Sunday 14 September 2014

ခိုးဝင်ဘင်္ဂါလီများကို ရဲတပ်ဖွဲ့လိုက်ဖမ်းစဉ် ပင်လယ်အတွင်း ခုန်ချထွက်ပြေးရာသုံးဦးသေဆုံး

စစ်တွေမြို့၊ ဒါးပိုင်နှင့် အုန်းတောကြီးကျေးရွာ ကြားရှိ မန်စီချောင်းဝမှတစ်ဆင့် ခိုးဝင် လာသော ဘင်္ဂါလီများကို လုံခြုံ ရေးရဲလိုက်ဖမ်းစဉ် ပင်လယ်တွင်း ခုန်ချ ထွက်ပြေးသောကြောင့် သုံးဦးသေဆုံးကာ ရှစ်ဦးဖမ်းဆီး ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက်ညက ရခိုင်ကမ်းရိုးတန်းနှင့် ဆက်စပ်နေ သည့် မန်စီချောင်းဝမှ ငါးဖမ်းလှေ တစ်စီး မောင်းဝင်လာသော ကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးစဉ် ထွက်ပြေး သွားခြင်းဖြစ်ကြောင်း အမှတ် (၄) နယ်ခြားစောင့်အဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘ဒီဘက်ကနေ ငါးဖမ်းထွက် တဲ့ လှေတွေလည်း ရှိပါတယ်။ ဒီ လှေကတော့ ခိုးဝင်လာတဲ့လှေ ဗျ။ အထွက်ဆိုရင် ပိုင်ရှင်ရှိရမယ် လေ။ ကျွန်တော်တို့လည်း လုံခြုံ ရေးကို စနစ်တကျ နေ့ရောညပါ လုပ်နေတာပါ။ ဒီကြားထဲကနေ အခုလို ၀င် ၀င်လာတော့ လိုအပ် သလို အရေးယူသွားမှာပါ’’ ဟု အဆိုပါရဲအရာရှိက ပြောသည်။

လုံခြုံရေးရဲများ လိုက်ဖမ်း စဉ် ပင်လယ်တွင်း ခုန်ဆင်းပြေး သွားသော ဘင်္ဂါလီသုံးဦး သေဆုံး သွားပြီး ရှစ်ဦးကို စစ်တွေမြို့မ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ပင်လယ်ရေကြောင်း မှတစ်ဆင့် ယခုကဲ့သို့ ခိုးဝင်လာ သော ဘင်္ဂါလီများကို ဖမ်းဆီးအ ရေးယူမှုများ မကြာခဏ ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment