Sunday 14 September 2014

လက်ကျန်ပွဲစဉ် ရလဒ်များနှင့် ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက်များ

Photo: လက်ကျန်ပွဲစဉ် ရလဒ်များနှင့် ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက်များ
Sunday, September 14, 2014

လာလီဂါပွဲစဉ်(၃)
ရီးရဲလ် ၁-၂ အက်သလက်တီကို
ပြင်သစ် လီဂူး-၁ ပွဲစဉ်(၅)
စိန့်အီတီယန် ၁-၀ ကိန်း
မွန့်ပယ်လီယာ ၁-၀ လိုရီယန့်
နိုက်စ် ၁-၀ မက်ဇ်
ဘက်စတီးယား ၁-၁ လန်းစ်
ရမ်းစ် ၂-၀ တူးလော့စ်
စီးရီးအေပွဲစဉ်(၂)
ဂျူ ဗင်တပ် ၂-၀ အူဒီးနီးစ်
..........................................................................................
အန်ဖီးလ်ကွင်းက အလွဲများ
လီဗာပူး ၀-၁ ဗီလာ
မာကိုဗစ်ရဲ့ မြေမကျကန်ချက်နဲ့ ဗီလာကို စတင်ခြိမ်းခြောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ (၉)မိနစ်အရောက်မှာ အဖွင့်ဂိုး ပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကနေ ဆန်းဒရို့စ် ခေါင်းတိုက်ချပေးတာကို လီဗာပူး ကစားသမားတွေကြားက အဘွန်လဟော်က ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာ ဗီလာ ဒုတိယဂိုးရခွင့် ကြုံခဲ့ပေမယ့် ဆန်းဒရို့စ်ရဲ့ ခေါင်းတိုက်ချက် လွဲချော်သွားခဲ့လို့ လီဗာပူး သက်သာရာ ရခဲ့ပါတယ်။
ကော်တင်ဟို၊ လာလာနာ၊ မာကိုဗစ်တို့ရဲ့ ကွင်းလယ်ပိုင်းကြောင့် လီဗာပူး ဘောလုံးပိုင်ဆိုင်မှု (၇၅)ရာခိုင်နှုန်း ရယူနိုင်ခဲ့ပေမယ့် ပွဲချိန်(၈၁)မိနစ်မှာ ကော်တင်ဟိုရဲ့ ဧရိယာထိပ် ကန်ချက် တိုင်ထိထွက်ခဲ့တာကလွဲပြီး ဂိုးရလောက်တဲ့ ဖန်တီးမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းက ဘာလော့တယ်လီကလည်း လူပိုတစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် အခုရာသီမှာ လီဗာပူး ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံခဲ့ရပါတယ်။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုပွဲစဉ်တွင် ပွဲချိန်(၁၁)မိနစ်နောက်ပိုင်း နှစ်သင်းစလုံး ဂိုးပေါက်တည့်သည့် ကန်ချက်တစ်ကြိမ်မျှ မရှိခဲ့။
ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၆)ကြိမ်သာ လုပ်နိုင်သည့် ဗီလာသည် (၄)ပွဲကစားပြီး (၁၀)မှတ် ရရှိထား။
........................................................................................................................
၇ အချိုး ၄ ထွက်တဲ့ ကော်စတာရဲ့ ပွဲ
ချဲလ်ဆီး ၄-၂ ဆွမ်ဆီး
(၃)ပွဲစလုံး အနိုင်ရခဲ့တဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုမှာ တယ်ရီ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ ချဲလ်ဆီး ဖိအားများခဲ့ပြီး ဂိုးရပြီးတဲ့နောက် ဆွမ်ဆီးက ကြံ့ခိုင်မှု အသားပေး ကစားခဲ့တာကြောင့် ချဲလ်ဆီး အခက်တွေ့ခဲ့ပါတယ်။ ဂိုမစ်၊ ရော့လတ်ဒ်တို့ရဲ့ ကန်ချက်တွေနဲ့အတူ ဆွမ်ဆီး ဒုတိယ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ထောင့်ကန်ဘောကနေ
ခေါင်းတိုက်ပြီး ကော်စတာက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ရှာရယ်အစား ရာမီရက်စ် လူစားဝင်လာပြီးတဲ့နောက် ချဲလ်ဆီး ကွင်းလယ်ပိုင်း လုပ်အားနှုန်း ပိုကောင်းလာခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဖာဘရီဂတ်စ်၊ ဟာဇတ်၊ အော်စကာတို့ရဲ့ အလိမ်အခေါက်တွေ၊ အနီးကပ် အပေးအယူ အချိတ်အဆက်တွေကြောင့် ဆွမ်ဆီး ခံစစ်ပိုင်း ပြိုဆင်းချိန်မှာ ကော်စတာက နေရာယူမှန်မှန်နဲ့ အဆုံးသတ် သေချာခဲ့တဲ့အတွက် ချဲလ်ဆီး ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။
(၅၆)မိနစ်မှာ ဖာဘရီဂတ်စ်ရဲ့ ပေးပို့မှုကို အမှားအယွင်းမရှိ ပိတ်သွင်းနိုင်ခဲ့တဲ့ ကော်စတာဟာ နောက်(၁၁)မိနစ်အကြာမှာ ရာမီရက်စ် ထိုးပေးတဲ့ ဘောလုံးကို ဆွမ်ဆီး နောက်ခံလူ (၃)ယောက်ကြားက
ပြေးထွက်ကန်သွင်းပြီး ဟက်ထရစ် ရယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် စတုတ္ထဂိုးကို လူစားဝင် ကစားသမား ရီမီက သွင်းယူခဲ့ပြီး ပွဲသိမ်းဂိုးကတော့ ရှယ်ဗေးက ဂိုးဧရိယာထိပ်က ကန်သွင်းယူခဲ့တာပါ။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုရာသီတွင် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၁၀)ကြိမ်မှ ကော်စတာ (၇)ဂိုး သွင်းယူနိုင်ခဲ့။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဖွင့်ပွဲ(၄)ပွဲဆက် ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ကစားသမားဖြစ်လာ။
ဖာဘရီဂတ်စ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၆)ပွဲဆက် ဂိုးဖန်တီးပေးနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်။ (အာဆင်နယ်အတွက် နောက်ဆုံး၂ပွဲ ဂိုးဖန်တီးခဲ့)
.........................................................................................................................
တစ်မှတ်စီ ခွဲယူခဲ့ရတဲ့ အမ်းမရိတ်စ်ဇာတ်ကြမ်း
အာဆင်နယ် ၂-၂ မန်စီးတီး
ကွင်းလယ်ပိုင်း အားပြိုင်မှု အဓိကကျတဲ့ အခုပွဲမှာ ဖာနန်ဒင်ဟို၊ လမ်းပတ်တို့ ကွင်းလယ်ဗဟိုကို ”ထောက်”ကစားနိုင်ခဲ့သလို တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ ၀ီလ်ရှီးယားကို အကောင်းဆုံး ကစားသမားဆု ပေးသင့်ပါတယ်။ ပွဲချိန်(၁၅)မိနစ် အတွင်း အာဆင်နယ်လွှမ်းမိုးနိုင်ခဲ့ပေမယ့် ရမ်ဆေး ဂိုးပေါက်လွဲတာ၊ ၀ဲလ်ဘတ်တိုင်ထိတာတွေကြောင့် အာဆင်နယ် ဂိုးမရခဲ့ပါဘူး။
ပွဲချိန် (၂၈)မိနစ်မှာတော့ နာဗက်စ်ရဲ့ ညာတောင်ပံ ပေးပို့မှုကနေ အဂူရို ပိတ်သွင်းနိုင်ခဲ့လို့ မန်စီးတီး အဖွင့်ဂိုး ရခဲ့ပြီး အာဆင်နယ် ကစားကွက် ပြန်တည်ခဲ့ရတာ၊ မန်စီးတီး ထိန်းကစားခဲ့တာတွေကြောင့် ပထမပိုင်း ပြီးခါနီး ပွဲရှိန်ကျသွားခဲ့ပါတယ်။ (၆၃)မိနစ်မှာတော့ ရမ်ဆေးရဲ့ ဖန်တီးမှုကနေ ၀ီလ်ရှီးယားက ဂိုးသမား ဂျိုးဟတ် ပိတ်ထားတဲ့ ထောင်ကျဉ်းကို အမြင့်ဘောကန်သွင်းပြီး ချေပဂိုး သွင်းခဲ့သလို (၁၁)မိနစ် အကြာမှာလည်း ၀ီလ်ရှီးယား ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဆန်းချက်ဇ်က (၁၈)ကိုက် စည်းအတွင်း မြေမကျကန်ချက်နဲ့ ဂိုးထပ်သွင်းခဲ့ပြန်ပါတယ်။
အာဆင်နယ်က ကွင်းလယ်ဗဟိုကနေ အဓိက ထိုးဖောက်ကစားခဲ့ပြီး မန်စီးတီးကတော့ တောင်ပံတိုက်စစ်ကို အားပြုသွားခဲ့ပြီး (၁၈)ကိုက်စည်းအတွင်း ကန်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကို ထောင့်ကန်ဘော ကနေ ဒီမစ်ချယ်လီ ခေါင်းတိုက်သွင်းခဲ့တာပါ။ အာဆင်နယ်ခံစစ်ပိုင်း
လျှော့ရဲမှုကြောင့် ပေးလိုက်ရတဲ့ဂိုးလို့ ဆိုရမှာပါ။ (၂-၂)ဖြစ်နေချိန်မှာ အာဆင်နယ် ဂိုးထပ်ပေးရဖို့ နီးစပ်ခဲ့ပေမယ့် တိုင်နှစ်ကြိမ် ထိခဲ့တာနဲ့ နာဆရီ လူကျွံနေခဲ့တာကြောင့် တစ်မှတ်ရခဲ့တာပါ။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုရာသီတွင် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၈)ကြိမ်မှ အာဆင်နယ်(၅)ဂိုးပေးခဲ့ရပြီး ခေါင်းတိုက်ဂိုး(၄)ဂိုး ပါဝင်နေ။
အမ်းမရိတ်စ်ကွင်းတွင် နာဗက်စ် ပထမဆုံးအကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့။
မန်စီးတီးသည် (၂၀၁၀)ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းမရှိ။

Nz(ရိုးရာလေး)
လာလီဂါပွဲစဉ်(၃)
ရီးရဲလ် ၁-၂ အက်သလက်တီကို
ပြင်သစ် လီဂူး-၁ ပွဲစဉ်(၅)
စိန့်အီတီယန် ၁-၀ ကိန်း
မွန့်ပယ်လီယာ ၁-၀ လိုရီယန့်
နိုက်စ် ၁-၀ မက်ဇ်
ဘက်စတီးယား ၁-၁ လန်းစ်
ရမ်းစ် ၂-၀ တူးလော့စ်
စီးရီးအေပွဲစဉ်(၂)
ဂျူ ဗင်တပ် ၂-၀ အူဒီးနီးစ်

အန်ဖီးလ်ကွင်းက အလွဲများ
လီဗာပူး ၀-၁ ဗီလာ
မာကိုဗစ်ရဲ့ မြေမကျကန်ချက်နဲ့ ဗီလာကို စတင်ခြိမ်းခြောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ (၉)မိနစ်အရောက်မှာ
အဖွင့်ဂိုး ပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကနေ ဆန်းဒရို့စ် ခေါင်းတိုက်ချပေးတာကို လီဗာပူး ကစားသမားတွေကြားက အဘွန်လဟော်က ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာ ဗီလာ ဒုတိယဂိုးရခွင့် ကြုံခဲ့ပေမယ့် ဆန်းဒရို့စ်ရဲ့ ခေါင်းတိုက်ချက် လွဲချော်သွားခဲ့လို့ လီဗာပူး သက်သာရာ ရခဲ့ပါတယ်။
ကော်တင်ဟို၊ လာလာနာ၊ မာကိုဗစ်တို့ရဲ့ ကွင်းလယ်ပိုင်းကြောင့် လီဗာပူး ဘောလုံးပိုင်ဆိုင်မှု (၇၅)ရာခိုင်နှုန်း ရယူနိုင်ခဲ့ပေမယ့် ပွဲချိန်(၈၁)မိနစ်မှာ ကော်တင်ဟိုရဲ့ ဧရိယာထိပ် ကန်ချက် တိုင်ထိထွက်ခဲ့တာကလွဲပြီး ဂိုးရလောက်တဲ့ ဖန်တီးမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းက ဘာလော့တယ်လီကလည်း လူပိုတစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် အခုရာသီမှာ လီဗာပူး ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံခဲ့ရပါတယ်။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုပွဲစဉ်တွင် ပွဲချိန်(၁၁)မိနစ်နောက်ပိုင်း နှစ်သင်းစလုံး ဂိုးပေါက်တည့်သည့် ကန်ချက်တစ်ကြိမ်မျှ မရှိခဲ့။
ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၆)ကြိမ်သာ လုပ်နိုင်သည့် ဗီလာသည် (၄)ပွဲကစားပြီး (၁၀)မှတ် ရရှိထား။
........................................................................................................................
၇ အချိုး ၄ ထွက်တဲ့ ကော်စတာရဲ့ ပွဲ
ချဲလ်ဆီး ၄-၂ ဆွမ်ဆီး
(၃)ပွဲစလုံး အနိုင်ရခဲ့တဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုမှာ တယ်ရီ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ ချဲလ်ဆီး ဖိအားများခဲ့ပြီး ဂိုးရပြီးတဲ့နောက် ဆွမ်ဆီးက ကြံ့ခိုင်မှု အသားပေး ကစားခဲ့တာကြောင့် ချဲလ်ဆီး အခက်တွေ့ခဲ့ပါတယ်။ ဂိုမစ်၊ ရော့လတ်ဒ်တို့ရဲ့ ကန်ချက်တွေနဲ့အတူ ဆွမ်ဆီး ဒုတိယ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ထောင့်ကန်ဘောကနေ
ခေါင်းတိုက်ပြီး ကော်စတာက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ရှာရယ်အစား ရာမီရက်စ် လူစားဝင်လာပြီးတဲ့နောက် ချဲလ်ဆီး ကွင်းလယ်ပိုင်း လုပ်အားနှုန်း ပိုကောင်းလာခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဖာဘရီဂတ်စ်၊ ဟာဇတ်၊ အော်စကာတို့ရဲ့ အလိမ်အခေါက်တွေ၊ အနီးကပ် အပေးအယူ အချိတ်အဆက်တွေကြောင့် ဆွမ်ဆီး ခံစစ်ပိုင်း ပြိုဆင်းချိန်မှာ ကော်စတာက နေရာယူမှန်မှန်နဲ့ အဆုံးသတ် သေချာခဲ့တဲ့အတွက် ချဲလ်ဆီး ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။
(၅၆)မိနစ်မှာ ဖာဘရီဂတ်စ်ရဲ့ ပေးပို့မှုကို အမှားအယွင်းမရှိ ပိတ်သွင်းနိုင်ခဲ့တဲ့ ကော်စတာဟာ နောက်(၁၁)မိနစ်အကြာမှာ ရာမီရက်စ် ထိုးပေးတဲ့ ဘောလုံးကို ဆွမ်ဆီး နောက်ခံလူ (၃)ယောက်ကြားက
ပြေးထွက်ကန်သွင်းပြီး ဟက်ထရစ် ရယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် စတုတ္ထဂိုးကို လူစားဝင် ကစားသမား ရီမီက သွင်းယူခဲ့ပြီး ပွဲသိမ်းဂိုးကတော့ ရှယ်ဗေးက ဂိုးဧရိယာထိပ်က ကန်သွင်းယူခဲ့တာပါ။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုရာသီတွင် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၁၀)ကြိမ်မှ ကော်စတာ (၇)ဂိုး သွင်းယူနိုင်ခဲ့။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဖွင့်ပွဲ(၄)ပွဲဆက် ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ကစားသမားဖြစ်လာ။
ဖာဘရီဂတ်စ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၆)ပွဲဆက် ဂိုးဖန်တီးပေးနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်။ (အာဆင်နယ်အတွက် နောက်ဆုံး၂ပွဲ ဂိုးဖန်တီးခဲ့)
.........................................................................................................................
တစ်မှတ်စီ ခွဲယူခဲ့ရတဲ့ အမ်းမရိတ်စ်ဇာတ်ကြမ်း
အာဆင်နယ် ၂-၂ မန်စီးတီး
ကွင်းလယ်ပိုင်း အားပြိုင်မှု အဓိကကျတဲ့ အခုပွဲမှာ ဖာနန်ဒင်ဟို၊ လမ်းပတ်တို့ ကွင်းလယ်ဗဟိုကို ”ထောက်”ကစားနိုင်ခဲ့သလို တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ ၀ီလ်ရှီးယားကို အကောင်းဆုံး ကစားသမားဆု ပေးသင့်ပါတယ်။ ပွဲချိန်(၁၅)မိနစ် အတွင်း အာဆင်နယ်လွှမ်းမိုးနိုင်ခဲ့ပေမယ့် ရမ်ဆေး ဂိုးပေါက်လွဲတာ၊ ၀ဲလ်ဘတ်တိုင်ထိတာတွေကြောင့် အာဆင်နယ် ဂိုးမရခဲ့ပါဘူး။
ပွဲချိန် (၂၈)မိနစ်မှာတော့ နာဗက်စ်ရဲ့ ညာတောင်ပံ ပေးပို့မှုကနေ အဂူရို ပိတ်သွင်းနိုင်ခဲ့လို့ မန်စီးတီး အဖွင့်ဂိုး ရခဲ့ပြီး အာဆင်နယ် ကစားကွက် ပြန်တည်ခဲ့ရတာ၊ မန်စီးတီး ထိန်းကစားခဲ့တာတွေကြောင့် ပထမပိုင်း ပြီးခါနီး ပွဲရှိန်ကျသွားခဲ့ပါတယ်။ (၆၃)မိနစ်မှာတော့ ရမ်ဆေးရဲ့ ဖန်တီးမှုကနေ ၀ီလ်ရှီးယားက ဂိုးသမား ဂျိုးဟတ် ပိတ်ထားတဲ့ ထောင်ကျဉ်းကို အမြင့်ဘောကန်သွင်းပြီး ချေပဂိုး သွင်းခဲ့သလို (၁၁)မိနစ် အကြာမှာလည်း ၀ီလ်ရှီးယား ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဆန်းချက်ဇ်က (၁၈)ကိုက် စည်းအတွင်း မြေမကျကန်ချက်နဲ့ ဂိုးထပ်သွင်းခဲ့ပြန်ပါတယ်။
အာဆင်နယ်က ကွင်းလယ်ဗဟိုကနေ အဓိက ထိုးဖောက်ကစားခဲ့ပြီး မန်စီးတီးကတော့ တောင်ပံ တိုက်စစ်ကို အားပြုသွားခဲ့ပြီး (၁၈)ကိုက်စည်းအတွင်း ကန်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကို ထောင့်ကန်ဘော ကနေ ဒီမစ်ချယ်လီ ခေါင်းတိုက်သွင်းခဲ့တာပါ။ အာဆင်နယ်ခံစစ်ပိုင်းလျှော့ရဲမှုကြောင့် ပေးလိုက်ရတဲ့ဂိုးလို့ ဆိုရမှာပါ။ (၂-၂)ဖြစ်နေချိန်မှာ အာဆင်နယ် ဂိုးထပ်ပေးရဖို့ နီးစပ်ခဲ့ပေမယ့် တိုင်နှစ်ကြိမ် ထိခဲ့တာနဲ့ နာဆရီ လူကျွံနေခဲ့တာကြောင့် တစ်မှတ်ရခဲ့တာပါ။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုရာသီတွင် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၈)ကြိမ်မှ အာဆင်နယ်(၅)ဂိုးပေးခဲ့ရပြီး ခေါင်း တိုက်ဂိုး(၄)ဂိုး ပါဝင်နေ။
အမ်းမရိတ်စ်ကွင်းတွင် နာဗက်စ် ပထမဆုံးအကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့။
မန်စီးတီးသည် (၂၀၁၀)ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း မရှိ။

Nz(ရိုးရာလေး)

No comments:

Post a Comment