မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Friday, 29 August 2014
မက်ဆီထက် မိမိက ပိုကောင်းဟု ရော်နယ်ဒိုပြော
ဥရောပအကောင်းဆုံး ကစားသမားဆုရရန်ရေပန်းစား နေသည့် ရီးရဲလ် မှ ပေါ်တူဂီ တောင်ပံ တိုက် စစ်မှူး ရော်နယ်ဒို က မက်ဆီနှင့် အပြိုင် အဆိုင်ဖြစ် ခြင်းမျိုး မရှိသော်လည်း မိမိကသာ ပိုကောင်းသည်ဟု ထင်ကြောင်း အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဒီလိုအကျင့်မျိုးတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေတာ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့ အကျိုး ဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင် တန်း အ မှတ် စဉ် (၁) သင် တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မှော်ဘီ တပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
စာမေးပွဲအောင်မြင်ပြီး အလုပ်မ၀င်ခဲ့သော နေ့စားလပေးလစ်လပ် နေရာများတွင် မအောင်မြင်ခဲ့သူများနှင့် အစားထိုးမည်
ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ရန် နေ့စား လပေး ကျောင်းဆရာ၊ ဆရာမ ၁၆၀၀ ကျော်ကို သြဂုတ် ၆ရက်က ခန့်အပ်ထားခဲ့သော်လည်း လာရောက်တာဝန်ထမ်းဆောင် သည့်အရေအတွက် မပြည်မီခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုပြီး မအောင်မြင်ခဲ့သူများအား ပြန်လည် စိစစ် အလုပ် ခန့်အပ် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးကျင့်ခန်းပေါင်က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံရေးပါတီများ ကိုယ်စားပြုမည့် အဖွဲ့ဖွဲ့စည်းရန်ပြင်ဆင်နေ
နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲမူဘောင်အတွက် ဆွေးနွေး ကြသည့် အခါ မြန်မာနိုင်ငံရှိ နိုင်ငံ ရေးပါတီ အားလုံး ကိုယ်စားပြု၍ ဆွေးနွေးနိုင်မည့် အဖွဲ့အစည်း တစ်ခုကို စက်တင်ဘာအတွင်း ဖွဲ့စည်းနိုင်ရန် ကြိုးစားနေကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ပြော ကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာ တွင် နိုင် ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက် သန်းကျော် တောင်းခံ ထားကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာ ၂၅ ရာခိုင်နှုန်း လှူဒါန်းငွေများကို အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့မည်ဟုဆို
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာထဲမှ ၂၅ ရာ ခိုင်နှုန်းလစဉ်လှူဒါန်းငွေများကို နိုင်ငံတစ်ဝန်းရှိ အမှန် တကယ် ဆင်းရဲနွမ်းပါးချို့တဲ့သူများအား ထိရောက်စွာ ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတော်အတွက် ထူးချွန် စွာ ဆောင်ရွက်ခဲ့ကြသူများအား ပညာ ရေး၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဘာသာစကားအခက်အခဲကြောင့် ပြည်တွင်းကစားသမားများ ပြည်ပမှ မခေါ်ယူခြင်းဖြစ်
မြန်မာကစားသမားများကို ပြည်ပနိုင်ငံများမှ ခေါ်ယူကစားခြင်းမရှိသည့် အဓိကအကြောင်းရင်းမှာ ဘာသာ စကား အားနည်းမှုကြောင့်ဖြစ်ကြောင်း ယူ-၁၉ လက်ရွေးစင် လက်ထောက်နည်းပြ ဦးညီညီလတ်က ပြော သည်။
ဆက်လက်ဖတ်ရှုပါရန် »
အမေရိကန် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံသုံးနိုင်ငံတွင် မြန်မာပါဝင်
အမေရိကန်ကားကုမ္ပဏီဖြစ်သော ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားအရောင်းပြခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အာဆီယံနိုင်ငံများ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်နေကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာန စီးပွားရေး နှင့် စီးပွားရေးလုပ်ငန်းရေးရာဌာန မှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နေပြီး ပြည်နယ်နှင့်တိုင်းခြောက်ခု တွင် နေရာ ကွက်မိုးကြီးနိုင်
ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို ထိုင်းဂြိုဟ် တုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ −sattmet.tmd.go.th)
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း ထပ် မံဖြစ်ပေါ်နေပြီး မုတ်သုံလေအား ပြန်ကောင်းနေ ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ခြောက်ခု တွင် နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ထုံးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန် ထင်းအစားကျောက်မီးသွေးသုံးရန် လှုံ့ဆော်မည်
ဝက်ဝံထုံးကုန်းတွင်ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်း အစားကျောက်မီးသွေးကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရန်ကုန်တွင် နေ့ခင်းကြောင်တောင် အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်
သာကေတမြို့နယ်တွင် နေ့ခင်းကြောင်တောင် အချိန်မှာပင် လူမြင်ကွင်း ကားလမ်းပေါ်၌ လူမိုက်အုပ်စုနှစ်စု ချိန်းဆို၍ မင်းမဲ့စရိုက်ဆန်ဆန်ဓားများ၊ တုတ်များဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်
ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက် လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
စတော့အိတ်ချိန်းဈေးကွက် လာမည့်နှစ်တွင် ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေဟုဆို
ငွေကြေးဈေး ကွက် (စတော့အိတ်ချိန်း)ကို လာမည့် ၂၀၁၅ အောက်တိုဘာတွင် စတင်ကျင့်သုံးနိုင် ရန် ဆောင် ရွက်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းများအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်
မြန်မာနိုင်ငံတွင် ပထမဆုံးအမျိုးသမီးဗိုလ်လောင်းသင်တန်း၏ သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက် က မှော်ဘီ အမှတ်(၁) အမျိုးသမီးဗိုလ်လောင်းသင်တန်းကျောင်း၌ပြုလုပ်နေစဉ် (ဓာတ်ပုံ − အေပီ)
ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကုလငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့ဝင် ၄၃ ဦး ဆီးရီးယား နယ်စပ်မှာ ဖမ်းဆီးခံရ
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်လာစဉ်
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာကိုခံခဲ့ရပြီး၊ နောက် တခြား ၈၁ ယောက် ဟာ ဆိုရင်လည်း နယ်စပ်ဖြတ်ကျော် တဲ့ နေရာ အနီး သူတို့ရောက် နေတဲ့ နေရာကနေ မထွက်ခွာနိုင်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လူ ၂၅၀ က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ က အရေးမယူခဲ့ဟု ရိုသာဟမ်မြို့မှ မိန်းကလေး ထုတ်ဖော် ပြောဆို
အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့မှ မိန်းကလေးတစ်ဦးက မြို့တွင်းရှိ အာရှနွယ် ဖွား လူရမ်းကား ၂၅၀ က မိမိအား ဆယ်ကျော်သက် အပျိုစင်ဘ၀ကပင် မုဒိမ်းကျင့်ခဲ့ကြောင့် ရဲတပ်ဖွဲ့သို့ တိုင် ကြား ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တိုင်ကြားမှု ထွက်ပေါ်ခဲ့ သည်။
ဆက်လက်ဖတ်ရှုပါရန် »
အာဏာရှင် ဖန်တီးတဲ့ စားသုံးကုန်ဈေးနှုန်း
ပြုပြင်ရေးလုပ်လို့ မြန်မာ့စီးပွားရေး တိုးတက်လာတာနဲ့အတူ ကုန်ဈေးနှုန်းလည်း ကြီးမြင့်လာဦးမှာမို့ ပြည်သူ လူထု အများစုရဲ့  နေထိုင်စရိတ် ကြီးမားလာဦးမယ်လို့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မကြာမီက ခန့်မှန်းကြပါတယ်။ စီးပွားရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ဈေးနှုန်း တက်တာဟာ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ရန်ကုန်နေ မိသားစု ၅ ဦးရဲ့  လစဉ်အိမ်သုံးစရိတ်ဟာ ကျပ် ၁,၀၀၀ ရှိရာက ၂၀၀၁ ရောက်တော့ ကျပ် ၄၀,၀၀၀ နီးပါး ရှိလာတယ်လို့ ၂၀၁၁ က နေပြည်တော်မှာ ဖတ်ကြား တဲ့ ဒေါက်တာဦးမြင့်ရဲ့  စာတမ်းမှာ ဖော်ပြထားပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
Thursday, 28 August 2014
စာတိုက်ငွေလွှဲနှုန်းများ ၁၀ ဆ လျှော့ချမည်
စာတိုက်ငွေလွှဲနှုန်းတွေကို လာမယ့်စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၁၀ ဆ အထိ လျှော့ချသွားမယ်လို့ နိုင်ငံ ပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်ဝမ်ပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်များ ဝင်ရောက်
တရုတ်စစ်ဘက် လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းပိုင်နက် အတွင်းသို့ တနင်္လာနေ့က ချိုးဖောက် ဝင်ရောက်ခဲ့ရာ ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များ အရေးပေါ် စေလွှတ်လိုက်ရကြောင်း ထိုင်ဝမ်လေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)