
လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ် အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်
Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါနဲ့ စတုတ္ထမြောက် ဆရာဝန်တဦး သေဆုံးသွားပါတယ်။ အဲဒီ ဆရာဝန် ဟာ Ebola ရောဂါကို တိုက်ဖျက်ရေးမှာ ရည်မှန်း ချက်ထားပြီး ဒီလုပ်ငန်းမှာ ကိုယ်ရော စိတ်ပါ နှစ်မြှုပ်ထားသူ ဖြစ်ပါတယ်။




