပဲ ဗိုလ်ချုပ်မွေးနေ့ကိုအကြောင်းပြ ပြီး မဲယူမယ့် ကိစ္စကတော့ မဖြစ်သင့်ပါဘူး''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဖေဖော်ဝါရီ ၁၃ရက်တွင်ကျ ရောက်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အလားတူ လက်ရှိအချိန်တွင် စာပေဟောပြောပွဲများ၊ တီးဝိုင်းများနှင့် အနုပညာ သမားများဖိတ်ခေါ်၍ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ် (၁ဝဝ)ပြည့်ကတော့ ကျင်းပသင့်ပါတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌက သူ့ဖခင် အနေနဲ့ကျင်းပရင်တော့ ပုဂ္ဂိုလ်ရေးပိုဆန်သွားနိုင်ပါတယ်။ ပါတီအနေနဲ့ လှုပ် ရှားရင် သူ့အပိုင်းနဲ့သူပေါ့''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၁၄ရက် တွင်ကျင်းပပြီးစီးခဲ့သော စတုတ္ထအကြိမ် ဗဟိုညီလာခံအစည်းအဝေးထုတ် ပြန်ချက်တွင် ''၂ဝ၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ်ပြဋ္ဌာန်းကြောင်း ဆုံးဖြတ် သည်''ဟု ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးဝင်း မြင့်က ''ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားလုပ်တာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက်လုပ်တာ။ အဲဒီလိုလုပ်တဲ့အခါ ဗိုလ်ချုပ် ရဲ့လမ်းညွှန်ချက်တွေ၊ ဗိုလ်ချုပ်ရဲ့မူဝါဒတွေ၊ ဘယ်လိုနိုင်ငံတော်တည်ဆောက် ချင်တယ်ဆိုတာတွေ၊ ဘယ်လိုဖြစ်စေချင်တဲ့တပ်မတော် အဲဒါတွေက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေမှာပါပြီးဖြစ်ပါတယ်။ အဲဒါတွေကို နောင်လူငယ်တွေသိရှိစေဖို့ တရားဝင်နည်းအမျိုးမျိုးနဲ့ ဖော်ထုတ်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးဖို့ဆိုတာ ပြောလို့မရပါဘူး။ မဲဆွယ်ဖို့ဆိုတာ ရွေးကောက်ပွဲကာလကြေညာပြီးမှ ပြုလုပ် ရတာပါ''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို အပြတ်အသတ်လူထုတောက်ခံမှုရရှိထားသောပါတီဖြစ် သည့်နည်းတူ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အာဏာရပါတီ ကို ထပ်မံအနိုင်ရရှိသောပါတီလည်းဖြစ်သည်။

Yangon Media Group
ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေး ပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ 

လားရှိုးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှု နောက်ကွယ် မှ စေခိုင်းသူကို ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သော လားရှိုးမြို့ မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်ခဲ့သူများနှင့် နောက်ကွယ်မှ စေခိုင်း သူကို ဖမ်းမိခဲ့ကြောင်း လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု တအာင်း တပ်မတော် ပြောဆို

Photo: ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု 
တအာင်း တပ်မတော် ပြောဆို
Thursday, December 18, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ငြိမ်သက်လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ဖြစ် သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်မြို့များတွင် ဒီဇင်ဘာ ၁ဝ ရက် နှင့် ၁၃ ရက်က မြန်မာအ စိုးရ တပ်မတော်နှင့် TNLA တပ်မတော်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင် ဘာ ၁၅ ရက်၌ မန်တုံနှင့် တာမိုးညဲမြို့တို့တွင် ထပ်မံဖြစ်ပွားခဲ့ကြပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ ငြိမ်သက်နေကြောင်း သိရသည်။

''ကျွန်တော်တို့ဘက်ကတော့ အထိနာ တာမရှိဘူး။ အစိုးရဘက်ကတော့ အထိနာ တယ်လို့ သိရတယ်။ ဒီဇင်ဘာ ၁ဝ ရက်နဲ့ ၁၃ ရက်တွေကတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြ တယ်။ ဒီနေ့တော့ ပုံမှန်အတိုင်းပဲ ငြိမ်သက် နေတယ်။ ဘယ်အချိန် ထပ်ဖြစ်မလဲဆိုတာကို တော့ မပြောတတ်သေးဘူး။ အချိန်မရွေး ပြန် ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ ရှိနေတယ်'' ဟု TNLA တပ်မတော်မှ သတင်းနှင့် ပြန်ကြား ရေးဌာနမှူး ဦးမိုင်အိုက်ကျော်က ပြောသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဒီဇင်ဘာ ၁ဝ ရက်က ကွမ်းလုံ မြို့နယ် အနောက်မြောက်ဘက် ၁ဝ မိုင်အကွာ ရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသ၊ မုံးစီ၊ မုံးပေါ်လေး ဒေသအတွင်းတွင် တာဝန်ထမ်းဆောင်နေ သော တပ်မတော်စခန်းနှင့် စစ်ကြောင်းများ ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ လက်နက် ကြီးသုံးပြီး အင်အားအလုံးအရင်းဖြင့် အလစ် အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းဘက်မှ တပ်မတော်သား ခုနစ်ဦး ကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြ ထားသည်။
မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ထုတ်ပြန်ထားသော်လည်း အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တာမိုးညဲ မြို့နယ်၌ ဖြစ်ပွားခဲ့သာ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၁၂ ဦးကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သလို မန်တုံမြို့နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲမှာတော့ အစိုးရတပ်မတော် ဘက်မှ ကိုးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့ရာ TNLA တပ်မတော်ဘက်မှ တစ်စုံတစ် ဦးမှ ထိခိုက်မှုမရှိခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးဆွေးနွေးပွဲအား ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းနေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို အစိုးရဘက်မှ ဖွဲ့စည်းထားသော ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီကလည်း ခရစ္စမတ်ရက်မတိုင်မီ ဆွေးနွေး ပွဲ စတင်နိုင်ရန်အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းမှုများ ပြုထား ကြောင်း သိရသည်။

Yangon Media Group
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည် ငြိမ်သက် လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။

ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများ လူ့အခွင့်အရေးဆုံးရှုံးနေဟုဆို

ကချင်ပြည်နယ်အတွင်း လူ့ အခွင့်အရေးချိုးဖောက်ခံရသည့် အရေအတွက်တွင် လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်စားသောက် နေသော ရှမ်းမျိုးနွယ်စုအများဆုံး ဖြစ်သည်ဟု ယခုလ ၁၁ ရက်တွင် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောသည်။ရှမ်းမျိုးနွယ်စုများသည် ၄င်း တို့ အသက်မွေး ဝမ်းကျောင်းပြုနေသည့် အခင်း၊ စိုက်ခင်း၊ လယ်ယာ မြေများအပေါ် KIA တို့က ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စု ဆောင်းခြင်း၊ အလိုမတူဘဲသား မယားပြုကျင့်ခြင်း၊ မူးယစ်ဆေးဝါး ကိုအကြောင်းပြ၍ ဖမ်းဆီးနှိပ်စက် ခြင်းများကို နှစ်ပေါင်း ၅ဝ ကျော် ပြုလုပ်လာခဲ့သည့်အပြင် ရွာများ ရွှေ့ပြောင်းပေးရခြင်း၊ စိုက်ပျိုးမြေများကို မတရားသိမ်းဆည်း၍ ဒုက္ခ သည်စခန်းများဖွင့်လှစ်လာခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန် မြေရှားပါး လာကြောင်း၊ လယ်ယာမြေကို မှီခို သူများအနေဖြင့် ၄င်းတို့ရဲ့မျိုးဆက် များအားလုံးတို့ လူ့အခွင့်အရေး ဆုံး ရှုံးမှုအများဆုံးဖြစ်ကြောင်း ၄င်းက ပြောသည်။

သင့်တော်မှန်ကန်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ ဝမ်းသွားမှု အနေအထား

Photo: သင့်တော်မှန်ကန်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ ဝမ်းသွားမှု 
အနေအထား
Thursday, December 18, 2014

ဝမ်းသွားတဲ့အခါ မိမိထိုင်တဲ့ အနေအထား အမှားအယွင်းများ ရှိနိုင်မလားဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ပုံစံမကျ အညစ်အကြေးစွန့်နေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ကျွမ်းကျင်ပညာရှင် များစွာက ထောက်ပြခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းထားပုံကိုက ဆောင့်ကြောင့်ထိုင်ဖို့ လုပ်ထားတာပါ၊ ထိုင်ဖို့မဟုတ်ဘူးလို့ Standford တက္ကသိုလ် Pelvic Floor Clinic မှ သိပ္ပံပညာရှင်တွေက ရှင်းပြချက်ပေးထားပါတယ်။

အိမ်သာရေချိုးခန်းဆိုင်ရာ အနေအထိုင်အလေ့အကျင့်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဘာကြောင့် ဒီဖော်ပြချက်မှာ သဘာဝကျ နေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ နည်းလမ်းမမှန်ကန်တဲ့ ကျင်ကြီးစွန့်ခြင်းဟာ အူအတက်ရောင်ခြင်း၊ အူမကြီးကင်ဆာ၊ အူကျရောဂါ နဲ့ စအိုဝယောင်ခြင်းတွေ ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ တခြားကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုတွေကတော့ မမှန်ကန်တဲ့ ဝမ်းသွားမှုပုံစံနဲ့ ပတ်သက်ဆက်နွယ်မှု ရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လူ ၂၈ ယောက်ပါဝင်တဲ့ လေ့လာမှုတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ ထိုစမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေဟာ နိမ့်တဲ့အိမ်သာပေါ်ထိုင်ခြင်း၊ အိမ်သာအမြင့်ပေါ်ထိုင်ခြင်းနဲ့ ဆောင့်ကြောင့်ထိုင်ခြင်းစသည်တို့ဖြင့် အနေအထားသုံးမျိုးနဲ့ ဝမ်းသွားစေခဲ့ပါတယ်။ ဆောင့်ကြောင့်ထိုင်ဝမ်းသွားခဲ့ကြသူတွေအတွက် ပိုမိုလွယ်ကူစေခဲ့ပြီး အချိန် ၁ မိနစ် လျော့နည်းသက်သာစေခဲ့ကြောင်း သိပ္ပံပညာရှင်တွေက သဘောတူထောက်ခံခဲ့ကြပါတယ်။

ကျွန်ုပ်တို့မတ်တပ်ရပ်တဲ့အချိန်မှာ အူမကြီး(အညစ်အကြေးတည်ရှိရာ) puborectalis muscle လို့ခေါ်တဲ့ စအိုဝကြွက်သား ဆွဲကျုံ့စေပြီး အိမ်သာရောက်တဲ့ထိ ထိန်းချုပ်ပေးပါတယ်။ ထိုင်နေတဲ့အခါ ကြွက်သားကို တစ်စိတ်တစ်ဒေသသာ ဖြေလျော့ပေးပါတယ်။ ဆောင့်ကြောင့်ထိုင်မှသာ စအိုဝကို အပြည့်ဖွင့်ပေးတာပါ။ အထူးသဖြင့် အူမကြီးကို ဆန့်ထုတ်ပေးပါတယ်။ အဲဒီတော့ အပြန်အလှန်အကျိုးဆက်အနေနဲ့ အညစ်အကြေးစွန့်ထုတ်ခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်စေပြန်ပါတယ်။

ဆောင့်ကြောင့်ထိုင်ခြင်းနဲ့ ၎င်းရဲ့ကောင်းကျိုးတွေကတော့ အညစ်အကြေးစွန့်ထုတ်ရာမှာ ပိုမိုလွယ်ကူ မြန်ဆန်ခြင်း၊ အူမကြီးကင်ဆာ အန္တရာယ်မြင့်မားလာစေတဲ့ အညစ်အကြေးတံ့နေခြင်းကို ကာကွယ်ပေးခြင်း၊ အူသိမ်ဆီသို့ အညစ်အကြေးတွေ ဝင်ရောက်ခြင်း၊ အဆိပ်အတောက်တွေဖြစ်ခြင်းမှ ထိန်းသိမ်းပေးခြင်း၊အဖိုသုတ်ရည်ဂလင်း ကျန်းမာသန်စွမ်းခြင်း၊ ဆီးအိမ်ထိန်းချုပ်ပေးခြင်း ၊ လိင်မှုကိစ္စတွေအတွက် အရေးပါတဲ့ တင်ပဆုံနဲ့ အာရုံကြောတွေကို ကာကွယ်ပေးခြင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအား သဘာဝမီးဖွားလို့ရစေခြင်းတို့ပဲ ဖြစ်ပါတယ်။

Trend Myanmar
ဝမ်းသွားတဲ့အခါ မိမိထိုင်တဲ့ အနေအထား အမှားအယွင်းများ ရှိနိုင်မလားဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ပုံစံမကျ အညစ်အကြေးစွန့်နေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ကျွမ်း ကျင်ပညာရှင်များစွာက ထောက်ပြခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းထားပုံကိုက ဆောင့်ကြောင့်ထိုင်ဖို့ လုပ်ထားတာပါ၊ ထိုင်ဖို့မဟုတ်ဘူးလို့ Standford တက္ကသိုလ် Pelvic Floor Clinic မှ သိပ္ပံပညာရှင်တွေက ရှင်းပြချက်ပေးထားပါတယ်။