Sunday 14 September 2014

ဘင်္ဂါလီကိစ္စဖြင့်ကျော်စောနေသော KIA အဖွဲ့လူသစ်စုဆောင်းမှုများ ဆက်လက်ကျူးလွန်

Photo: ဘင်္ဂါလီကိစ္စဖြင့်ကျော်စောနေသော KIA အဖွဲ့လူသစ်စုဆောင်းမှုများ ဆက်လက်ကျူးလွန်
Sunday, September 14, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး တတိယမူကြမ်းကို KIA ပါဝင်သော NCCT နှင့်အစိုးရ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် လူသစ်စုဆောင်းမှုများ KIA ပြုလုပ်နေခြင်းက ငြိမ်းချမ်း ရေးလမ်းစဉ်ကို ဆန့်ကျင်လျက်ရှိကြောင်းတွေ့ရသည်။

KIA အဖွဲ့အနေဖြင့် ဗိုလ်မှူးကြီး ဂျိမ်းလွန်းဒေါင်နှင့် RSO မှဦးမောင်ထွန်းနုဦးစီး ရိုဟင်ဂျာ(၃)ဦးတို့တွေ့ဆုံပြီး KIO နယ်မြေ တွင်ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေထိုင်ခွင့်ပြုရေးတောင်းဆိုမှု ရုပ်သံမှတ်တမ်း onlineပေါ်တွင်ပျံ့နှံ့လာမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အားလုံး၏ စောင့်ကြည့်ခြင်းကိုခံနေရပြီဖြစ်ကြောင်း NCCT တွင်ပါဝင်သော လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ စက်တင်ဘာ ၁၁ ရက်နေ့တွင် KIA အဖွဲ့မှ ကျေးရွာတစ်ရွာ လျှင်လူသစ်(၃)ဦးနှုန်းပေးရန် လိုက်လံစုဆောင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“တစ်ရွာကို လူသစ်(၃)ဦးတောင်းတယ်၊ (၈)တန်းအောင်အဆင့်ရှိတဲ့ လူငယ်တွေဖြစ်ရမယ်ဆိုပြီး ကန့်သတ်ထားတယ်၊ ဘယ်သူမှမ၀င်ချင်ကြဘူး၊ သူတို့အဖွဲ့က ဒေသခံတွေမလုပ်ချင်တဲ့ အလုပ်တွေကို ဖိအားပေးနေတော့ ထွက်ပြေးတိမ်းရှောင် သူတွေများနေတာပေါ့” ဟုမိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ စုဆောင်းထားသော လူသစ်များကို စက်တင်ဘာ ၂၀ ရက်နေ့အပြီး ပေးရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ၀န်ဂေါဘွမ်တွင် စစ်သင်တန်းဖွင့်လှစ်မည်ဖြစ်၍ ဒေသခံလူငယ်များအား အတင်းစုဆောင်းနေကြောင်း သိရသည်။

KIA အဖွဲ့သည် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ အစိုးရနှင့်ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်မထိုးနိုင်သော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ ကျူးလွန်မှုများကြောင့် KIA ၏ပုံရိပ်ကိုဆက်လက်ကျဆင်းစေဦးမှာဖြစ် ကြောင်းငြိမ်းချမ်းရေးကို အကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသွားခဲ့သည်။

ဇော်မိုင်

Kachin Daily News
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး တတိယမူကြမ်းကို KIA ပါဝင်သော NCCT နှင့်အစိုးရ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် လူသစ် စုဆောင်းမှုများ KIA ပြုလုပ်နေခြင်းက ငြိမ်းချမ်း ရေးလမ်းစဉ်ကို ဆန့်ကျင်လျက်ရှိကြောင်းတွေ့ ရသည်။

KIA အဖွဲ့အနေဖြင့် ဗိုလ်မှူးကြီး ဂျိမ်းလွန်းဒေါင်နှင့် RSO မှဦးမောင်ထွန်းနုဦးစီး ရိုဟင်ဂျာ(၃)ဦးတို့တွေ့ဆုံပြီး KIO နယ်မြေ တွင်ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေထိုင်ခွင့်ပြုရေးတောင်းဆိုမှု ရုပ်သံမှတ်တမ်း onlineပေါ်တွင်ပျံ့နှံ့လာမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အားလုံး၏ စောင့်ကြည့်ခြင်းကို ခံနေရပြီဖြစ်ကြောင်း NCCT တွင်ပါဝင်သော လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ စက်တင်ဘာ ၁၁ ရက်နေ့တွင် KIA အဖွဲ့မှ ကျေးရွာတစ်ရွာ လျှင်လူသစ်(၃)ဦးနှုန်းပေးရန် လိုက်လံစုဆောင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“တစ်ရွာကို လူသစ်(၃)ဦးတောင်းတယ်၊ (၈)တန်းအောင်အဆင့်ရှိတဲ့ လူငယ်တွေဖြစ်ရမယ်ဆိုပြီး ကန့်သတ် ထားတယ်၊ ဘယ်သူမှမ၀င်ချင်ကြဘူး၊ သူတို့အဖွဲ့က ဒေသခံတွေမလုပ်ချင်တဲ့ အလုပ်တွေကို ဖိအားပေးနေတော့ ထွက်ပြေးတိမ်းရှောင် သူတွေများနေတာပေါ့” ဟုမိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ စုဆောင်းထားသော လူသစ်များကို စက်တင်ဘာ ၂၀ ရက်နေ့အပြီး ပေးရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ၀န်ဂေါဘွမ်တွင် စစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်၍ ဒေသခံလူငယ်များအား အတင်းစုဆောင်းနေကြောင်း သိရသည်။

KIA အဖွဲ့သည် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ အစိုးရနှင့်ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်မထိုးနိုင်သော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ ကျူးလွန်မှုများကြောင့် KIA ၏ပုံရိပ်ကိုဆက်လက်ကျဆင်းစေဦးမှာဖြစ် ကြောင်းငြိမ်းချမ်းရေးကို အကျိုးတော်ဆောင်အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသွားခဲ့သည်။

ဇော်မိုင်

Kachin Daily News

No comments:

Post a Comment