Sunday 14 September 2014

၂၀၁၄ ခုနှစ်ရဲ့ မိုးနှောင်းမိုးလွန်လက်ကျန်


လက်ရှိအချိန်ဟာ မိုးပါးနေတဲ့ ကာလဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ရဲ့ မိုးရာသီကာလဟာ ကုန်ဆုံး ခါနီးလေ မုတ်သုံလေရဲ့ အင် အားတွေဟာ ယုတ်လျော့လာ လေ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာလို့ မီးစာကုန်ဆီခန်း ခါနီးနေတဲ့ မိကြီးဘကြီး အဘိုးအ ဘွားတွေကို စောင့်ကြည့်နေရ သလို တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့။ ဒီနေ့တော့ အလန်းသား၊ ဒီနေ့ တော့ အစာလေးတွေ ၀င်သားပဲ စတဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ ဆုတ် ခွာတော့မယ် မုတ်သုံကို လေ တိုက်ခတ်ပုံ အပြောင်းအလဲကို ကြည့်လိုက်၊ လေထုဖိအား အခြေ အနေတွေ ကြည့်လိုက်၊ မိုးရွာသွန်းမှုအခြေအနေတွေ ကြည့်လိုက်နဲ့ မိုးလေ၀သ ဆရာတွေမှာလည်း အခုရက်ပိုင်း အလုပ်များလှပါ တယ်ဗျာ။

မုတ်သုံလေဖိအားနည်း ချိုင့်ဝှမ်း (သို့မဟုတ်) မုတ်သုံလေဦးရဲ့ မြောက်ဘက်အရပ် နယ်စပ်ကန့် သတ်ချက် (Northern Limit of Monsoon Trough)
မုတ်သုံလေအတက်အဆင်း အ၀င်အထွက်တွေအားလုံးဟာ မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်း (Monsoon Trough-MT) ရဲ့ တည်နေရာနဲ့ ဆိုင်ပါတယ်။ MT ဆိုတာက တောင်ဘက်က တက် လာတဲ့ အပူပိုင်းရေပြင်လေထု (maritime Tropical air-mTA) နဲ့ အပူပိုင်းကုန်းတွင်းလေ (Continental Tropical air-cTA) တို့ လာရောက်စုဆုံတဲ့ လေ ဆိုင်ဇုန်ပါပဲ။ ဒီလေဆိုင်ဇုန်ဟာ 20 km-40 km ခန့်အကျယ်ရှိ ပြီး ဟိမ၀န္တာရဲ့တောင်ဘက် အာရှတောင်ပိုင်းဒေသများအပေါ်အရှေ့အနောက်တည်ရှိနေတဲ့ လေဆိုင် ဇုန်ဖြစ်ပါတယ်။ ဒီလေဆိုင်ဇုန် အတွင်းမှာ လေထုမတည်ငြိမ်မှု အမြဲဖြစ်နေပြီး ဒီလေဆိုင်ဇုန်ကို လေထု ဖိအား၊ လေတိုက်ခတ်မှု၊ တိမ်ဖြစ်ပေါ်မှုစတဲ့ အလွှာအသီး သီးမှာ တွေ့နိုင်ကြပါတယ်။ လေ ထုဖိအားပြမြေပုံတွေမှာ ဒီလေ ဆိုင်ဇုန်ကို တန်းစီနေတဲ့ လေဖိအားနည်းရပ်ဝန်းများအဖြစ်လည်းကောင်း၊ လေတိုက်ခတ်မှုပြမြေပုံတွေမှာဆိုရင် တန်းစီနေတဲ့ လေစိုင်ဝဲများအဖြစ် လည်းကောင်း၊ ဂြိုဟ်တုတိမ်ပုံတွေမှာဆိုရင် တန်းစီနေတဲ့ မိုးတိမ်တောင်များအဖြစ်လည်းကောင်း ထင်ထင်ရှားရှားတွေ့နိုင် ကြပါတယ်။
လေဆိုင်ဇုန်ရဲ့ တည်နေရာ
ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန်းလောက်ကစပြီး လေဆိုင်ဇုန်ရဲ့ တည်နေရာဟာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြေလတ်ပိုင်းတွေ အပေါ်မှာ နေ့စဉ်လိုလို ရှိနေခဲ့ပါ တယ်။ မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကချင်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေကိုလည်း မြောက်ဘက်က လေအေးတွေ တိုးဝင်နေတာကြောင့် မုတ်သုံလေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက ဆုတ်ခွာခဲ့သယောင်ရှိနေခဲ့ပါတယ်။ အခွင့်ကောင်းတစ်ခု ရသွားစေခဲ့တာကတော့ မုတ်သုံလေဆိုင်ဇုန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပေါ်မှာ ရက်အတန်ကြာ တည်ရှိနေခဲ့တာကြောင့် မိုးခေါင်နေတဲ့ အလယ် ပိုင်းဒေသတွေမှာ မိုးစတင်ရရှိ စေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအနေအထားသာ နောက်ထပ်ရက်တစ်ပတ်လောက် ရှိနေခဲ့ရင် မြန်မာနိုင်ငံမြောက်ပိုင်းမှ မုတ်သုံဆုတ်ပြီလို့ ကြေညာနိုင်မှာ ဖြစ်ပါ တယ်။
အရှေ့ဘက်က မုန်တိုင်းတွေ
အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံ ရဲ့ အရှေ့ဘက်မှာရှိတဲ့ ပစိဖိတ် သမုဒ္ဒရာအနောက်ပိုင်းမှာ အား ကောင်းတဲ့ အပူပိုင်းမုန်တိုင်း Fengshen ဖြစ်ပေါ်လာခဲ့ပြီး ဂျပန်နိုင်ငံရှိရာ မြောက်ဘက်ကို ဦးတည် ရွေ့လျားသွားခဲ့တဲ့အ တွက် မြန်မာနိုင်ငံအလယ်ပိုင်းက မုတ်သုံလေဆိုင်ဇုန်ဟာ တစ်နွယ် ငင်တစ်စင်ပါ ဆိုသလို မြောက် ဘက်ကိုရွေ့သွားခဲ့ပါတယ်။ ဒါ ကြောင့် မုတ်သုံလေဆုတ်ခွာမှု ဟာ နှောင့်နှေးသွားစေခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်မုန်တိုင်း များ
၁၉၈၆ ခုနှစ်လောက်ကစတင်ပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုအ ပေါ် ဖောက်ပြန်မှုတွေအပေါ်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း မှာ ဖြစ်ပေါ်နေတဲ့ မုန်သုံမုန်တိုင်း များရဲ့ အကျိုးသက်ရောက်မှုဟာ အလွန်အရေးပါနေခဲ့ပါတယ်။ မုန်တိုင်းများနဲ့ပတ်သက်ပြီး ထူး ခြားတဲ့ပြောင်းလဲမှု အဓိကသုံးမျိုး တွေ့နေရပါတယ်။
ပထမ အချက်ကတော့ ၁၉၈၀ ခုနှစ်ကစပြီး နောက်ပိုင်း နှစ်တွေမှာ ဘင်္ဂလားပင်လယ် အော်ရဲ့ တစ်နှစ်ပျမ်းမျှဖြစ်ပေါ်တဲ့ မုန်တိုင်းအရေအတွက်ဟာ ယခင် ဆယ်လုံးရှိနေခဲ့ရာမှ ခြောက်လုံး ကို လျော့ကျလာခဲ့တယ်။ ဒါဟာ ဖြင့် တစ်နှစ်ပျမ်းမျှဖြစ်ပေါ်တဲ့ မုန် တိုင်းအရေအတွက် ၄၀ ရာခိုင် နှုန်း လျော့ကျခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ လ အလိုက် မုန်တိုင်းဖြစ်ပေါ်မှုမှာ မုတ်သုံရာသီကာလတွေဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာအထိ ကာ လတွေဟာ အရင်က မုန်တိုင်းဖြစ် ပေါ်မှု အများဆုံးဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေမှာ မုန် တိုင်းဖြစ်ပေါ်မှုတွေ လျော့ကျလာ ပြီး တချို့နှစ်တွေမှာ ဇွန်လမှ စက် တင်ဘာအတွင်း မုတ်သုံမုန်တိုင်း တစ်လုံးမှ မဖြစ်တာကို တွေ့လာ ရခြင်းပဲ ဖြစ်ပါတယ်။
တတိယအချက်ကတော့ ရာသီအလိုက် (မိုးကြို၊ မိုးဦး၊ မိုး လယ်၊ မိုးနှောင်းနဲ့ မိုးလွန်ကာလ) ငါးမျိုးမှာ ၂၀၀၆ ခုနှစ်မှစတင်ပြီး အားလုံးသောကာလတွေမှာ တစ် နှစ်ပျမ်းမျှ ၃ ဒသမ ၆ လုံးခန့် ဖြစ် ခဲ့တာကို တွေ့ရပါတယ်။
၂၀၁၄ ခုနှစ်ရဲ့လက်ကျန်ရာသီ
၂၀၁၄ ခုနှစ်ဟာ ကုန်ဆုံးဖို့ သုံးလကျော်ကျော်ခန့်သာ ကျန် ပါတော့တယ်။ ဒီကာလအတွင်း ကြုံတွေ့နိုင်တဲ့ ရာသီဥတုဖြစ်ရပ် တွေကတော့
(၁) မုတ်သုံလေဆုတ်ခွာမှုကို မကြာမီရက်ပိုင်းမှာ စတင်ကြုံ တွေ့ရပါတော့မယ်။ စက်တင် ဘာလလယ်မှ စတင်ကာ မြောက် ပိုင်းမှစတင် ဆုတ်ခွာပြီး လကုန်ခန့်မှာ တစ်နိုင်ငံလုံးမှ ဆုတ်ခွာသွား ပါလိမ့်မယ်။ မုတ်သုံလေဆုတ်ခွာ စဉ် မုတ်သုံလေဆိုင်ဇုန်ဟာ မြောက်ပိုင်းဒေသများမှ စတင်ပြီး ဆုတ်ခွာလာရာမှာ ရောက်ရှိရာ ဒေသမှာ မိုးတိမ်တောင်တွေ အများအပြားကို ဖြစ်ပေါ်စေ မှာဖြစ်ပါတယ်။ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသက်လေပြင်းတိုက်ခြင်း၊ နေရာကွက်မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းတို့ကို အထူးသဖြင့် နေ့လယ်၊ မွန်းလွဲ၊ညနေပိုင်းတွေမှာ ကြုံတွေ့ရတတ်ပါတယ်။
(၂) မုတ်သုံလေဆုတ်ခွာခြင်းနဲ့ အတူ မုတ်သုံလေဆိုင်ဇုန်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းများ ပိုမိုအားကောင်းလာ ပြီး မုန်တိုင်းများ ဖြစ်လာနိုင်ပါ တယ်။ အဲဒီမုန်တိုင်းများဟာ မြန်မာနိုင်ငံကို ၀င်ရောက်တတ် တဲ့အတွက် သတိပြုဖို့ လိုပါတယ်။
(၃) မုတ်သုံလေဆုတ်ခွာပြီးတဲ့ နောက်ပိုင်း မိုးလွန်ကာလအတွင်း မှာ မုန်တိုင်းသုံးကြိမ်မှ ငါးကြိမ် အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါ တယ်။ ဒီမုန်တိုင်းများမှာ အန္တရာယ် နှစ်ခုရှိပါတယ်။  မြန်မာ့ကမ်းရိုး တန်းကို ၀င်တတ်ခြင်းနဲ့ အချိန် အခါ မဟုတ် မိုး(ဖျက်မိုး)တွေ ရွာ သွန်းစေတတ်ခြင်း ဖြစ်ပါတယ်။
(၄) မြန်မာနိုင်ငံရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာ နောက်ထပ် မုန်တိုင်း ၁၅ လုံးခန့် ဖြစ်ဖို့ ကျန်နေပါသေးတယ်။ အဲဒီ မုန်တိုင်းတွေထဲက သုံးပုံတစ်ပုံခန့် ဟာ အင်ဒိုချိုင်းနား ကျွန်းဆွယ်ကို ဖြတ်နိုင်ပြီး၊ ဖြတ်ခဲ့ရင်လည်း မြန်မာနိုင်ငံကို အရှေ့လေပွေ လှိုင်း ဒီဇင်ဘာကုန်အထိ မိုးတွေ ပေးနိုင်ပါတယ်။
(၅) မြန်မာနိုင်ငံအတွက် တတိယ ရေကြီးကာလ (စက်တင်ဘာနဲ့ အောက်တိုဘာ) ကျန်နေသေးတဲ့ အတွက် ရေကြီးမှုကို သတိပြုဖို့လို နေပါသေးတယ်။ အထူးသဖြင့် မုတ်သုံမိုးနဲ့ မုန်တိုင်းမိုးတွေ ကြုံကြိုက် သွားပါက ရေကြီးမှု အန္တရာယ် ပိုဖြစ်တတ်ပါတယ်။
ဒါတွေကတော့ ရာသီဥတု နဲ့ပတ်သက်ပြီး လက်ကျန်ကာလ မှာ ဖြစ်တတ်တာတွေနဲ့ပတ်သက် ပြီး သတိပြုကြဖို့ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ သဘာဝဘေးဆိုတာ အသိ၊ သတိ၊ ကြိုတင်ကာကွယ် မှုတို့ဟာ အရေးအကြီးဆုံး ဖြစ် ပါတယ်။

7 Day Daily

No comments:

Post a Comment