
လူငယ်ထုအတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က လုပ်ငန်းစဉ်များ ချမှတ်ခဲ့သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဟု နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံက ဝေဖန်သုံးသပ်ကြောင်း NLD လူငယ်ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။









