Sunday 14 September 2014

အစိုးရနှင့် နိုင်ကျဉ်းလွတ်မြောက်ရေး လှုပ်ရှားသူများ ပူးပေါင်းမှုအားနည်းလာ

၂၀၁၄ ခုနှစ်အတွင်း အစိုးရနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားသူများအကြား ပူးပေါင်း ဆောင်ရွက်မှုမှာ မရှိသလောက်ဖြစ်သွားခဲ့ပြီး အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရသူများ ပြန်လည်လွတ်မြောက်ရေးမှာ အစိုးရ၏သဘောထားတစ်ခုတည်းအပေါ် မူတည် ကြောင်း လက်ကျန်နိုင်ငံ ရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်းက ကော်မတီဝင်များအကြား လစဉ် နီးပါးတွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံ ရေးအကျဉ်းသား များ ပြန်လည် လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ၂၀၁၄ အတွင်း ရံဖန် ရံခါသာတွေ့ဆုံညှိနှိုင်းခွင့်ရခဲ့ကြောင်း ကော်မတီဝင် ဦးရဲအောင်က ပြောသည်။

‘‘၂၀၁၄ မှာ ပူးပေါင်းဆောင် ရွက်မှုတွေက မရှိသလောက်ဖြစ် သွားပြီ။ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီး ပြန်လည်လွတ် မြောက်ဖို့ အစိုးရသဘောထားပေါ် မူတည်နေတယ်’’ဟု နိုင်ငံရေးအ ကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးရဲအောင်က ပြောသည်။

သမ္မတဦးသိန်းစိန်လက် ထက်တွင် နိုင်ငံရေးအကျဉ်းသား ဟု သတ်မှတ်ခံထားရသူ အများ အပြားကို ပြန်လွှတ်ပေးခဲ့သည်။ အကျဉ်းထောင်အတွင်း ကျန်ရှိ နေသည့် နိုင်ငံရေးအကျဉ်းသား ဟောင်းများကို စိစစ်ပြီးပြန်လွှတ် ပေးရန် အစိုးရအရာရှိများနှင့် နိုင်ငံရေးအကျဉ်းသားများ အရေး တက်ကြွလှုပ်ရှားသူများ ပါဝင် သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။

မြန်မာအစိုးရက ၂၀၁၃ နောက်ပိုင်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရေး အစီအစဉ်ကို ကြေညာခဲ့ပြီး လူသိများသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တက်ကြွလှုပ်ရှားသူများ၊ လယ် သိမ်းခံ ဆန္ဒပြတောင်သူများနှင့် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခံ ထားရသူ အချို့ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဝေဖန်မှုများ ခံနေရသည်။

၎င်းတို့ ပြန်လည်လွတ် မြောက်ရေးအတွက် ကော်မတီ အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သော်လည်း အစိုးရ၏ သဘော ထားမှာ ၂၀၁၃ မကုန်မီထိန်း သိမ်းခံထားရသူများ အရေးသာ ကော်မတီအတွင်း ဆွေးနွေးမည် ဟု ထုတ်ဖော်ပြောဆိုခဲ့သော ကြောင့် နိုင်ငံရေးအကျဉ်းသားများ အရေးမှာ လိပ်ခဲတည်းလည်း ဖြစ် နေကြောင်း ကော်မတီဝင်တစ်ဦး က ပြောသည်။

‘‘နောက်ဆုံး အစည်းအဝေး ပွဲမှာပဲ ကော်မတီအတွင်းရေးမှူး က ပြောပါတယ်။ လက်ကျန်နိုင်ငံ ရေးအကျဉ်း သား ဆိုတာ ၂၀၁၃ ရှေ့ပိုင်းကို ဆွေးနွေးဖို့ပဲ ဖြစ်ပါ တယ်လို့ ပြောသွားပါတယ်’’ ဟု ဦးရဲအောင်က ပြော သည်။

မြန်မာနိုင်ငံရှိ အကျဉ်း ထောင်များ၌ ၂၀၁၄ သြဂုတ်လ ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်း သား ၈၄ ဦး ထိန်း သိမ်းခံ ထားရ ပြီး တက်ကြွလှုပ်ရှားသူ ၁၂၂ ဦး ခန့် တရားရင်ဆိုင်နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာ နိုင်ငံ (AAPP-B) က သတင်း ထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment