Thursday, 11 September 2014

ကလေးငါးဦးအား သတ်ဖြတ်မှုဖြင့် ဖခင်ဖြစ်သူကို သံသယနှင့်ဖမ်း

Photo: ကလေးငါးဦးအား သတ်ဖြတ်မှုဖြင့် ဖခင်ဖြစ်သူကို သံသယနှင့်ဖမ်း
Thursday, September 11, 2014

ကလေးငါးဦးကို သတ်ပြီး အခြားပြည်နယ်တစ်ခု၌ စွန့်ပစ်ခဲ့မှုဖြင့် အမေရိကန်ဖခင်တစ်ဦးအား သံသယရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တင်မိုသီရေးဂျုံးစ်ဆိုသူသည် ၎င်းနေထိုင်ရာ တောင်ကယ်ရိုလိုင်း နားပြည်နယ်၌ စွဲချက်များစွာကို ရင်ဆိုင်နေရကြောင်း အေပီသတင်း တစ်ရပ်တွင် ဖော်ပြသည်။

၎င်းအား စနေနေ့က မစ္စစ္စပီ၌ ဆက်စပ်မှုမရှိသော စွဲချက်များဖြင့် ဖမ်းဆီးလိုက်ပြီဖြစ်သည်။ အဆိုပါ ကလေးများသည် အသက်တစ်နှစ် အရွယ်မှ ရှစ်နှစ်အရွယ်ရှိပြီး ၄င်းတို့သည် ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းတို့၏ မိခင်ဖြစ်သူက သူမ၏ခင်ပွန်းဟောင်းနှင့် အဆက်အသွယ်မရကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားသည်။

အာဏာပိုင်များက အဆိုပါကလေးများအား အင်္ဂါနေ့က တစ်နေကုန်ရှာဖွေပြီးနောက် အလာဘားမားအဝေးပြေးလမ်းမကြီးအနီး၌ မြှုပ်ထားသည့် ကလေးများကို တွေ့ရှိခဲ့ရသည်ဟု ဒေသဆိုင်ရာ မီဒီယာသတင်းတွင် ဖော်ပြသည်။

မစ္စတာဂျုံးစ်က စုံစမ်းစစ်ဆေး ရေးမှူးများကို ကလေးများမြေမြှုပ်ထားသည့်နေရာသို့ လိုက်လံပြသခဲ့ကြောင်း အလာဘားမား ပြည်သူ့လုံခြုံရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ တပ်ကြပ်ကြီး စတိမ်ဂျာရက်တ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

မစ္စတာဂျုံးစ်အား စနေနေ့က စစ်ဆေးရေးဂိတ်တစ်ခု၌ ရပ်တန့်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးမှု နှင့်ပတ်သက်၍ ဖမ်းဆီးထားသည်။

ဘီဘီစီ
ကလေးငါးဦးကိုသတ်ပြီး အခြားပြည်နယ်တစ်ခု၌ စွန့်ပစ်ခဲ့မှုဖြင့် အမေရိကန်ဖခင်တစ်ဦးအား သံသယ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရေနံ၊ သဘာဝ ဓာတ်ငွေ့လုပ်ငန်း စာချုပ်များတွင် လူမှုပတ်ဝန်းကျင် သက်ရောက်မှုများ ထည့်သွင်းရန်လို

ပြည်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစိုးရနှင့် ကုမ္ပဏီများအကြား သဘောတူညီမှု ယူရာတွင် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အလေးပေး ထည့်သွင်းရန် လိုအပ်နေကြောင်း သိရသည်။

Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဘယ်လိုပုဒ်မနဲ့ စွဲချက်တင်လိုက်ပြီလဲ

Bi မွန်းတည့်နေဂျာနယ် သတင်းသမားငါးဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့သာ စွဲချက်တင်ဖို့ ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီနေ့ (စက်တင်ဘာလ ၁၁) မှာ အမိန့်ချလိုက်ပါတယ်။

ရွှေဈေးအကျကြမ်းပြီး ၀ယ်ယူစုဆောင်းသူနည်း

 ရွှေဈေးနှုန်းများ မှန်းထားသည်ထက် ပိုမိုကျဆင်းနေ၍၀ယ် ယူစုဆောင်းသူ နည်းပြီး ရွှေသမားများသာ အဓိကရောင်းဝယ်နေကြောင်း သတင်းရရှိသည်။

အက်ပ်ပဲလ်ထုတ်ကုန်သစ်ပြပွဲတွင် U2 အဖွဲ့ အယ်လ်ဘမ်ကို iTunes ၌အခမဲ့ နားဆင်နိုင်

Photo: အက်ပ်ပဲလ်ထုတ်ကုန်သစ်ပြပွဲတွင် U2 အဖွဲ့ အယ်လ်ဘမ်ကို iTunes ၌အခမဲ့ နားဆင်နိုင်
Thursday, September 11, 2014

 iTune သုံး စွဲသူသန်း ၅၀၀ အတွက် အက်ပ် ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာလန်ရော့ခ်အ ဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံး ထွက်ရှိထားသော တေး အယ်လ်ဘမ်ကို လွှင့်တင် လိုက်ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော  အက်ပ်ပဲလ် ကုမ္ပဏီ၏   ထုတ်ကုန်သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်း ဝက်ဘ်ဆိုက်တွင် အခမဲ့နားဆင်နိုင်မည်ဟု ထုတ်ပြန်သည်။

 အက်ပ်ပဲလ်ကုမ္ပဏီက iPhone သစ်နှစ်မျိုး၊ စမတ်နာရီ တစ်မျိုးနှင့် မိုဘိုင်း ဖုန်းငွေပေးချေ မှု စနစ်တစ်ခုတို့ကို ထုတ်ဖော်ပြသ ခဲ့သည့် ကယ်လီဖိုးနီး ယားပြည် နယ် ကူပါတီနိုမြို့တွင်   ကျင်းပ သော အခမ်းအနား၌ ဂရမ်မီဆုရ U2 အဖွဲ့က နောက်ဆုံးထွက်ရှိထားသောသီချင်း 'The Miracle'ဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့သည်။

U2 အဖွဲ့နောက်ဆုံးထွက်ရှိ ထားသည့် သီချင်း ၁၁ ပုဒ်ပါဝင် သောတေး အယ်လ်ဘမ် သစ်ကို iTunes အသုံးပြုသူများချက်ချင်း နားဆင်နေကြပြီဖြစ်သည်။ သို့ သော် iTunes မှနားဆင်သူအရေအတွက်ကို ယင်းအယ်လ်ဘမ် အား အခမဲ့နားဆင်ခွင့်ပြုခြင်းဖြစ် သောကြောင့် တေးသီချင်းရောင်းချမှုအရေအတွက် မှတ်တမ်း တွင် ထည့်သွင်းသွားမည်မဟုတ်ပေ။

U2 အဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် Songs of Innoce nce ဟု အမည်ပေး ထားသည့် သီချင်းသစ်လေးပုဒ်စတင်ဖြန့်ချိ သွားမည်ဖြစ်သည်။

Ref: Reuters
7Day DAILY
iTune သုံးစွဲသူသန်း ၅၀၀ အတွက် အက်ပ်ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာလန်ရော့ခ် အဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံး ထွက်ရှိထားသော တေးအယ်လ်ဘမ်ကို လွှင့်တင်လိုက် ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော  အက်ပ်ပဲလ်ကုမ္ပဏီ၏ ထုတ်ကုန်သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်းဝက်ဘ်ဆိုက်တွင် အခမဲ့နားဆင်နိုင်မည်ဟု ထုတ်ပြန်သည်။

အီရတ်အပြင် ဆီးရီးယားတွင်ပါ IS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မည်ဟု အိုဘားမားပြောကြား

Photo: အီရတ်အပြင် ဆီးရီးယားတွင်ပါ IS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မည်ဟု အိုဘားမားပြောကြား
Thursday, September 11, 2014

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အီရတ်တွင်သာ မကဘဲ ဆီးရီးယား တွင်ပါ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ပြီး အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို ဖြိုခွင်းသွားမည်ဟု ကြေညာခဲ့သည်။

အမေရိကန် တိုက်လေယာဉ်များသည် အီရတ်တွင် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များကို လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်နေခဲ့ပြီး ဖြစ်သည်။ ယခုအခါ အီရတ်ရှိ ဝေဟင်ထိုးစစ် ဆင်နွှဲမှုများကို အရှိန်မြှင့်တင်မည်ဖြစ်ပြီး ဆီးရီးယားတွင်ပါ ဖြန့်ကျက် တိုက်ခိုက်သွားရန် အိုဘားမားက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ သက်တမ်းတစ်လျှောက်တွင် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ စစ်ဆင်ရေးများ ဆင်နွှဲမှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်လေ့ရှိသည့် အိုဘားမားသည် ဆီးရီးယားနှင့် အီရတ်တို့တွင် ဩဇာကြီးလာပြီး ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများ ကျူးလွန်နေသည့် စစ်သွေးကြွ အဖွဲ့နှင့် ပတ်သက်၍ မူဝါဒသစ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သိပ်ကို ရှင်းလင်းပါတယ်။ ISIL (IS၏ ယခင်အမည်ဟောင်း) အဖွဲ့ရဲ့ အင်အားကို ဆုတ်ယုတ်သွားအောင် လုပ်ဆောင်မယ်။ အဲဒီကနေတစ်ဆင့် အဆုံးစွန် ပျက်သုဉ်းသွားစေမယ်။ ISIL ကို တိုက်ခိုက်ဖို့အတွက် ထိရောက်ပြီး ရှည်ကြာတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ် ဖော်ဆောင်ရပါမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာက အမေရိကန်ဟာ ကိုယ့်နိုင်ငံကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက် သမားတွေကို လိုက်လံရှာဖွေ ချေမှုန်းမယ်။ သူတို့ ဘယ်နေရာမှာပဲ ရှိရှိပါ။ ဒါကြောင့် ဆီးရီးယားမှာဖြစ်စေ၊ အီရတ်မှာဖြစ်စေ ရှိနေတဲ့ ISIL အဖွဲ့တွေအပေါ် တိုက်ခိုက်ဖို့ ကျွန်တော် နှောင့်နှေးနေမှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။ အိုဘားမားသည် ရုပ်မြင်သံကြား မိန့်ခွန်းအတွင်းတွင် အစ္စလာမ်မစ် နိုင်ငံတော်ဆိုသော စကားလုံး၏ အတိုကောက်ဖြစ်သော IS ဆိုသည့် အမည်ကို ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲ ခေါ်ဝေါ်သွားသည်ကို တွေ့ရသည်။

ISအဖွဲ့သည် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုများကို လွှင့်တင်ခဲ့သည်။ အဆိုပါ အခြေအနေသည် အမေရိကန်အပေါ် IS က ကြီးကြီးမားမား ခြိမ်းခြောက်လာမှုကို ညွှန်ပြနေကြောင်း နိုင်ငံတကာရေးရာ အကဲခတ်များက ယူဆထားသည်။

အိုဘားမားက “သမ္မတ တစ်ယောက် အနေနဲ့ ကျွန်တော် ကျင့်သုံးတဲ့ အခြေခံ အနှစ်သာရက အမေရိကန်ကို ခင်ဗျားတို့ ခြိမ်းခြောက်ခဲ့တယ်ဆိုရင် ခင်ဗျားတို့အတွက် လုံခြုံတဲ့ နိဗ္ဗာန်ဘုံတစ်ခု ရှာတွေ့မှာ မဟုတ်ဘူး ဆိုတာပဲ”ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။

IS အဖွဲ့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားတို့ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် သတ်မှတ် ထူထောင်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် မျိုးနွယ် ကွဲပြားသူများအပေါ် ရက်စက်စွာ ပြုမူနေသည့် အစွန်းရောက် စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ အိုဘားမားက IS တို့အပေါ် တိုက်ခိုက်ခြင်းသည် အီရတ်နှင့် အာဖဂန် နစ္စတန်တို့တွင် ဆင်နွှဲခဲ့သည့် စစ်ပွဲများကဲ့သို့ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ပြီး အမေရိကန် ခြေလျင်တပ်များ သွားရောက် တပ်စွဲသည့် အခြေအနေမျိုး မဖြစ်နိုင်ကြောင်း အလေးအနက် ရှင်းလင်းခဲ့သည်။

“အမေရိကန် ပြည်သူတွေ အားလုံးကို သေချာ နားလည်စေချင်တာက အီရတ်နဲ့ အမေရိကန် စစ်ပွဲတွေနဲ့ယှဉ်ရင် လက်ရှိ လုပ်ဆောင်မှုတွေက ဘယ်လိုဘယ်ပုံ ကွာခြားတယ် ဆိုတာကိုပါ။ နိုင်ငံခြား တိုင်းပြည်တွေမှာ အမေရိကန်ရဲ့ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်တာမျိုး ရှိလာမှာ မဟုတ်ပါဘူး”ဟု အိုဘားမားက ပြောကြားသွားသည်။

Ref: Channelnewsasia
7Day DAILY
အမေရိကန်သမ္မတဘာရတ်အိုဘားမားက အီရတ်တွင်သာမကဘဲ ဆီးရီးယားတွင်ပါ လေကြောင်း တိုက် ခိုက်မှုများပြုလုပ်ပြီး အစ္စလာမ်မစ် နိုင်ငံတော်(IS)စစ်သွေးကြွအဖွဲ့ကို ဖြိုခွင်းသွားမည်ဟု ကြေညာခဲ့သည်။

ကမ္ဘာကျော် ဝေါ့ဒစ္စနေးဇာတ်ကောင်များ ကိုယ်တိုင် တင်ဆက်မည့် ဖျော်ဖြေပွဲ ပထမအကြိမ်ကျင်းပ

ကမ္ဘာကျော်ကာတွန်း ဇာတ်ကောင်များဖြစ်သည့် မစ်ကီ၊ မင်နီအပါအ၀င် ဝေါ့ဒစ္စနေး(Wilt Disney) ဇာတ်ကောင် များ ကိုယ်တိုင်ကပြမည့်တင်ဆက်မှုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သွားရန် အစီ အစဉ် ရှိကြောင်း သတင်းရရှိသည်။

ပါကစ္စတန်တွင် တမံတစ်ခု ဖောက်ချလိုက်၍ ကျေးရွာအချို့ ရေလွှမ်း

Photo: ပါကစ္စတန်တွင် တမံတစ်ခု ဖောက်ချလိုက်၍ ကျေးရွာအချို့ ရေလွှမ်း
Thursday, September 11, 2014

မြို့ပြဧရိယာတစ်ခုကို ရေလွှမ်းမိုးမှု လျှော့ချနိုင်ရန်အတွက် တမံတစ်ခုကို ဖောက်ချလိုက်ခြင်းကြောင့် ပါကစ္စတန်ရှိ ကျေးရွာနှစ်ခုကို ဆိုးဆိုးရွားရွား ရေလွှမ်းသွားခဲ့သည်။

ဟိမဝန္တာနှင့် ဆက်စပ်နေသည့် ကက်ရှ်မာ ဒေသတွင် ပြီးခဲ့သည့် သီတင်းပတ် ကတည်းက ဖြစ်ပေါ်နေသည့် ရေကြီး ရေလျှံမှုများကြောင့် ပါကစ္စတန်တွင် လူပေါင်း(၂၅၀)ကျော်ထိ သေဆုံးခဲ့ပြီး ဖြစ်သည်။ စက်တင်ဘာ (၁၀)ရက်ကမူ လူနေထူထပ်သည့် ပန်ဂျပ်ပြည်နယ်ရှိ မြို့ပြဒေသများတွင် ရေလွှမ်းမိုးမှုကို လျှော့ချရန်အတွက် အရေးပါသော တမံတူးမြောင်း တစ်ခုကို ဖောက်ချလိုက်ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေး အာဏာပိုင်များက ဆိုသည်။

တမံကို ဖောက်ချလိုက်သည့်အတွက် ရွာနှစ်ရွာတွင် နေအိမ်များရော၊ လမ်းများပါ ရေလွှမ်းသွားပြီး ဒေသခံများက အိမ်ခေါင်မိုးများပေါ် တက်၍ ခိုလှုံနေရသည်။ ပါကစ္စတန်တွင် ဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှုများသည် (၂၀၁၀)နောက်ပိုင်း အဆိုးဆုံး အခြေအနေလည်း ဖြစ်သည်။ (၂၀၁၀)ပြည့်နှစ် ရေကြီးမှုသည် နိုင်ငံသမိုင်းတွင် အဆိုးဆုံး မှတ်တမ်းဝင်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၁၇၀၀)ကျော် သေဆုံးခဲ့သည်။

အာဏာပိုင်များက ပန်ဂျပ်ရှိ ဂျာဟန်းမြို့တွင် ရေကြီးမှု စိုးရိမ်အခြေအနေထိ ရောက်ရှိလာသည့်နောက် တမံအတားအဆီးကို ဖောက်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “အခုလို တမံကို ဖောက်ချလိုက်တယ် ဆိုတာက ဂျာဟန်းမြို့ခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ နောက်ဆုံး ရွေးချယ်ရာ အခြေအနေပါ။ မြို့ကို ကယ်တင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ အရေးပါသော အရာရှိ တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ဂျာဟန်းတွင် လူပေါင်းလေးသိန်းကျော်မျှ နေထိုင်ပြီး အဆိုးရွားဆုံး အခြေအနေကို ရှောင်လွှဲရန်အတွက် တမံဖောက်ချလိုက်ခြင်းဟု ကာကွယ်ရေး၊ ရေအရင်းအမြစ်နှင့် စွမ်းအင်ဝန်ကြီး ခါဝါဂျအာဆစ်ဖ်ကလည်း ပြောကြားခဲ့သည်။ ပန်ဂျပ် ဒေသခံ တစ်ဦးဖြစ်သည့် မူဟာမက် ဇူလ်ဖီကာက “ရေတွေ အလုံးအရင်း စီးဝင်လာတာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ တချို့ရွာတွေမှာဆိုရင် ရေထုက (၈)ပေလောက်ထိ တက်လာတယ်။ ဒီတော့ ရွာခံတွေက အိမ်တွေကို စွန့်ပစ်ပြီး ခေါင်မိုးပေါ်တက်ရင်း ရေဘေးခိုနေရတယ်”ဟု ဆိုသည်။

လတ်တလောတွင် ရေဘေးသင့် ကျေးရွာများသို့ လှေငယ်(၁၀၀)ကျော် စေလွှတ်ကာ လူပေါင်း(၄၀၀၀)ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY
မြို့ပြဧရိယာတစ်ခုကို ရေလွှမ်းမိုးမှု လျှော့ချနိုင်ရန်အတွက် တမံတစ်ခုကို ဖောက်ချလိုက်ခြင်းကြောင့် ပါကစ္စတန်ရှိ ကျေးရွာနှစ်ခုကို ဆိုးဆိုးရွားရွား ရေလွှမ်းသွားခဲ့သည်။

ဩစတြေးလျတွင် အီဘိုလာ ကူးစက်သည်ဟု သံသယရှိသူ တစ်ဦးကို သီးသန့်ခွဲခြား ကုသပေးနေ

Photo: ဩစတြေးလျတွင် အီဘိုလာ ကူးစက်သည်ဟု သံသယရှိသူ တစ်ဦးကို သီးသန့်ခွဲခြား ကုသပေးနေ
Thursday, September 11, 2014

အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော အခြေအနေကြောင့် မိမိတို့ နိုင်ငံသားတစ်ဦးကို သီးသန့် ခွဲခြား စောင့်ကြည့်ကုသပေးနေကြောင်း ဩစတြေးလျ ဆေးရုံတစ်ခုက ကြေညာခဲ့သည်။

အာဖရိက နိုင်ငံတစ်ခုသို့ သွားရောက်ခဲ့ဖူးသည့် အဆိုပါ ဩစတြေးလျ နိုင်ငံသားတွင် အီဘိုလာရောဂါနှင့် ဆင်တူသည့် လက္ခဏာများ ပြသလာခဲ့သဖြင့် ယခုကဲ့သို့ ခွဲခြားဖယ်ရှားထားခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးဌာန တာဝန်ရှိသူများက အနောက်အာဖရိကကို ခြိမ်းခြောက်နေသည့် ကြောက်မက်ဖွယ် ရောဂါဆိုး ဩစတြေးလျသို့ ရောက်ရှိလာခြင်းဟု ယူဆရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဆိုသည်။

အသက်(၂၀)ကျော်မျှရှိသည့် အမျိုးသားကို ကွင်းစ်လန် ပြည်နယ်ရှိ ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံသို့ တင်ပို့ထားသည်။ ၎င်းကို ပြုစုကုသနေသည့် ကျန်းမာရေး ဝန်ထမ်းအားလုံးသည် လိုအပ်သော အကာအကွယ် ပစ္စည်းများကို အသုံးပြုနေကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် (၂)ရက်က အနောက်အာဖရိကမှ ပြန်ရောက်လာသည့် အမျိုးသားသည် ထိုစဉ်ကတည်းက အပြင်းအထန် ဖျားနာလာခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြားထားသည်။

ဂိုးလ်ကို့စ် ကျန်းမာရေး တာဝန်ရှိသူများက အဖျားတက်ခြင်း အပါအဝင် အီဘိုလာ ရောဂါ၏ လက္ခဏာများ ပြသနေသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူနာကို ခွဲခြားထားရှိသော်လည်း ကနဦး စစ်ဆေးမှုများအရ ယင်းရောဂါ လက်တွေ့ ဖြစ်ပွားနေသည်ဟု ယူဆနိုင်လောက်စရာ မတွေ့ရကြောင်း ဆိုသည်။

“နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေကြောင့် လူနာကို သီးခြားခွဲထားတာ ဖြစ်ပါတယ်”ဟု ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံ ၏ ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေးဌာနမှ ဒေါက်တာ ဂျွန်ဂါရတ်က ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ ပြောနိုင်တာက ဒီလူနာက အီဘိုလာ ကူးစက်လာတာ ဖြစ်နိုင်ဖို့ အခြေအနေ အင်မတန် နည်းပါးတယ် ဆိုတာပါပဲ”ဟုလည်း ၎င်းက ပြောကြားသွားသည်။

လူနာအတွက် တိကျသော ဆေးစစ်မှတ်တမ်းများသည် အစောဆုံးအဖြစ် စက်တင်ဘာ (၁၁)ရက် ညနေပိုင်းတွင် ရရှိလာမည်ဟု မျှော်လင့်ရသည်။ ယခုနှစ်အတွင်း အနောက်အာဖရိက နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါပိုးကြောင့် လူပေါင်း(၂၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY
အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော အခြေအနေကြောင့် မိမိတို့ နိုင်ငံသားတစ်ဦးကို သီးသန့် ခွဲခြား စောင့်ကြည့်ကုသပေးနေကြောင်း ဩစတြေးလျ ဆေးရုံတစ်ခုက ကြေညာခဲ့သည်။

ရေစင်နှင့် ဖုန်းရွှေပညာသုံးပြီး အနှောင့်အယှက် အစီအရင်တွေကို ဖယ်ရှင်းမယ့် ထိုင်းဝန်ကြီးချုပ်

Photo: ရေစင်နှင့် ဖုန်းရွှေပညာသုံးပြီး အနှောင့်အယှက် အစီအရင်တွေကို ဖယ်ရှင်းမယ့် ထိုင်းဝန်ကြီးချုပ်
Thursday, September 11, 2014

ဘန်ကောက်မြို့က  အ စိုးရ  အိမ်တော်ကို ပြောင်းရန် ပြင်ဆင်နေသည့်အချိန်မှာ ထိုင်းဝန်ကြီးချုပ်သစ် ပရာယွတ်ချန်အိုချာက သူ့ ကို အနှောင့်အယှက်ပေးသည့် ဂြိုဟ်စီးဂြိုဟ်နင်းအစီအရင်တွေ ကို ဖယ်ရှားသုတ်သင်ရန်အတွက် ကြိုးပမ်း အားထုတ်နေပါသည်။

အသက်(၆၀)နှစ်ရှိပြီဖြစ် သည်။ ပရာယွတ်သည် မေလ ၂၂ ရက်က ထိုင်းစစ်တပ် အာဏာ သိမ်းမှုကနေဒီမိုကရေစီနည်းကျ စွာ ရွေးချယ်ခံရသည့်ဝန်ကြီးချုပ် အဖြစ် စည်းစနစ်ကျစွာအချိတ် အဆက်မိမိဆောင်ရွက်ခဲ့သူဖြစ် သည်။ အာဏာကို အကွက်ကျကျ သိမ်းပိုက်ပြီးသည့်   နောက်မှာ မကျေနပ်မှုများကို   စနစ်တကျ အဆုံးသတ်စေခဲ့ပါသည်။

ထိုကဲ့သို့ ဂရုတစိုက်ကိုင် တွယ်အကွက်ချမှုများကို အစိုးရ အဖွဲ့ထိသို့ပင် သူကသယ်ဆောင် သွားပါသည်။ ပရာယွတ်မတိုင်မီ က နိုင်ငံရေးသမားများ၊ စစ်ဗိုလ် ချုပ်များလိုပင်    သူကလည်း ဝိညာဉ်လောကတန်ခိုးအဆောင် အယောင်တွေကို ယုံကြည်သည်။ တနင်္လာနေ့က အစိုးရအိမ်တော် သို့ ပြောင်းရွှေ့ရာတွင် ကံကောင်း ခြင်းတွေသယ်ဆောင်လာသည့် အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များ နှင့် ဘာသာရေး အဆောင်အယောင် များကို သယ်လာကြတာကို မြင် တွေ့ရသည်။

သို့ရာတွင် သူ၏ယုံကြည်မှု က သာမန်ဘာသာရေးကိုင်းရှိုင်း မှုထက်ပိုပါသည်။ ပြီးခဲ့သည့် အပတ်က ပရာယွတ်ကခေါင်းက နေ ခြေဖျား အထိမြင့်မြတ်သော ရေ စင် များကို သွန်းလောင်းခဲ့ပြီး ရန်သူတွေက သူ့ကိုကျိန်ဆိုဖို့ ကြိုးစားနေသည် အတွက် လုပ်ရ ခြင်းဖြစ်သည်ဟု ပရိသတ်များ အား ပြောကြားခဲ့သည်။

သို့သော် သူ၏ဝိညာဉ်လော ကအပေါ် အမြင်နှင့်မကောင်း ဆိုးရွားများ အပေါ် အခမ်းအနား များဖြင့် တိုက်ထုတ်နေမှုများသည် ထိုင်းအစိုးရ၏ မူဝါဒများကို လွှမ်း မိုးစရာမရှိပါဟု   ထိုင်းစစ်တပ် အရာရှိများက ပြောကြားသည်။

‘‘ထိုးအများစုလိုပဲ ဗိုလ်ချုပ် ကြီးပရာယွတ်က ဝိညာဉ်လောက ကို ထဲထဲဝင်ဝင်လေးစားယုံကြည် မှုရှိတယ်။ ဒါပေမဲ့ သူရဲ့မူဝါဒတွေ ကိုတော့ အရေးကြီးတာ၊ လက် တွေ့ကျတာနဲ့ လူတွေရဲ့လိုအပ် တာတွေနဲ့ပဲ ဆုံးဖြတ်မှာပါ’’ဟု ထိုင်းစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗီရာချွန်ဆုခွန်တပတီ ပတ်က ပြောကြားသည်။

တိုးတက်ခေတ်မီနေသည့် အသွင်အပြင်ရှိနေသော်လည်း ထိုင်းနိုင်ငံလူများ၏ နေ့စဉ်ဘဝ တွင် ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် က ရိုးရာကိုးကွယ်ယုံကြည်မှုများ က လွှမ်းမိုးနေဆဲဖြစ်သည်။

တနင်္လာနေ့က ထိုင်းဝန်ကြီး ချုပ်၏ အစိုးရအိမ်တော်သို့ ပြောင်း ရွှေ့မှုသည် မိနစ်နှင့်အတိအကျ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ် သည်။ ပရာယွတ်၏ အစိုးရအဖွဲ့ သည် စက်တင်ဘာ ၉ ရက် (အင်္ဂါနေ့)၉နာရီတွင် စအလုပ်လုပ်ကြ သည်။ ထိုင်းနိုင်ငံမှာကကိန်းဂဏန်း များက အရေးပါအဓိပ္ပာယ်ရှိလှ သည်။ ထိုင်းဘာသာဖြင့် ကိုး ဂဏန်းကိုကောင့်အိုလိုခေါ်ပြီး ကံကောင်းသည့် နံပါတ်ဟုယူဆ ကြသည်။ သူက ထိုင်းလိုရှေ့သို့ တိုးတက်မှုဟု အဓိပ္ပာယ်ရသည့် ကောင့်နားဆိုသည့် အသံထွက် နှင့်လည်း ဆင်ပါသည်။

ထို့အပြင် ဝန်ကြီးချုပ်ပရာ ယွတ်၏ ရုံးခန်းရှိ ပရိဘောဂ အဆောင်အယောင်များမှာလည်း တရုတ်ရိုးရာယုံကြည်မှုဖြစ်သည့် ဖုန်းရွှေနည်းအရ စီစဉ်နေရာချ ထားခြင်းဖြစ်သည်။ တရုတ်ရိုးရာ အရ စကြဝဠာကြီးသည် မြေ၊ ရေ၊ မီး၊ သစ်သား၊ သတ္တု စသည့် ဒြပ်စင်ငါးမျိုးဖြင့် ဖွဲ့စည်းထား သည်ဟု ယုံကြည်ကြသည်။

‘‘ပြဿနာတွေကို လျင်လျင် မြန်မြန် ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး ပရာယွတ်ရဲ့စားပွဲကို အရှေ့ အရပ်မှာထားတယ်’’ဟု ဝန်ကြီး ချုပ်၏ လက်ထောက်တစ်ဦးက ပြောကြားသည်။ သူက စစ်တပ် အကြီးအကဲဖြစ်သည့်အတွက် အစိုးရအိမ်တော်အဆောက်အအုံ က အရောင်အများစုကိုလည်း သူ နှင့်တည့်သည့် အစိမ်းရောင်ကို သာသုံးထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင် လတ်ကိုဆန့်ကျင်သည့်အုပ်စုများ က  ဝန်ကြီးချုပ်ယင်လပ်အစိုးရ အဖွဲ့ပြုလုပ်ထားသည့် အောက် လမ်းအစီအရင်များကို တန်ပြန် ဆန့်ကျင်သည့်အခမ်းအနားတစ် ခုကို အဆိုပါအစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့ကြပါသည်။

ထိုအုပ်စုအဖွဲ့ဝင်များက အစိုးရအိမ်တော်၏ အဓိကဝင် ပေါက်တွင် ဗုဒ္ဓရုပ်ပွားတော်သုံးခု ကိုထားရှိပြီး အောက်လမ်းနည်း များကိုဖျက်ပစ်ပြီဟု အုပ်စုခေါင်း ဆောင်ပြောကြားခဲ့သည်။

ဝေဖန်အကဲခတ်သူများက တော့ ထိုကဲ့သို့သော ယုံကြည်မှု များသည် ဒီမိုကရေစီစနစ်နှင့် နိုင်ငံရေးခေါင်းဆောင်၏ အယူ အဆယုံကြည်မှုကို နိုင်ငံရေးတွင် ရည်စူးမှုအား ထိခိုက်စေသည်ဟု ဆိုပါသည်။

‘‘ဥပမာ ဗေဒင်ဆရာတွေကို ဘယ်နေ့ ဘယ်အချိန်စစ်အာဏာ သိမ်းရမလဲလို့ ဆုံးဖြတ်ခိုင်းတာ မျိုးပေါ့’’ဟု လူမှုရေးအဖွဲ့အစည်း တစ်ခုမှ ကျွမ်းကျင်သူကန်ယုယွန် က ပြောသည်။

‘‘ဒါပရာယွတ်တစ်ယောက် တည်းတင်မဟုတ်ဘူး။ ထိုင်း ခေါင်းဆောင်တွေအားလုံးပဲ ဒီလို လုပ်တာ အန္တရာယ်ရှိပါတယ်’’

တကယ်ဖြစ်ရပ်နှင့်အောက် ခြေက နိုင်ငံရေးအခြေအနေကို သုံးသပ်ရမယ့်အစား ဗေဒင်ကို ယုံကြည်ကိုးစားနေခြင်းက အခြေ အနေပိုဆိုးလာစေသည်ဟု သူက ဆိုသည်။

၂၀၀၆ ခုနှစ် စစ်အာဏာ သိမ်းမှုမတိုင်မီကလည်း ထိုင်း နိုင်ငံက နာမည်ကျော်ဗေဒင်ဆရာ ဝါရင်ဘူဝီရလတ်က ထိုင်းစစ်တပ် အာဏာသိမ်းမှုဖြစ်ပြီး ဗိုလ်ချုပ် ကြီးဆွန်သီက ဦးဆောင်ရမည်ဟု အခါပေးပြောဆိုခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ဆွန်သီက ထိုင်းဝန်ကြီးချုပ်သက် ဆင်ကို ဖြုတ်ချကာ အာဏာသိမ်း ခဲ့သည်။ ဗေဒင်ဆရာဝါရင်က ထို အကြောင်းကို သူ၏စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။

ယခုလည်း ရိုးရိုးဖြောင့် ဖြောင့် ပြတ်ပြတ်ပြောတတ်သူ ဗိုလ်ချုပ်ပရာယွတ်က ထိုင်းဝန် ကြီးချုပ် ယင်လပ်ဆီက အာဏာ သိမ်းခဲ့သည်။ သို့သော်လည်း သူက ပြီးခဲ့သည့်အပတ်က အစည်း အဝေးမှာ အောက်လမ်းနည်းအစီ အရင်များကို ရည်ညွှန်းပြောဆို လိုက်သည့်အခါ လူတွေအံ့အား သင့်ခဲ့ရသည်။

‘‘ကျွန်တော်လည်ချောင်း တွေရောင်ပြီး လည်ပင်းနာနေ တယ်။ တစ်ယောက်ကပြောတယ် ဒါလူတွေက ကျွန်တော်ကို ကျိန် စာတိုက်ထားတာတဲ့။ ဒါကြောင့် ရေစင်တွေကို     ခေါင်းကနေ လောင်းပြီး တစ်ကိုယ်လုံးဖျန်းပစ် လိုက်တာပါ’’

(ထိုင်းအခြေစိုက်ရိုက်တာသတင်း ဌာနကရေးသားသော New Thai PM uses holy water, fengshui to ward off occult သတင်း ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7Day DAILY

စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးအဖြစ်မှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွတ်ချန်အိုချာ
စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးအဖြစ်မှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွတ်ချန်အိုချာ
ဘန်ကောက်မြို့က  အ စိုးရ  အိမ်တော်ကို ပြောင်းရန် ပြင်ဆင်နေသည့်အချိန်မှာ ထိုင်းဝန်ကြီးချုပ်သစ် ပရာ ယွတ်ချန် အိုချာက သူ့ကို အနှောင့်အယှက်ပေးသည့် ဂြိုဟ်စီးဂြိုဟ်နင်းအစီအရင်တွေကို ဖယ်ရှား သုတ်သင် ရန် အတွက် ကြိုးပမ်းအားထုတ်နေပါသည်။

သီချင်းခွေသစ်ထုတ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေမယ့် 2PMအဖွဲ့

Photo: သီချင်းခွေသစ်ထုတ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေမယ့် 2PMအဖွဲ့
Thursday, September 11, 2014

ကိုရီးယားလူငယ်ဂီတအဖွဲ့2PMသည် ၎င်းတို့ နောက်ဆုံးထုတ်ခဲ့သည့် သီချင်းခွေတွင် လေးနက်သောစိတ်ကူးများတင်ပြခဲ့သော်လည်း ယခုထပ်မံထွက် ရှိမည့် စတုတ္ထမြောက်အယ်လ်ဘမ်၌ မြူးကြွမြန်ဆန်သောတေး သီချင်းများကို စီစဉ်ထားသည်။

'Go Crazy' ဟုအမည်ပေးထားသော သီချင်းခွေကို စက်တင်ဘာ ၁၅ရက်တွင် စတင်ဖြန့်ချိ မည်ဖြစ်သည်။ ထို့အပြင် 2 PMအဖွဲ့သည် လာမည့်လတွင်လည်း ကမ္ဘာပတ်ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေသည်။ ယင်းအတွက်ပိုစတာများနှင့် အခြားအကြောင်းအရာများကို JYP အန်တာတိန်းမန့်ဝက်ဘ်ဆိုက်တွင် တရားဝင် ထုတ်ပြန်ထား သည်။ 2PM အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်တွင် ထိုင်း၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့၌ ဖျော်ဖြေမှုများပါဝင်သည်။ 

ယင်းဖျော်ဖြေပွဲကို အောက်တိုဘာ ၃ရက်တွင် ဆိုးလ်မြို့တောင်ပိုင်း Jamsil Sports Complex မှ စတင်မည်ဖြစ်သည်။  

Ref: All Kpop
7Day DAILY
ကိုရီးယားလူငယ်ဂီတအဖွဲ့2PMသည် ၎င်းတို့ နောက်ဆုံးထုတ်ခဲ့သည့် သီချင်းခွေတွင် လေးနက်သော စိတ်ကူးများ တင်ပြခဲ့သော်လည်း ယခုထပ်မံထွက် ရှိမည့် စတုတ္ထမြောက်အယ်လ်ဘမ် ၌ မြူးကြွမြန် ဆန်သောတေး သီချင်းများကို စီစဉ်ထားသည်။

အက်ပ်ပဲလ်ထုတ်ကုန်သစ်ပြပွဲတွင် U2 အဖွဲ့ အယ်လ်ဘမ်ကို iTunes ၌အခမဲ့ နားဆင်နိုင်

iTune သုံး စွဲသူသန်း ၅၀၀ အတွက် အက်ပ်ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာ လန်ရော့ခ်အ ဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံး ထွက်ရှိထားသော တေး အယ်လ်ဘမ်ကို လွှင့်တင် လိုက်ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော  အက်ပ်ပဲလ် ကုမ္ပဏီ၏   ထုတ်ကုန် သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်း ဝက်ဘ်ဆိုက်တွင် အခမဲ့နားဆင်နိုင်မည်ဟု ထုတ်ပြန်သည်။

တိုင်းနှင့်ပြည်နယ်တင်ဒါများပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးမည် ကို စိုးရိမ်ကြောင်း ဒုဝန်ကြီးပြော

ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ  အကောင်အထည် ဖော်ရာတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်  အစိုးရ များက    ကန်ထရိုက်လုပ်ငန်းများတင်ဒါခေါ်ရာ၌    ပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံတော်ဘဏ္ဍာများလေလွင့် ဆုံးရှုံးမှုများဖြစ်မည်ကို စိုးရိမ်နေရ ကြောင်း မွေးမြူရေးရေလုပ်ငန်း နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးဦးခင် မောင်အေးကပြောကြားသည်။

အဆက်အသွယ်ပြတ်နေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့သွား

Photo: အဆက်အသွယ်ပြတ်နေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့သွား
Thursday, September 11, 2014

ဆက်သွယ်မှုပြတ်တောက်နေသည့်  ခါကာဘိုရာဇီတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်မှုပြုလုပ်ရန် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့    ကိုယ်ပိုင်လေ ယာဉ်ဖြင့် ထွက်ခွာသွားသည်။

မြန်မာနိုင်ငံမြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) အမြင့်ရှိ အရှေ့ တောင်အာရှ၏ အမြင့်ဆုံးရေခဲ တောင် ခါကာဘိုရာဇီသို့ တက္က သိုလ်ခြေလျင်နှင့် တောင်တက် အသင်း (သဘာဝခေါ်သံဖောင် ဒေးရှင်း)မှ တောင်တက်သမားနှစ် ဦးတက်ရောက်နေခဲ့ကြရာ သြ ဂုတ် ၃၁ ရက်၊ ညနေ ၀၅း၀၁ နာရီ က ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်၍ အလံစိုက်နိုင်ခဲ့ ကြောင်း ရန်ကုန်မြို့ရှိ ဌာနရုံးခန်း သို့ သတင်းပေးပို့ပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်တောက် သွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းတောင်တက်သမား များကို ကယ်ဆယ်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ် ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေး ပေါ်အချက်ပြ ဆက်သွယ်ရေးကိ ရိယာများ၊ တောင်တက်ပစ္စည်း ကိရိယာများ၊ စားနပ်ရိက္ခာများ၊ အသက်ကယ် ဆေးဝါးပစ္စည်း များ၊  ဆရာဝန်များ၊  ထူးဖောင်ဒေးရှင်းမှ အရေးပေါ်ကူညီကယ် ဆယ်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ (ဧ၀ ရက်တောင်ထိပ်သို့ တက်ရောက် မည့်) တောင်တက်သမားများ၊ ခါ ကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူမျိုးများထဲမှ ပထမဆုံးတက် ရောက်နိုင်ခဲ့သူ နမားဂျွန်ဆင်နှင့် ဒေသခံတိုင်းရင်းသားများ၊ ကျန် ထူးဖောင်ဒေးရှင်းဝန်ထမ်းအား လုံးမှ မြန်မာနိုင်ငံမြောက်ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစ ခန်းတို့တွင် အသက်ကယ်ရှာဖွေ ရေးကိစ္စများ၊ ကူညီကယ်ဆယ် ရေးကိစ္စများ ဆောင်ရွက်နိုင်စေ ရန် ပါဝင်ကူညီလျက်ရှိကြောင်း ထူးဖောင်ဒေးရှင်း၏ ဖေ့စ်ဘွတ်ခ် တွင် စက်တင်ဘာ ၁၀ ရက် ညနေက ထုတ်ပြန်ထားသည်။ ပူတာအိုနှင့် ရန်ကုန်မြို့များတွင်လည်း ထူးဖောင်ဒေးရှင်း ၀န်ထမ်းများ၊ အဲပုဂံမှ လေယာဉ်များဖြင့် အ ချိန်နှင့်တစ်ပြေးညီ   လိုအပ်သော ပစ္စည်းများပေးပို့နိုင်စေရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ယခုသွားရောက်သည့် ခရီး စဉ်တွင် သဘာဝခေါ်သံဖောင်ဒေး ရှင်းမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံခြေလျင်နှင့် တောင်တက်အ ဖွဲ့ချုပ် နာယကဖြစ်သည့် စီးပွား ရေးလုပ်ငန်းရှင် ဦးတေဇ၊ ၎င်း၏ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ် ရေးအဖွဲ့သားများ၊ ဦးတေဇရ ဟတ်ယာဉ် မတော်တဆမှုဖြစ်ခဲ့ စဉ်က ပါဝင်ခဲ့သည့် အဖွဲ့သားများလိုက်ပါသွားသည်ဟု ဆိုသည်။

တောင်တက်အဖွဲ့ဝင်များ စက်တင်ဘာ ၉ ရက်တွင် တဟွန် ဒမ်းရွာသို့ ပြန်လည်ရောက်ရှိရန် သတ်မှတ်ထားသော်လည်း တောင်ထိပ်ရောက်အဖွဲ့နှစ်ဦးမှာ တောင်ခြေစခန်းသို့ ပြန်လည်ရောက်ရှိ မလာသေးကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၁၀  ရက် နံနက်တွင်  အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အမှုဆောင်အဖွဲ့ဝင်အချို့ သည် ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နာယက ဦးတေဇဦးဆောင်သော    အဖွဲ့ဝင်များနှင့်အတူ ရှာဖွေရန် စီစဉ်နေသည်။ ထို့အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပူတာအိုအခြေစိုက် အခြေချဗျူဟာတို့ကလည်း ပံ့ပိုးကူညီဆောင်ရွက်ကြမည်ဟု သတင်းရရှိသည်။

‘‘သတ်မှတ်ချိန်အတွင်းမှာ ပြန်လည်ရောက်ရှိတယ်လို့ သတင်းပေးထားပေမယ့် တောင် ခြေက အဖွဲ့ဝင်တွေ ပြန်ရောက် လာပေမယ့် တောင်ထိပ်ရောက် အဖွဲ့နှင့် အဆက်အသွယ်ပြတ်နေ တယ်လို့ သတင်းပေးတယ်။ တခြားလမ်းကြောင်းကနေ ပတ်ပြီး သွားတာလားဆိုတာ မသိရသေးဘူး’’ ဟု ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စက်တင်ဘာ ၉ ရက်က အဆိုပါ နှစ်ဦးသည် တောင်ခြေစခန်းတွင်ရှိသည့် ကျန်တောင်တက်အဖွဲ့ဝင် ခြောက်ဦးနှင့်အတူ တဟွန်ဒမ်းရွာသို့ ပြန်လည်ဆင်းလာပြီဟု သတင်းထုတ်ပြန်ခဲ့ခြင်းမှာ ထိုရွာတွင်ရှိသည့် သတင်းပေးပို့သူနှင့် ပြန်ကြားရေးအဖွဲ့ကြားတွင် နားလည်မှုလွဲပြီး   သတင်းမှား ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့ရဟတ်ယာဉ်ဖြင့် သွားစဉ် (ဓာတ်ပုံ−Htoo Facebook)
ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့ရဟတ်ယာဉ်ဖြင့် သွားစဉ် (ဓာတ်ပုံ−Htoo Facebook)
ဆက်သွယ်မှုပြတ်တောက်နေသည့်  ခါကာဘိုရာဇီတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်မှုပြုလုပ် ရန် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့    ကိုယ်ပိုင်လေ ယာဉ်ဖြင့် ထွက်ခွာသွားသည်။

ကမ္ဘာကျော် ဝေါ့ဒစ္စနေးဇာတ်ကောင်များ ကိုယ်တိုင် တင်ဆက်မည့် ဖျော်ဖြေပွဲ ပထမအကြိမ်ကျင်းပ

ကမ္ဘာကျော်ကာတွန်း ဇာတ်ကောင်များဖြစ်သည့် မစ်ကီ၊ မင်နီအပါ အ၀င် ဝေါ့ဒစ္စနေး (Wilt Disney) ဇာတ်ကောင်များ ကိုယ်တိုင်ကပြမည့် တင်ဆက်မှုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သွားရန် အစီ အစဉ် ရှိကြောင်း သတင်းရရှိသည်။

ရမ်ဆေး ဒဏ်ရာရသော်လည်း မန်စီးတီးနှင့်ပွဲ၌ ကစားနိုင်ရန် မျှော်လင့်

Photo: ရမ်ဆေး ဒဏ်ရာရသော်လည်း မန်စီးတီးနှင့်ပွဲ၌ ကစားနိုင်ရန် မျှော်လင့်
Thursday, September 11, 2014

 ဝေးလ်စ်အသင်းက အန်ဒိုရာကိုနိုင်ခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဒဏ်ရာရခဲ့သည့် အာဆင်နယ် ကွင်းလယ်လူ အာရွန်ရမ်ဆေးသည် လာမည့်စနေနေ့မန်စီးတီးနှင့်  ကစားရမည့်ပွဲ၌ ပါဝင်နိုင်ရန် မျှော်လင့်ချက်ရှိနေ သည်။

ရမ်ဆေးသည် ဝေးလ်စ်လက်ရွေးစင်နှင့် ကစားရာတွင် အန်ဒိုရာအိမ်ကွင်း အက်စတာဒီယိုနေစီယွန်နယ်ကွင်းမှာ မြက်ခင်းတုကွင်းဖြစ်ပြီး ကွင်းအခြေအနေဆိုးရွားလွန်း၍ ခက်ခဲစွာကစားခဲ့ရကာ ခြေချော်လဲ၍ ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

‘‘သူ ဘောလုံးကို တစ်ချက်အကန်မှာ ဒူးဆုံလည်သွားခဲ့တာဖြစ် ပါတယ်။ ပွဲပြီးခါနီးဖြစ်တာပါ။ ဒါပေမဲ့ သူ့မှာ ဒဏ်ရာအန္တရာယ်ဖြစ်လောက်တဲ့ပုံမျိုးတော့ မရှိပါဘူး။ ဒီတစ်ပတ် စနေနေ့မှာ အာဆင် နယ်နဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ရတာပါပဲ’’ဟု ဝေးလ်စ်နည်းပြက ပြောသည်။

ရမ်ဆေးကိုယ်တိုင်ကလည်း ဒဏ်ရာမှာ မည်သို့မှ ထိခိုက်နိုင်မည်မဟုတ်ဟု မျှော်လင့်ကြောင်းဆိုခဲ့ပြီး စနေနေ့တွင် ကစားနိုင်မည်ဟုထင်ကြောင်း ဆိုသည်။ ရမ်ဆေးသည် အာဆင်နယ်အတွက် ပြီးခဲ့သည့် ရာသီက စုစုပေါင်း ၁၆ ဂိုးသွင်းပေးထားပြီး ကွင်းလယ်တွင် အားထားရသည့် ကစားသမား တစ်ဦးဖြစ်သည်။

Ref: ESPN
7Day DAILY
 ဝေးလ်စ်အသင်းက အန်ဒိုရာကိုနိုင်ခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဒဏ်ရာရခဲ့သည့် အာဆင်နယ် ကွင်း လယ်လူ အာရွန်ရမ်ဆေးသည် လာမည့်စနေနေ့မန်စီးတီးနှင့်  ကစားရမည့်ပွဲ၌ ပါဝင်နိုင်ရန် မျှော်လင့်ချက် ရှိနေ သည်။

နိုင်ငံခြားသားအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်း လုံးဝမရှိဟု မန္တလေးတိုင်းဒေသကြီး နယ်လုံဝန်ကြီးပြော

မန္တလေးမြို့တွင် ယခု နှစ်အတွင်း ဗီဇာစည်းကမ်းနှင့် မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင် ဒဏ်ပေး ခဲ့ပြီး  နိုင်ငံခြားသားများအား နိုင်ငံသားစိ စစ်ရေးကတ်ထုတ်ပေးခြင်း လုံးဝ မရှိကြောင်း မန္တလေး တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုးက ပြောကြားသည်။

ဟားခါးတွင် ပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်

စက်တင်ဘာ ၉ ရက် ညနေက ဟားခါးမြို့အနီး ဗဟိုပြု ၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်   လှုပ်ရှားသွားခဲ့ပြီး မိုး သည်းထန်စွာ ရွာသွန်းနေသော ကြောင့် အဆိုပါဒေသတွင် မြေ ပြိုမှုအန္တရာယ် သတိပြု 
ရန်လို ကြောင်း ပညာရှင်များက သတိ ပေးထားသည်။

ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော

Photo: ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော
Thursday, September 11, 2014

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂ လိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။

‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။

နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ   လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။

ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။

‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။

နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿနာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။

7Day DAILY 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ −အီးပီအေ)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ −အီးပီအေ)
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေ မှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

သမ္မတခရီးစဉ်တွင် ကဏ္ဍအများစုအတွက် ဥရောပသုံးနိုင်ငံမှ အကူအညီများရခဲ့

 မြန်မာနိုင်ငံ၏ သယံဇာတနှင့် အရင်းအမြစ်များ စီမံခန့်ခွဲ ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပြည်ထောင်စုစနစ်ကျင့်သုံးရေး နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး တို့တွင် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရန် ကတိက၀တ်များ ကို သမ္မတခရီးစဉ် အတွင်း ရရှိခဲ့ ကြောင်း သတင်းရရှိသည်။