မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Friday, 31 October 2014
အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လက်ရှိအစိုးရလက်ထက် တွင် ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် မြန်မာ့ နိုင်ငံရေး ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတအိမ်တော်တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြု လုပ် တော့ မည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ကမ္ဘာ့သားရဲတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံတွင် တရားဝင်ရုံးခွဲဖွင့်မည်
ကမ္ဘာတွင် အထင်ကရ ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ် သော ကမ္ဘာ့သားရဲ တိရစ္ဆာန်များရန်ပုံငွေ(WWF)အဖွဲ့သည် မြန်မာနိုင်ငံ၌တရားဝင်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်ဟု သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဒေသအချို့တွင် မိုးတိမ်တောင် အန္တရာယ်ရှိနေ
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ် နေပြီး လေထု မငြိမ်မသက်ဖြစ်မှုကြောင့် နိုဝင်ဘာအတွင်း မြန်မာ နိုင်ငံဒေသအချို့တွင် မိုးတိမ် တောင်အန္တရာယ်ရှိနေ ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။
ဆက်လက်ဖတ်ရှုပါရန် »
Thursday, 30 October 2014
ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ အောင်ဘာလီ ကျေးရွာအနီး တပ်စွဲထားသော KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၆ ကို ဖယ်ရှားပေးရန် အစိုးရတပ်ဖက်က နုတ်ဖြင့်အကြောင်းကြား သည့် ကိစ္စမှာ ကောလာဟလသာ ဖြစ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
တရုတ်တွင် တောင်ပြို၊ သတ္တုတူးဖော်ရေးလုပ်သားများ ပျောက်ဆုံးနေ
Chinaတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တု ထူးဖော်ရေး လုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး
ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက် လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။
ဆက်လက်ဖတ်ရှုပါရန် »
အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်
လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ များကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖီဖာဘလွန်းဒီအောဆု ရော်နယ်ဒို ရေပန်းစား
ပြီးခဲ့သည့်နှစ်က ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သော ရော်နယ်ဒိုမှာ ယခုနှစ် တွင်လည်း ယင်းဆုအတွက် ရေ ပန်းအစားဆုံးဖြစ်နေပြီး ဘာစီလို နာမှ လီယွန်နယ်မက်ဆီမှာ ဒုတိယလိုက်နေသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၀၂၀ အထိ အမြင့်ဆုံးတက်လာ
ငွေလဲလှယ်နေသူ အချို့အား တွေ့ရစဉ်
အောက်တိုဘာ ၂၉ ရက် ပြင်ပ နိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုး ကျပ် ၁ဝ၂ဝ ဝန်းကျင်အထိ အမြင့်ဆုံး စံချိန်တင်မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြား ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာ့လက်ရွေးစင် အမျိုးသမီးနည်းပြ ကူမာဒါနှင့် ဘောလုံး အဖွဲ့ချုပ် လမ်းခွဲ
မြန်မာ့လက်ရွေးစင် အမျိုးသမီး နည်းပြချုပ် ကူမာဒါ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်တို့နှစ်ဦး နှစ်ဖက် သဘောတူ ညီမှုဖြင့် လမ်းခွဲခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရွေးကောက်ပွဲစနစ်ကို လူထုဆန္ဒအတိုင်း ရွေးချယ်ရန် တပ်မတော်သားအမတ်များပြော
နိုင်ငံ၏ ပကတိအခြေ အနေနှင့် အနာဂတ်အတွက် ရေ ရှည်အကျိုးရှိမည့် ရွေးကောက်ပွဲ စနစ်ကို ပြည်သူ လူထုအား ရှင်းလင်းပြ၍ လူထုဆန္ဒအတိုင်း ရွေးချယ်အ သုံးပြုသင့်သည်ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုဝင်ဘာလဆန်းမှာ Good Night ချစ်သူဒီဗီဒီထွက်မယ့် ရတနာမိုင်
တတိယတစ်ကိုယ်တော်စီးရီး၏ ဒီဗီဒီကို နိုဝင်ဘာလဆန်းအတွင်း၌ ဖြန့်ချိပေးမည်ဖြစ်ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် Good Nightချစ်သူ သီချင်းကို စီးရီးခေါင်းစဉ်ပြောင်းပြီး ဖြန့်ချိမည်ဟု ရတနာမိုင်က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
စိတ်ပူပန်ခြင်းပြေပျောက်စေရန် ရိုးရှင်းသောနည်းလမ်းများ
ကျွန်ုပ်တို့အားလုံး စိတ်ပူပန်မှုကို တစ်ချိန်မဟုတ် တစ်ချိန် ခံစားကြရသည်။ အလုပ်တွင်ဖြစ်စေ၊ အိမ်တွင် ဖြစ်စေ အချို့အခြေအနေများကြောင့် စိတ်ပူပန်သောကရောက်ရခြင်းများ ဖြစ်ပေါ်လာပြီး ရုတ်တရက်လည်း ပျောက်မသွားတတ်ပေ။ သို့သော် ယင်း ပူပန်သောကများ သင့်ဘ၀ကို လွှမ်းမိုးမသွားပါစေနှင့်။ အောက်ပါ ရိုးရှင်းသော နည်းလမ်းများဖြင့် ကိုင်တွယ်နိုင်ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
တောင်ဒဂုံရှိ လယ်မြေပေါ်တွင် ယာဉ်ရပ်နားဝင်း တည်ဆောက်မှု လယ်သမားများကန့်ကွက်၍ ရပ်ဆိုင်းထား
ရန်ကုန်မြို့ တောင်ဒဂုံ မြို့နယ်ရှိ လယ်သမားများပိုင် ၁၅ ဧကအကျယ်ရှိ မြေကွက်ပေါ် တွင် မြို့နယ်စည်ပင် သာယာ က ကားရပ်နားဝင်းဆောက်လုပ်နေ ခြင်းကို လယ်သမားများလက်မခံရာမှ မြို့နယ်စည်ပင် ဝန်ထမ်း များ နှင့် လယ်သမားထိပ်တိုက်တွေ့ဆုံ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။
ဆက်လက်ဖတ်ရှုပါရန် »
သမ္မတ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့မည်
နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
နိုင်ငံတော်သမ္မတဦး သိန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် အောက်တိုဘာ ၃၁ ရက် တွင် နိုင်ငံတော် သမ္မတရုံး၌ တွေ့ဆုံမည်ဖြစ် ကြောင်းသတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
Wednesday, 29 October 2014
မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူပြော
မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှု ရေးကွန်ရက် အင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင် ဦးဝီရသူ က ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဖော်ဆောင်မှုရှိနေသော်လည်း စပါးဈေး ဆက်လက်ကျဆင်းနေ
ရိပ်သိမ်းပြီးစပါးများ ခြွေလှေ့နေသည်ကို နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)
သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျဆင်းနေဆဲဖြစ်ကြောင်း လယ်သမားများက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်လျက်ရှိပြီး ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁,၀၁၂ ကျပ်အထိ ရောက်ရှိ
ပြည်တွင်းကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၂၇ ရက်၌ ၁çဝ၀၃ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ၁,ဝ၀၇ ကျပ်အထိ မြင့်တက်လာသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဘာကြောင့် အစိုးရ၀န်ထမ်းအလုပ် ရေပန်းမစားတော့တာလဲ
ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံ့အရေး၊ ပြည်သူဝန်ဆောင်မှုအရေးတို့ကို စီမံခန့်ခွဲ ရသည့် ရာထူးများ၌ မျိုးဆက် သစ် လူငယ်နှင့် လူလတ်ပိုင်းခေါင်းဆောင်များ၊ ခေတ်ပညာတတ်အရပ်သားပညာရှင်များ နေရာယူလာချိန် မြန်မာနိုင်ငံ၏ အစိုးရယန္တရားတွင်တော့ ခေတ်ပညာတတ်လူငယ်အများစုမှာ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူး ရာခံများနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
မျက်ကွင်းညိုတာကိုသက်သာစေဖို့
၁။ အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတ၀ိုက် လိမ်း အိပ်ပါ။ ဤနည်းဖြင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)