စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်း ဇူလိုင် ၂၆ရက်က မိုးကြိုးပြင် အလယ်ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ ကျူးကျော် ဝင်ရောက်ပြီး လေးခွ၊ ခဲများဖြင့် ပစ်ပေါက် ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
Monday, 28 July 2014
မြေယာဈေးကြီးမြင့်မှု အဖြေရှာထိန်းချုပ်ရန် နိုင်ငံတော်အဆင့်ဆွေးနွေးမည်
တစ်နိုင်ငံလုံးတွင် မြေယာဈေးနှုန်းကြီးမြင့်နေခြင်းကို အဖြေ ရှာခြင်းနှင့် ထိန်းချုပ်ခြင်းများ ပြု လုပ်ရန် ဗဟိုအစိုးရက နိုင်ငံတော် အဆင့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ် ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ အင် ဂျင်နီယာမှူးကြီး တစ်ဦးကပြော ကြားသည်။
ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ် တိုက်၍ သေဆုံး

ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေတခုမှာ အင်ဂျင်တလုံးတပ် လေယာဉ်တစီးက လမ်းလျှော က်နေ သူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်ကွင်းအထိ လမ်းလျှောက်ဆန္ဒပြ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်အတွက် စမ်းချောင်းမြို့နယ် မြေနီကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန် မှန် ဘောလုံးကွင်းအထိ လူ ၃၀၀ နီးပါး ဇူလိုင်လ ၂၇ ရက်နေ့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်း ဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူများက ပြောဆိုသည်။
နယ်စပ်ပြဿနာများ ဖြေရှင်းရန် ကော်မတီ ဖွဲ့စည်းပြီးဟု အိန္ဒိယသံရုံး တာဝန်ရှိသူများ ပြောဆို
မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်လျက်ရှိသည့် နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာ၊ အိန္ဒိယဘက်မှ မြေကျူးကျော်မှု များနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်မည့် ကော်မတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အိန္ဒိယသံရုံး တာဝန်ရှိသူများ က ပြောဆိုခဲ့ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက် အဖွဲ့ဝင်များထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုမလုပ်နိုင်လျှင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ရန်အထိကတိခံဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ထုတ်ဖော်ပြောကြား
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ် ဆောင်နေသည့် ပြည်ထောင်စုဝန် ကြီးများအနေဖြင့် မိမိတို့ ၏ဆောင် ရွက်ချက်များကို သတ်မှတ်ကာလအတွင်း မလုပ်ဆောင်နိုင်လျှင် ရာထူး မှနုတ်ထွက်ကြရန်အထိ ကတိခံဆောင် ရွက်နေပါကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက စစ်တွေတွင် တရားဝင်ထုတ်ဖော်ပြော ဆို လိုက် သည်ဟု သိရသည်။
ရန်ကုန်တွင် တာဝန်ထမ်းဆောင်ရန် အထက်တန်းပြ ၄၀၀ ကျော် ခေါ်ယူ၊ လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်နေသော အထက်တန်းပြနေရာ လေးရာကျော်အတွက် ရာထူး တိုးနှင့် အပြောင်းအရွှေ့ လျှောက်ထားသူ အလယ်တန်းပြ ဆရာ၊ ဆရာမများကို လုပ်သက် ကန့် သ တ် ချက် ပယ် ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြာရေးမှူး (စီမံ) ဦးညွှန့်ရွှေ က The Voice သို့ ပြောကြားသည်။
ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ

ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်း၊ ဦးအေးနေ၀င်းတို့ သုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)
မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေး များ က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်း မီဒီယာ များအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ် သက်နေ သည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံးဝယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဦးအေးနေ၀င်းနှင့် ဧရာဝတီ သတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုများရရှိသူများ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်ခြင်းမရှိပါက ပညာတော်သင်ကုန်ကျစရိတ် ၏ သုံးဆပြန် လည်ပေးလျော်ရမည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၇- နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုများ ရ ရှိသူများ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်း ဆောင်နိုင်ခြင်းမရှိပါက ပညာတော် သင်ကုန်ကျစရိတ်၏ သုံးဆပြန်လည် ပေးလျော်ရမည်ဖြစ်ကြောင်း သိရ သည်။
ပြည်ထောင်စုကြီး မပြိုကွဲစေလို
လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး ဆွေးနွေးနေကြ တဲ့နေရာ မှာ အဟန့် အတားရှိနေတယ်လို့ ပြောကြဆိုကြတဲ့ အသံထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ခရီး ပေါက်ပြီ လဲ? တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွင်းထည့်ဖို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်း ထားတဲ့ NCCT ဘက်က တင်ပြထားတဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆို တဲ့အချက်ကိုလည်း အစိုးရဘက်က လက်မခံဘူးလို့ ပြောနေကြတာတွေလည်း ကြားနေရပါတယ်။ ဒါ့အပြင် သဘောတူစာ ချုပ်ထဲမှာ ဖက်ဒရယ် ဆိုတဲ့ စကားလုံးကိုမသုံးဖို့ အစိုးရဘက်ကပြောဆိုတာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အတားအဆီး ဖြစ်နေတယ်လို့ NCCT အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။
ကျောက်မဲရဲစခန်း၌ အချုပ်ခန်း ဖောက်ပြေး၊ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မြို့မ ရဲတပ်ဖွဲ့စခန်းတွင် အချုပ်သား ခုနစ်ဦးက အချုပ်ခန်းဖောက် ကာ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ထွက်ပြေးသဖြင့် ရဲက ပစ်ခတ်ဖမ်းဆီးရာ အချုပ်သားသုံးဦး သေဆုံးပြီး ရဲလေးဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့မ ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။
ဂါဇာမှာ ၂ ဘက် ပြန်လည် တိုက်ခိုက်

အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့တွေ ၂ ဘက်စလုံး၊ ဆက်လက်တိုက်ခိုက်မှု တွေ ပြု လုပ် နေကြပြီး၊ ယာယီ အပစ်ရပ် သဘောတူမှု ကို တခြား တစ်ဘက်က စတင် ဖောက်ဖျက်တဲ့ အကြောင်း၊ အပြန်အလှန် စွပ်စွဲ နေကြပါ တယ်။
ယူကရိန်းအရှေ့ခြမ်း အစိုးရ ထိုးစစ် ဆင်
မလေးရှား လေယာဉ်ပျက်ကျခဲ့ တဲ့၊ ယူကရိန်း နိုင်ငံ အရှေ့ခြမ်းက ဒေသကို၊ ထိန်းချူပ်နိုင်ဖို့ အတွက်လို့ ဆို ကာ၊ ယူကရိန်း အစိုးရ စစ်တပ်တွေ ဟာ၊ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ ကို၊ ပြင်းပြင်း ထန်ထန် တိုက် ခိုက် လာနေပါ တယ်။
နိုင်ငံလုံးချီ အပစ်ရပ်ရေး လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်သင့်၊ မသင့် လိုင်ဇာညီလာခံ ဆုံးဖြတ်မည်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သင့် မသင့်နှင့် ပတ်သက်ပြီး လိုင်ဇာ လက်နက်ကိုင် ထိပ်သီးညီလာခံက ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောဆိုသည်။
ဖိလစ်ပိုင် လူဦးရေ သန်း ၁၀၀ ပြည့်

ဖိလစ်ပိုင်ရဲ့ သန်းတစ်ရာမြောက် လူဦးရေဖြစ်တဲ့ Chonalyn ကို မိခင်ဖြစ်သူ Dailin Duras Cabigayan က ပွေ့ချီထားပြီး အစိုးရပေးတဲ့ မွေးနေ့ကိတ်ကို လက်ခံနေစဉ်
ဖိလစ်ပိုင်နိုင်ငံမှာ သန်း ၁၀၀ မြောက် နိုင်ငံသားအဖြစ် မွေးဖွားတဲ့ ကလေးငယ်လေးကို အစိုးရ အရာရှိတွေ က ကိတ်မုန့်နဲ့ ကြိုဆိုလိုက်တဲ့ တချိန်တည်းမှာပဲ တဖြည်းဖြည်း တိုးပွားလာနေတဲ့ တိုင်းပြည်လူဦးရေကြောင့် ဆင်းရဲနွမ်းပါးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အခု မွေးဖွားလာတဲ့ ကလေးငယ်ကို သင့်တော်တဲ့ လူနေမှု အဆင့် အတန်း ရရှိအောင် ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့အပေါ် စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ အားနည်းချက်ရှိသော ဥပဒေများကို ပြင်ဆင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီ က ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ အားနည်းချက်ရှိသော ဥပဒေများကို ပြင်ဆင် သင့်ကြော င်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီက ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာနှင့် ပတ်သက်၍ ထည့်သွင်းပြော ကြား ခဲ့သည်။
ထိုင်းနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များကို စစ်ဆေးရန်အတွက် မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ ဆိပ်ကမ်းများတွင် (FDA) ရုံးခန်းများ ဖွင့်လှစ်သွားမည်

ပြည်တွင်း၊ ပြည်ပ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ရေယာဉ်များ ဆိုက်ကပ်သည့် မြိတ်ဆိပ်ကမ်း တစ်နေ ရာ ကို တွေ့ရစဉ်
ထိုင်းနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များကို စစ်ဆေးရန်အတွက် မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ ဆိပ်ကမ်းများတွင် (FDA) ရုံးခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MCCI မှ တာဝန်ရှိသူတစ်ဦး က ပြောကြား ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ဆန္ဒပြနေစဉ်
၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်အနောက်ပိုင်း ခရိုင်လုံးကျွတ် ဆန္ဒပြပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှစတင်၍ လူဦးရေ ၅၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ရှိ ဂျေယန်း စစ်ဘေးဒုက္ခသည်စခန်းတွင် ရေကြီး၊ မြေပြို၍ လူသေဆုံးမှု ဖြစ်ပေါ်ပြီးနောက် ဂျေယန်းစခန်းရှိ စိုးရိမ်ရသော အိမ်ခြေ ၁၂၀ ကျော်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ထားရ

မြေပြို၍ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ဂျေယန်း စစ်ဘေးဒုက္ခသည် စခန်းကို တွေ့ရစဉ်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့နယ်အနီး ဂျေယန်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် မိုးသည်းထန်စွာရွာ သွား မှုကြောင့် ရေကြီး၊ မြေပြို၍ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စိုးရိမ်ရသည့် အိမ်ခြေပေါင်း ၁၂၃ ခု ကို ဘေး လွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဂျေယန်းဒုက္ခသည်စခန်းမှ သိရသည်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်
‘‘အောင်ဆန်း’’ရုပ်ရှင်ရိုက်ကူး ရေးကို
ပြည်တွင်းပညာ ရှင်များဖြင့် ၂၀၁၅ ခုနှစ်တွင်စတင် ရိုက်ကူးသွားမည်ဖြစ်ပြီး
ရိုက်ကူးမည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများကို ဇူလိုင် ၂၇
ရက်တွင်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်း ဒါရိုက်တာ
မင်းထင်ကိုကိုကြီး ကပြောသည်။
Subscribe to:
Posts (Atom)