Wednesday, 28 May 2014

ဘာသာပြောင်းဥပဒေကြမ်းပေါ် တုံ့ပြန်မှုများကွဲပြား

Photo: ဘာသာပြောင်းဥပဒေကြမ်းပေါ် တုံ့ပြန်မှုများကွဲပြား
Wednesday, May 28, 2014

သမ္မတခန့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်က ရေးဆွဲထားတဲ့ “ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ (မူကြမ်း)” ထွက်လာပြီဖြစ်ပြီး ဒီအပေါ်မှာ မတူကွဲပြားတဲ့ သဘောထား အမြင်တွေ ရှိနေပါ တယ်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းတာမှာ ဥပဒေလမ်းကြောင်းအတိုင်း စနစ်ကျစေဖို့အတွက် ရည်ရွယ်တယ်ဆိုတဲ့ ဒီဥပဒေမူကြမ်းအပေါ် အများပြည်သူ ရဟန်းရှင်လူတွေဆီက အကြံပြုချက်တွေကို  ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ကို ပေးပို့ကြဖို့လည်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေ ဆန္ဒသဘောထား တောင်းခံထားပါတယ်။ ဥပဒေကြမ်းအပေါ် သဘောထားအမြင်တွေ ဘယ်လိုကွဲနေတာလဲ ဆိုတာကို စုံစမ်းမေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ နေ့စဉ်ထုတ် သတင်းစာတွေမှာ “ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း)” အပြည့်အစုံကို ဖော်ပြပြီး အကြံပြုချက်တွေကို ဖိတ်ခေါ်လိုက်တာပါ။ ဒီလို မိမိတို့ယုံကြည်ရာ ကိုးကွယ်မှု ဘာသာတရား ရွေးချယ်ပိုင်ခွင့်နဲ့ ဘာသာတရား ကူးပြောင်းမှုကို ဥပဒေတရပ်နဲ့ ကန့်သတ်ရေးဆွဲမယ်ဆိုရင် ဥပဒေကို အမြင်ကောင်းအောင် အကြောင်းပြပြီး မလိုလားအပ်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေ၊ အသုံးချတာတွေ ရှိလာမှာကို အစ္စလာမ်ရေးရာ ဘာသာရေးဋ္ဌာနချုပ် (Islamic Religious Affairs Council) အဖွဲ့ဝင် ဦးဝင်းထွန်းစိုးတို့လို လူပုဂ္ဂိုလ်တွေက စိုးရိမ်နေပါတယ်။

“ကျနော်မြင်တာတော့ အဲဒီမှာတော့ စကားလုံးတွေတော့ နားကြားကောင်းအောင်တော့ သေချာစီဖွဲ့ထားတာပေါ့။ လက်ရှိ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကျနော်တို့ အစိုးရအဖွဲ့က နိုင်ငံရေးကစားကွက် တခုလို့ပဲ ကျနော်မြင်တယ်ဗျ။ ဒီဥပဒေကြီးကိုလေ။ Mis-use ပေါ့နော်၊ မလိုအပ်တဲ့နေရာတွေမှာ အသုံးချပြီးတော့၊ လိုတာထက် ပိုချဲ့ကားပြီးတော့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ပိုနာတာပေါ့လေ။ ကျနော်ဆိုလိုတာက အဓိက မလိုလားတဲ့သူတွေက သက်သက် အစဆွဲထုတ်ပြီးတော့ ဒီဟာရဲ့ Reaction ကို ပြောင်းပြန်သက်ရောက်စေမယ် ဆိုလို့ရှိရင် ကျနော်တို့အတွက် နစ်နာစရာတွေ ရှိတာပေါ့လေ။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ မြန်မာပြည်မှာက ဥပဒေဆိုတာက အရင့်အရင် ရှိပြီးသား ဥပဒေတွေ၊ အရင့်အရင် ရှိပြီးသားဟာတွေတောင်မှ ခိုင်ခိုင်မာမာ၊ ကျစ်ကျစ်လျစ်လျစ် မတည်ဆောက်နိုင်သေးတဲ့ အချိန်မှာ အခုကျနော်တို့ နောက်ဥပဒေတခုကို အသားကျဖို့ ဆိုတာက တော်တော် မလွယ်တဲ့ကိစ္စပါ။ ကျနော်စိုးရိမ်မိတဲ့ အဓိကအကြောင်းအရာကတော့ တလွဲအသုံးချခြင်းခံရမှာကို စိုးရိမ်တာပါ။”

တဘက်မှာတော့ ဒီဥပဒေမူကြမ်း ထွက်လာတာကို ကြိုဆိုသူတွေရှိပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အများပြည်သူကို ဗဟိုပြုပြီး ဥပဒေတရပ် ထွက်လာမှာဖြစ်သလို ဘာသာတရား ကူးပြောင်းခြင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်လာနိုင်မှာဖြစ်လို့  အကောင်းဆုံး ဥပဒေတရပ် ဖြစ်လာမယ်လို့ ဦးဇော်အေးမောင် က ယုံကြည်မျှော်လင့်ပါတယ်။

“မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော် ရှိတယ်ဗျာ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်ဆိုတော့ ဒီဥပဒေကို သန်း ၆၀ သော လူတွေထဲက အကြံဥာဏ်ပေးချင်တဲ့လူတွေ၊ အကြံဥာဏ်ပေးပြီးတော့ ရေးဆွဲတော့၊ ဒါဟာ ပြည်သူကို ဗဟိုပြုတဲ့ ဥပဒေတရပ် ဖြစ်လာမှာပေါ့။ ဟုတ်တယ်မို့လား၊ အဲဒါကြောင့် ကျနော်ကြိုဆိုပါတယ်။ ဥပဒေတရပ် ရေးဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းတော့မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ လွှတ်တော်တွေမှာ ပြည်သူတွေ ဆီကလည်း အကြံဥာဏ်တောင်းမယ်၊ သက်ဆိုင်ရာ လွှတ်တော်တွေမှာလည်း ဥပဒေကြမ်း ကော်မတီတွေ၊ ဥပဒေကော်မရှင်တွေရှိတယ်လေ။ အဲဒါတွေက Just and Equality ဖြစ်အောင် သာမာန်ညီမျှမှုရှိအောင် အားလုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်ထားတဲ့အတွက် အကောင်းဆုံး ဥပဒေသတခု ဖြစ်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

ကိုးကွယ်ရာ ဘာသာတရား ကူးပြောင်းလိုတဲ့သူကို သွေးဆောင်၊ ဖြားယောင်း၊ ခြိမ်းခြောက်ခြင်းနဲ့ မလျော်သြဇာ လွှမ်းမိုးခြင်း ကင်းဝေးအောင် မှတ်ပုံတင်ရေးအဖွဲ့က တွေ့ဆုံမေးမြန်းမယ်ဆိုတဲ့ အချက်နဲ့ ကူးပြောင်းလိုတဲ့ ဘာသာကို လေ့လာပြီးမှ သက်သေခံလက်မှတ် ထုတ်ပေးမယ်ဆိုတဲ့အချက်က မြန်မာနိုင်ငံတွင်း လူနည်းစု ကိုးကွယ်တဲ့ ဘာသာတရားအပေါ် နှိပ်ကွပ်တဲ့သဘော ဖြစ်နေတယ်လို့ ဦးဝင်းထွန်းစိုး က သုံးသပ်ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေအရ၊ လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ် တားမြစ်တဲ့ဥပဒေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ရှင်းရှင်းပြောရရင် ဘာသာတရားဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ကြိုက်တဲ့ဘာသာကို ကြိုက်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ကူးပြောင်းပိုင်ခွင့်လည်းရှိသလို၊ ကိုးကွယ်ပိုင်ခွင့်လည်းရှိပါတယ်။ ဒါက လူတဦးချင်းစီမှာ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးလေ။ နောက်တခါ လူနည်းစုတွေဖြစ်တဲ့ ကျနော်တို့ ဘာသာခြားတွေအပေါ်မှာ registration ကဒ် လုပ်ရမယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ တဘက်ကနေပြီးတော့ နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံညွှန်းမီအောင် သွားနေတယ်။ ဒါပေမဲ့ တဘက်အုပ်စုတွေကလည်း ဟို နောက်ပြန်ဆွဲပြီးတော့ တလွဲအသုံးချမယ်ဆိုတဲ့ ပုံစံမျိုးပေါ်မှာ မြင်နေရတယ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ စိုးရိမ်ရတယ်ခင်ဗျ။ အဲ့ဒီအပေါ်မှာကိုတော့ ကျနော်လည်း သဘောမတူပါဘူးခင်ဗျ။”

အခု ဥပဒေမူကြမ်းဟာ တကယ်တမ်း ဥပဒေအဖြစ် ရောက်မလာသေးတဲ့အတွက် မှတ်ချက်ပေးဖို့ စောပါသေးတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောပါတယ်။

“ဒီဥပဒေထွက်လာဖို့ကိုပဲ အဆင့်က အများကြီး ကျနော်တို့က ကျော်ဖြတ်ရဦးမယ်ဆိုတော့ ဒီဥစ္စာ ဥပဒေအဖြစ် ရောက်မရောက် ဆိုတဲ့ဟာကလည်း စဉ်းစားဖို့ရှိပါတယ်။ ဒါကြောင့် အခုကတော့ တော်တော်လေး ပြောဖို့ စောနေပါသေးတယ်။ အကျိုးသက်ရောက်မှုကတော့ ပြောဖို့ တော်တော်လေး စောနေပါသေးတယ်လို့ ကျနော် ထင်ပါတယ်။ ဥပဒေကို မရောက်သေးတော့လေ ဥပဒေအဖြစ် သတ်မှတ်တာကို ဝေဖန်ချက်ပေးဖို့လည်း နည်းနည်းတော့ စောနေဦးမယ်ခင်ဗျ။”

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဥပဒေနဲ့အတူ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ နောက် တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဆိုပြီး ဥပဒေမူကြမ်း လေးရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ဆီ သ၀ဏ်လွှာ အရင် ပေးပို့ခဲ့တာပါ။ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေက ဥပဒေမူကြမ်းတွေကို ရေးဆွဲပြီး လွှတ်တော်ဆီ တင်သွင်းဖို့နဲ့ လွှတ်တော်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အမှန်တကယ် ရဖို့အတွက် အလေးထား စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက က အကြောင်းပြန်ခဲ့ပြီးတဲ့နောက်ပိုင်း အခုဥပဒေမူကြမ်း ပထမဆုံး ထွက်လာတာလည်း ဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ မြန်မာပိုင်း)
သမ္မတခန့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်က ရေးဆွဲထားတဲ့ “ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ(မူကြမ်း)”ထွက်လာပြီဖြစ်ပြီး ဒီအပေါ်မှာ မတူကွဲပြားတဲ့ သဘောထား အမြင်တွေ ရှိနေပါ တယ်။

ထိုင်းနိုင်ငံရေးပြဿနာ Thaksin ပရောဂမကင်းကြောင်း စစ်တပ်ယုံကြည်

Photo: ထိုင်းနိုင်ငံရေးပြဿနာ Thaksin ပရောဂမကင်းကြောင်း စစ်တပ်ယုံကြည်
Wednesday, May 28, 2014

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဇစ်မြစ်ကို လိုက်ကြည့်ရင် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ လွှမ်းမိုးမှုတွေနဲ့ မကင်းတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ အာဏာသိမ်းထားတဲ့ စစ်အစိုးရက ယုံကြည်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ဗိုလ်မှူးကြီး Werachon Sukondhapatipak က ဘန်ကောက်မြို့မှာ အင်္ဂါနေ့က အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ ဘာကြောင့် ဒီလိုထင်သလဲဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။
 
နိုင်ငံရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့က သက်ဆိုင်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာ မူတည်တယ်လို့ သူက ဆိုခဲ့ပါတယ်။ ပညာရေးဝန်ကြီးဟောင်း Chaturon Chaisang ကို ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ စစ်သားတွေက ဝင်ရောက် ဖမ်းဆီးမှုဖြစ်ပြီး မကြာခင်မှာပဲ ဗိုလ်မှူးကြီး Werachon က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံရေးပြဿနာ ပြေလည်မှာ မဟုတ်ဘဲ ပိုပြီးပဲ ဆိုးသွားမှာဖြစ်တဲ့အကြောင်း နိုင်ငံခြားသတင်းထောက်တွေကို အဖမ်းမခံရခင်မှာပဲ သူက ပြောကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်က ဆင့်ခေါ်တာကို သူက အာခံပြီး သွားရောက်ခြင်း မရှိခဲ့ပါဘူး။ ဖြုတ်ချခံခဲ့ရတဲ့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ အများစုကတော့ ဖမ်းဆီးခံနေရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဇစ်မြစ်ကို လိုက်ကြည့်ရင် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ လွှမ်းမိုးမှုတွေနဲ့ မကင်းတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ အာဏာသိမ်းထားတဲ့ စစ်အစိုးရက ယုံကြည်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ဗိုလ်မှူးကြီး Werachon Sukondhapatipak က ဘန်ကောက်မြို့မှာ အင်္ဂါနေ့က အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ ဘာကြောင့် ဒီလိုထင်သလဲဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

ယူကရိန်းသမ္မတ ရွေးချယ်ခံအား အမေရိကန် အပြည့်အ၀ထောက်ခံ

Photo: ယူကရိန်းသမ္မတ ရွေးချယ်ခံအား အမေရိကန် အပြည့်အ၀ထောက်ခံ
Tuesday, May 27, 2014

ယူကရိန်းနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ Petro Poroshenko ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံစည်းလုံးညီညွတ်မှု ရရှိအောင်နဲ့ ရှေ့ကိုဆက်သွားနိုင်ဖို့ ဆောင်ရွက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုက အပြည့်အဝ ထောက်ခံသွားမယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့တဲ့အကြောင်း အိမ်ဖြူတော်က အသိပေးပါတယ်။
 
ယူကရိန်း ပြည်သူအားလုံးရဲ့ မျှော်မှန်းချက်အတိုင်း နိုင်ငံ စနစ်တကျဖြစ်အောင် ပြန်လုပ်ဖို့နဲ့ ယူကရိန်းနိုင်ငံရဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်နိုင်ဖို့နဲ့ ပွင့်လင်းမြင်သာပြီး ယုံကြည်ရတဲ့ အစိုးရဖြစ်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သမ္မတ အိုဘားမား အလေးထား ပြောခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
 
တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ပြဿနာဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရပြန်လည် ထိန်းချုပ်နိုင်ဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်း သက်သက်နဲ့သာ အဖြေရှာဖို့ ယူကရိန်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
 
နိုင်ငံအရှေ့ပိုင်း Donetsk မြို့ လေဆိပ်မှာ တနင်္လာနေ့က လေကြောင်းတိုက်ခိုက်မှုတွေ၊ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်း ပြောကြားခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂပြောခွင့်ရသူက နယူးယောက်မြို့မှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ Petro Poroshenko ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံစည်းလုံးညီညွတ်မှု ရရှိအောင်နဲ့ ရှေ့ကိုဆက်သွားနိုင်ဖို့ ဆောင်ရွက်မှုတွေမှာ အမေရိကန်ပြည်ထောင်စု က အပြည့်အဝ ထောက်ခံသွားမယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့တဲ့အကြောင်း အိမ်ဖြူတော်က အသိပေး ပါတယ်။

Tuesday, 27 May 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြုကြိုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာသော ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force)၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ 

ယူကရိန်း အစိုးရသစ် ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်

Photo: ယူကရိန်း အစိုးရသစ် ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်
နိုင်ငံတကာသတင်း 
Tuesday, May 27, 2014

- သမ္မတသစ် ရွေးကောက် တင်မြှောက်ပြီးနောက် တစ်ရက်အကြာ ယမန်နေ့က နိုင်ငံရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် Donetsk မြို့ နိုင်ငံတကာ လေဆိပ်အား ယူကရိန်း စစ်တပ်က ကြီးမားသည့် ထိုးစစ်ဆင်မှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုစစ်ဆင်ရေးတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများလည်း ရှိခဲ့ပြီး မြေပြင်တပ်ဖွဲ့များကလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ သမ္မတသစ် ပိုရိုရှန်ကို မလာရောက်နိုင်ရန် ထိုလေဆိပ်အား  ခွဲထွက်ရေးသမားများက သိမ်းပိုက်ပြီး နာရီ အနည်းငယ်အကြာတွင် အစိုးရက တိုက်ခိုက်ခဲ့ခြင်ဖြစ်သည်။ Donetsk မြို့ အုပ်ချုပ်ရေးမှူးကမူ ပြည်သူများအား အိမ်အတွင်းတွင် နေကြရန် တိုက်တွန်းထားသည်။

ထိုတိုက်ခိုက်မှု ရပ်တန့်ရန် ရုရှားက တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်မှာ ယူကရိန်းပြည်သူများအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ တနင်္ဂနွေနေ့က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက မိမိအနေဖြင့် ခွဲထွက်ရေးသများနှင့် ဆွေးနွေးမည်မဟုတ်ဘဲ ၎င်းတို့အား ချေမှုန်းသွားမည်ဟု ပြောကြားထားသည်။ ထို့ပြင် ခရိုင်းမီးယားအား ရုရှားမှ ကျူးကျော်မှုကိုလည်း လက်မခံဟု  ၎င်းက ဆိုသည်။

Ref:Agencies 
M-Media
သမ္မတသစ် ရွေးကောက် တင်မြှောက်ပြီးနောက် တစ်ရက်အကြာ ယမန်နေ့က နိုင်ငံရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် Donetsk မြို့ နိုင်ငံတကာ လေဆိပ်အား ယူကရိန်း စစ်တပ်က ကြီးမားသည့် ထိုးစစ်ဆင်မှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့

Photo: ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့
Tuesday, May 27, 2014
 
ထိုင်း နိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မေလ ၂၇ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့် ကို ဖြေလျှော့လိုက်တယ်လို့ ကြေညာပါတယ်။

အခုလို ဖြေလျှော့လိုက်တဲ့ အမိန့်အရ ထိုင်းနိုင်ငံတဝန်း ည ၁၂ နာရီကနေ နံနက် ၄ နာရီထိသာ ည မထွက် ရဆိုတဲ့ အမိန့်သစ်နဲ့ ဖြေလျှော့ ပေးလိုက်တာဖြစ်ပါတယ်။ 

မေလ ၂၂ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နေ့က ထုတ်ပြန်ထားခဲ့တဲ့ ညမထွက်ရ အမိန့်ကတော့ ည ၁ဝ နာရီကနေ မနက် ၅ နာရီထိ ဖြစ်ပါတယ်။  

ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေက ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် ထိုင်း စီးပွားရေးမှာ ထိခိုက်မှုတွေအများကြီးရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီကို ပြောဆိုထားခဲ့ကြပါတယ်။ 

အခုလို ညမထွက်ရ အမိန့်ကို ဖြေလျှော့ ပေးလိုက်တဲ့ အတွက် ည ကလပ်တွေနဲ့ ညပိုင်း စီးပွားရှာရတဲ့ ထိုင်း အခြေခံ လူတန်းစားတွေနဲ့ ထိုင်းစီးပွားရေးသမားတွေလည်း အသက်ရှုချောင်သွားစေတာဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံရေးအရ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ကိုတော့ အခုထိ ဖြေလျှော့မပေးသေးပါဘူး။ 

 ဧရာဝတီ BLOG

 ချင်းမိုင်မြို့ ကျုံအနီး ချန်ဖာ့ခ် မုတ်အနီး ယမန်နေ့က စစ်တပ်က လုံခြုံရေးအပြည့်ယူထားစဉ်၊ 
ဓာတ်ပုံ- လင်းသန့်/ဧရာဝတီ
 ချင်းမိုင်မြို့ ကျုံအနီး ချန်ဖာ့ခ် မုတ်အနီး ယမန်နေ့က စစ်တပ်က လုံခြုံရေးအပြည့်ယူထားစဉ်၊ 
ထိုင်း နိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မေလ ၂၇ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့် ကို ဖြေလျှော့လိုက်တယ်လို့ ကြေညာပါတယ်။

ရှမ်းများကို နှိပ်စက် ဖမ်းဆီးနေမှု သည်းခံ တော့မည် မဟုတ်ဟု ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ်ကို ရှမ်းလူမျိုးများ သတိပေး

Photo: ရှမ်းများကို နှိပ်စက်ဖမ်းဆီးနေမှု သည်းခံတော့မည် မဟုတ်ဟု ကေအိုင်အေ
 (ဒု) စစ်ဦးစီးချုပ်ကို ရှမ်းလူမျိုးများ သတိပေး
Tuesday, May 27, 2014

ရှမ်းလူမျိုးများ အပေါ် ဆက်လက် ဖိနှိပ်ဆက်ဆံနေမှုများအား ရှမ်းလူမျိုးစု အနေဖြင့် သည်းခံတော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်တွင် နေထိုင်သော ဒေသခံ ရှမ်းလူမျိုးများမှ ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ထံသို့ မေလ တတိယပတ်တွင် ကြေညာလိုက်သည်။

မြစ်ကြီးနားမြို့ မနောကွင်းတွင် ဗိုလ်ချုပ်ဂွမ်မော်မှ ဒေသခံ လူထုများနှင့် တွေ့ဆုံခဲ့ရာ ကချင် ပြည်နယ် အတွင်းမှာရှိတဲ့ ကချင် လူမျိုးများနှင့် ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းလူမျိုးများ အပေါ် ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရှမ်းလူမျိုးများသည် ဖိနှိပ်ခံရမှုများ ရှိနေသည့် အတွက် ဒေသခံ ရှမ်းများမှ မကျေနပ်၍ ယခုလို ကြေညာရခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်နဲ့ ရှမ်းလူမျိုးတွေက အတူတကွ လက်တွဲပြီးတော့ တော်လှန်မယ်ဆိုတဲ့ စကားကို လက်မခံဘူး။ ကေအိုင်အေက ကျွန်တော်တို့ ရှမ်းလူမျိုးတွေကို ကချင်နဲ့အတူ တန်းတူ အခွင့်အရေး မပေးခဲ့သလို လက်နက် အားကိုးနဲ့ အနိုင်ကျင့် ဆက်ဆံနေပါတယ်။ ရှမ်းတွေကိုလည်း လူသစ်စုတာထက် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်တယ် ဆိုရင် ပိုမှန်တယ်။ ကျွန်တော်တို့ ရှမ်းတွေဆီကလည်း လက်နက် အားကိုးနဲ့ ရိက္ခာတွေ တောင်းတယ်။ ယောက်ျား၊ မိန်းမ မရွေး အသက်ကြီးငယ် ဖမ်းဆီး ခေါ်ဆောင် သွားတာဟာ ဗိုလ်ချုပ် ဂွမ်မော် အနေနဲ့ အရှက်မရှိတဲ့ မျက်နှာနဲ့ မျက်နှာ ပြောင်တိုက်ပြီး ရှမ်းလူမျိုးတွေကို လူသစ်စုတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ စကားဟာ ရှေ့နောက်မညီပါဘူး”ဟု ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ဦးစိုင်းထွန်းရင်က ပြောသည်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ စည်းလုံး ညီညွတ်သော ဒီမိုကရေစီ (ကချင်) ပါတီမှ ဦးဗတ်ထိန်နန်က “ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးတွေက ဗိုလ်ချုပ် ဂွမ်မော်ကို သတိပေးလိုက်တယ် ဆိုတာကို ကြားတော့ ကြားတယ်။ သူတို့ ဘာတွေ ပြောတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒီကိစ္စကို ကျွန်တော့် အနေနဲ့ သုံးသပ်ရရင်လည်း ကချင်နဲ့ ရှမ်းဆိုတာက ဘိုးဘွား လက်ထက် ကတည်းက အတူနေထိုင်ပြီး တရေတည်း သောက်လာတဲ့ ညီအစ်ကိုတွေပါ။ အခု ကိုယ့်နိုင်ငံထဲမှာ ပဋိပက္ခ ဖြစ်နေတဲ့ အထဲမှာ ကျွန်တော့် အနေနဲ့ လောလောဆယ် သုံးသပ်ဖို့ကတော့ ခက်ခဲပါတယ်။ ကျေးလက်တွေမှာ အခုပြည်သူတွေ ပြောတဲ့အတိုင်း မှန်ကန်နေရင်တော့ မကောင်းဘူး။ အားလုံး ငြိမ်းချမ်းပြီး ညီညွတ်နေရင် ပိုကောင်းမှာပါ”ဟု ပြောသည်။

Credit To:Tomorrow
ရှမ်းလူမျိုးများ အပေါ် ဆက်လက် ဖိနှိပ်ဆက်ဆံနေမှုများအား ရှမ်းလူမျိုးစု အနေဖြင့် သည်းခံတော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်တွင် နေထိုင်သော ဒေသခံ ရှမ်းလူမျိုးများမှ ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ထံသို့ မေလ တတိယပတ်တွင် ကြေညာလိုက်သည်။

ထိုင်းသတင်းထောက်များ ဖမ်းဆီးခံရခြင်းကို စိုးရိမ်ကြောင်း MJNကြေငြာချက်ထုတ်

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကြောင်း မေလ ၂၂ရက်က ကြေငြာခဲ့ပြီးနောက်တွင် သတင်းစာ ဆရာ ၁၈ဦးကို ထိန်းသိမ်း လိုက်သည့် အတွက် မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)က မေလ ၂၇ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

“ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ”

Photo: “ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ”
Tuesday, May 27, 2014 

ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက် ပြီး နန်းသူဇာက 

“ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့ အင်္ဂလန်ကို အားပေး မယ်။ ဘရာဇီးကို သွားချင်တာက တော့ ရုပ်ရှင်တွေ ထဲမှာ ကြည့်ပြီး သွားချင် တာတော်တော် ကြာပြီ။ ဟိုမှာ ဒီက Tour နဲ့သွားမယ်။ ရိုက် ကူးသမျှ မြို့တိုင်းပေါ့။ အဲဒီက Carnival ပွဲတော်ကို လည်း အရမ်း သွားချင်တယ်။ အခုသွားမယ့် အချိန် နဲ့ တိုက်မယ် လို့တော့ ပြော တယ်။ အဲဒီကိုလည်း သွားဖြစ်မှာပါ” လို့ နန်း သူဇာက ပြောပါတယ်။

နန်းသူဇာ တို့အနေဖြင့် Let’s Go ပရိုဂရမ်တွင် ပါဝင်ရိုက်ကူး တင် ဆက်ခဲ့ သည် မှာ ၅လ ကျော်ပြီ ဖြစ်ပြီး မြန်မာပြည်တွင်း ရှိ ငပလီ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားဘက် များတွင် လည်း ပြည်တွင်း အလှအပ များကို ရိုက်ကူး တင်ဆက်ပြ သ ပေးခဲ့ပြီး ဖြစ်ပြီး အဆိုပါ အစီအစဉ် များကို မြဝတီ ရုပ်သံမှ ထုတ်လွှင့်လျက် ရှိကြောင်း သိရပါတယ်။ နန်းသူဇာ က ဇွန် ၃ ရက်မှာ ပြုလုပ်မယ့် Hip Hop Beach Party မှာလည်း ပါဝင်တက် ဆက်ဖို့ ရှိနေပြီး နန်းမြတ်ဖြိုးသင်း နဲ့ အတူ ထွက်ရှိထားတဲ့ Friend တေး စီးရီးရဲ့ MTV ကိုလည်း ရိုက်ကူးလျက် ရှိတယ်လို့ သိရ ပါတယ်။

“ဟိုကိုသွားမယ့်ရက်က အစက တည်းက ကြိုသိထားတော့ အဲဒီရက် မှာ အလုပ်တွေတော့ ရှောင်ထားတာ ပေါ့။ နန်းသူ ဇာ တို့ MTV ကလည်း အ ခုရိုက် လက်စ ပါ။ ဘရာဇီး က ပြန်လာ ပြီး ၈လပိုင်း လောက် မှာ တော့ MTV ထွက် နိုင်ဖို့အတွက် ကြိုးစားနေပါ တယ်” လို့လည်း နန်း သူဇာက ပြောပြ ခဲ့ပါတယ်။

Popular Journal
ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက် ပြီး နန်းသူဇာက  “ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့ အင်္ဂလန်ကို အားပေး မယ်။ ဘရာဇီးကို သွားချင်တာက တော့ ရုပ်ရှင်တွေ ထဲမှာ ကြည့်ပြီး သွားချင် တာတော်တော် ကြာပြီ။ ဟိုမှာ ဒီက Tour နဲ့သွားမယ်။ ရိုက် ကူးသမျှ မြို့တိုင်းပေါ့။ အဲဒီက Carnival ပွဲတော်ကို လည်း အရမ်း သွားချင်တယ်။ အခုသွားမယ့် အချိန် နဲ့ တိုက်မယ် လို့တော့ ပြော တယ်။ အဲဒီကိုလည်း သွားဖြစ်မှာပါ” လို့ နန်း သူဇာက ပြောပါတယ်။

နိုင်ငံရေးပါတီများအတွက် မြေကွက်နှင့်ကားချပေးရန် ကမ်းလှမ်း

Photo: နိုင်ငံရေးပါတီများအတွက် မြေကွက်နှင့်ကားချပေးရန် ကမ်းလှမ်း
Tuesday, May 27, 2014 

နိုင်ငံရေးပါတီများအတွက် မြေကွက်နဲ့ မဲဆွဲစည်းရုံးသွားလာရာမှာ အသုံးပြုနိုင်ရေး ကားပါမစ်တွေ ချပေးဖို့ ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးကို စာပေးပို့ ကမ်းလှမ်းလိုက်ပါတယ်။

သက်ဆိုင်ရာပါတီတွေ ပါတီရုံးဖွင့်ဖို့နဲ့ သွားရေးလာရေး အခက်အခဲကူညီပေးဖို့  ပါတီတခုကို ကား ၅ စီးနှုန်း အခွန်လွတ်တင်သွင်းခွင့်ပေးဖို့နဲ့ နိုင်ငံပိုင် လစ်လပ်တဲ့နေရာမှာ သင့်တော်တဲ့ မြေကွက်နဲ့ အခန်းတွေကို ခွင့်ပြုပေးဖို့ ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးကို  မေ ၂၂ ရက်စွဲနဲ့ တင်ပြထားတာပါ။

tlw4 copyဒီအကြောင်းနဲ့ ပတ်သက်ပြီး  နိုင်ငံရေး ပါတီတွေကို မေ ၂၆ ရက်နေ့မှာ  ကော်မရှင်က  အကြောင်းကြားခဲ့တယ်လို့ နိုင်ငံရေး ပါတီတွေကပြောပါတယ်။

နိုင်ငံရေး ပါတီတွေ နဲ့ ရွေးကောက်ပွဲ ကော်မရှင် တွေ့ဆုံရာမှာ ပါတီတွေက နေရာ၊ ရန်ပုံငွေအခက်အခဲ ရှိတာတွေကို တင်ပြခဲ့ပြီးတဲ့နောက် နိုင်ငံရေး ပါတီတွေရဲ့ တောင်းဆိုချက်အတိုင်း အကောင်ထည်ဖော် လုပ်ဆောင်တာလို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

အစိုးရက ကားပါမစ်တွေပေးပြီး သင့်တော်တဲ့နေရာတွေ ချပေးမယ်ဆိုရင် အဆင်ပြေနိုင်သလို လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲကို သူက အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီက ရုံးမရှိဘူး၊ တော်တော်လေး အခက်အခဲရှိတယ်။ ၂၀၁၀ တုန်းကဆို ရွေးကောက်ပွဲကာလမှာ သုံးလေးကြိမ်လောက် နေရာပြောင်းရတယ်။ အိမ်ခန်းတွေဆို မငှားရဲဘူး၊ ငှားပြီးရင်လည်း ရွှေ့ရပြန်ပြီ။ အခုလက်ရှိနေရာလည်း သြဂုတ်လမှာ ပြောင်းရတော့ဆိုတော့ ငှားဖို့အိမ် လိုက်ရှာနေတယ်။ ရုံးအခက်အခဲရှိတယ်။ ကားရှိရင်လည်း ကောင်းတာပေါ့။ ကျနော်တို့မှာ ကားမရှိဘူး၊ အထောက်အပံ့လည်း မရှိဘူး။ နိုင်ငံရေးလုပ်ငန်းစဉ်အရ ကိုယ့်အချင်းချင်းတွေစိုက်ပြီး ပါတီဝင်တွေရဲ့ ရန်ပုံငွေနဲ့ လုပ်နေရတယ်။”

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ဦးစောသန်းမြင့်ကတော့  အစိုးရက ကားပါမစ်နဲ့ သင့်တော်တဲ့ မြေကွက် အခန်းတွေချပေးခဲ့မယ်ဆိုရင် ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသား ပါတီတွေ အတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတွေအတွက်တော့ အားဖြစ်မယ်လို့ ယူဆပါတယ်။ ကျနော်တို့လို တိုင်းရင်းသားပါတီတွေက ငွေကြေးအင်အားမရှိဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေလို ပါတီကို တနည်းတလမ်းနဲ့ ထောက်ပံ့ပေးတဲ့ သဘောဖြစ်တယ်။ ပါတီငယ်တွေ၊ ပါတီလတ်တွေကျတော့ အထောက်အပံ့တွေ ရကြတာမဟုတ်ဘူး။ ဘယ်သူမှလည်း အလေးထားဘူး ကူညီကြတာမဟုတ်ဘူး။ ခရိုနီတွေကလည်း အင်အားကြီးတဲ့ပါတီကိုသာ ကူညီကြတာ။ အင်အားအလယ်အလတ်နဲ့ အင်အားသေးတဲ့ ပါတီတွေကျတော့ နိုင်ငံတော်က တကယ်လုပ်ပေးတယ်ဆိုရင်၊ တကယ်တမ်းဖြစ်လာမယ်ဆိုရင် ကျေးဇူးတင်ရမှာပါ။ ပါတီငယ်တွေအားလုံး၊ တိုင်းရင်းသားပါတီတွေအားလုံးက ပေးမယ်ဆိုရင်တော့ လိုအပ်တယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကတော့  ဒီလိုထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်တာကို အယုံအကြည်မရှိဘူးလို့ ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ထံမှာ နိုင်ငံရေး ပါတီအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ရရှိထားတဲ့ ပါတီပေါင်း ၆၅ ပါတီရှိပါတယ်။  အရင်ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း အစိုးရက  ကားတင်သွင်းခွင့် ပါမစ်များ ချပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

DVB
နိုင်ငံရေးပါတီများအတွက် မြေကွက်နဲ့ မဲဆွဲစည်းရုံးသွားလာရာမှာ အသုံးပြုနိုင်ရေး ကားပါမစ်တွေ ချပေးဖို့ ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးကို စာပေးပို့ ကမ်းလှမ်းလိုက်ပါတယ်။

ထိုင်းအာဏာသိမ်းမှုဂယက် မြန်မာလုပ်သားများ အကျပ်တွေ့

ထိုင်းနိုင်ငံတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထား၍ ထိုင်းရောက် မြန်မာများ၏ အလုပ်ချိန်များ လျော့နည်းကာ ဝင်ငွေများ လျော့ကျနေပြီး အချိန်ကြာလာသည်နှင့် အမျှအခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့နေ ရကြောင်း လုပ်သား အရေး ဆောင်ရွက်သူများနှင့် မြန်မာလုပ်သားများထံမှ သိရှိရသည်။ 

အစ္စရေးနှင့် ပါလက်စတိုင်း တို့ အကြား ငြိမ်းချမ်းရေး ပိုမို တိုးမြှင့် ဆောင်ရွက်ရန် ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းများအား ဆက်လက်ရှာဖွေသွားကြရန် အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မေ ၂၅ ရက်တွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ အမှန်တကယ် ငြိမ်းချမ်း ရေး ရရှိလာမည်ဖြစ်ပြီး စိတ်ကူးယဉ် အိပ်မက်တစ်ခုအဖြစ် ကျန်ရှိနေလိမ့်မည် မဟုတ်ကြောင်းနှင့် အစ္စရေး နိုင်ငံအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းလုံခြုံစွာ နေထိုင်သကဲ့သို့ ပါလက်စတိုင်း အနေဖြင့်လည်း ထိုကဲ့သို့ သော ဆန္ဒများရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အဘာ့စ်တို့အား ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ရန်အတွက် ပုပ်ရဟန်း မင်းကြီး နေထိုင်ရာပရိဝုဏ်သို့ အလည်အပတ် လာရောက်ကြရန် ပုပ်ရဟန်းမင်းကြီးက ဖိတ်ကြားခဲ့သည်။ 

အူရီးဒူးက ကျောင်းများအပါအ၀င် နေရာတစ်ရာခန့် အင်တာနက်အခမဲ့ သုံးနိုင်အောင် ဆောင်ရွက်မည်

ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးအော်ပရေတာက စာသင်ကျောင်းနှင့် အများပြည်သူ အသုံးပြုနိုင်သောနေရာ တစ်ရာခန့်တွင် တစ်နှစ်အတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။ 

အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ

Photo: အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ
Tuesday, May 27, 2014

အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။ 

(၁) အရေပြားနီမြန်းခြင်း
အရင်က အရေပြားယားယံနီမြန်း တာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည်ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။ 

(၂) အဆိပ်သင့်ခြင်း
အဆိပ်ရှိတဲ့ အရာတိုင်းကို ဦးခေါင်း ခွံအား ကြက်ခြေခတ်ပြီး ဖော်ပြထားလေ့ မရှိပါဘူး။ ဒါကြောင့် မတော်တဆအဆိပ် သင့်မှုဖြစ်ခဲ့ပြီဆိုရင် Ipecac Syrup ကို ဆောင်ထားပါ။ အန်အောင် လှုံ့ဆော်ပေး နိုင်တာကြောင့် အဆိပ်တွေ ထွက်သွား နိုင်ပါတယ်။ 

(၃) အင်းဆက်ကိုက်ခြင်း
အင်းဆက်တွေက ပူတဲ့ အချိန်တွေ မှာ ပိုပေါတတ်ပါတယ်။ အင်းဆက်အ ကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲ ဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်း ဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲ တင်း ကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြ သင့်ပါတယ်။ 

(၄) ဝမ်းပျက်ဝမ်းလျှောခြင်း
လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် ပါတယ်။ ဝမ်းပိတ်ဆေးတွေ ရှိပေမယ့် အလွန်ပြင်းထန်တဲ့ ဝမ်းလျှောတဲ့အခြေ အနေမှသာ သုံးသင့်ပါတယ်။ ဝမ်းလျှော နေရင် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ် ဆားတွေ ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဓာတ်ဆားရည်ကို သောက်ပေးပါ။ 

(၅) သွားကိုက်ခြင်း
သွားကိုက်နေရင် လေးညှင်းဆီကို ကိုက်တဲ့ သွားနေရာပေါ် သုတ်လိမ်းပေး ပါက ကိုက်ခဲနာကျင်မှု သက်သာစေနိုင် ပါတယ်။ ဂွမ်းစကို လေးညှင်းဆီထဲဆွတ် ပြီး နာကျင်တဲ့ သွားနေရာပေါ် တင်ပေး ပါ။ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာ ကလည်း ရောင်ရမ်းနာကျင်မှုကို လျော့ ပါးစေနိုင်ပါတယ်။ 

(၆) အရေပြားစုတ်ပြဲခြင်း
အရေပြားစုတ်ပြဲဒဏ်ရာက နာ ကျင်မှုကို မဖြစ်စေနိုင်ပေမယ့် ကူးစက်ပိုး ဝင်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါ တယ်။ အရေပြားထဲ အမှိုက်တွေရှိ၊ မရှိ အရင်စစ်ဆေးကြည့်ရှူပြီး ဖယ်ရှားပါ။ ပြီး ရင် ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပေး ပါ။ 

(၇) လျှပ်စစ်ရှော့ခ်ရခြင်း
လျှပ်စစ်ရှော့ခ်ရတာကြောင့် အရေ ပြားမီးလောင်ကာ အရေးပေါ် ဆေးကုသ ဖို့ လိုအပ်နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းမရောက်ခင်မှာ လုပ်သင့်တဲ့ အရေး ပေါ်ကုထုံးက မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချတာ၊ ပဋိဇီဝပိုးသတ် ဆေးလိမ်းဆေးလိမ်းပေးတာတွေကို ပြု လုပ်ပေးပါ။ 

(၈) နေလောင်ခြင်း
နေလောင်တာကြောင့် အရေပြား နာကျင်နီမြန်းမှု ခံစားရရင် ရေအေးဝတ် ဖိပေးတာ၊ နို့အေးသုတ်လိမ်းပေးတာတွေ ကို ပြုလုပ်ပေးပါ။ တစ်နေ့မှာ သုံးကြိမ်လေး ကြိမ်လောက် မိနစ် ၂၀ ခြားပြီး လုပ် ပေးနိုင်ပါတယ်။ ရောင်ရမ်းနီမြန်းမှု သက် သာစေဖို့ (အရွယ်ရောက်သူဖြစ်ရင်) အက်စ်ပရင်ဆေးကို သောက်ပေးနိုင်ပါ တယ်။ 

(၉) အဆစ်လွဲခြင်း
လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ်ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင် ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကို မှီ ဝဲသင့်ပါတယ်။ အဆစ်နာမှုအများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect) အနားယူပါ (Rest)၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ (NSAIDs)၊ ဖိထားပါ (Compress)၊ မြှင့်ထားပါ (Elevate)ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင် ပါတယ်။ 

Good Health
အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။ 

မောင်တောတွင် ခြိမ်းခြောက် ငွေတောင်းသည့် ဘင်္ဂါလီတစ်ဦးထံမှ လက်နက်ဖမ်းမိ

လက်နက်ကိုင် အကြမ်းဖက်တပ်ဖွဲ့များ မကြာခဏ ဝင်ရောက်လေ့ရှိသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရှိ ဦးဒေါင်းကျေးရွာအုပ်စု ဇုံမာဘင်္ဂါလီကျေးရွာ ဒေသခံများထံမှ ခြိမ်းခြောက် ငွေတောင်းယူသည့် ဘင်္ဂါလီ တစ်ဦး ကို သေနတ်နှင့်အတူ မေလ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း ဦးဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ပြောကြားသည်။

ထိုင်းတော်ဝင်မင်းသမီး ကိုယ်အပေါ်ပိုင်းဗလာနဲ့ G-String ဝတ်ပုံတွေ ပေါ်ထွက် video ဖိုင်ကိုလည်း youtube မှာ ပြန့် နှံ့ 

ပီးခဲ့တဲ့ ဆယ်နှစ်က ထိုင်းတော်ဝင်မင်းသား Maha ၏ ကြင်ယာတော် တော်ဝင်မင်းသမီး Srirasmi ၏ ကိုယ်အပေါ်ပိုင်းဗလာနဲ့ G-String ဝတ်ပုံတွေဟာ ထိုင်းစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

အငှား ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများကို တင်းကျပ်ရန် ညှိနှိုင်းနေ

Photo: အငှား ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများကို တင်းကျပ်ရန် ညှိနှိုင်းနေ
Tuesday, May 27, 2014

အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်)  ကိုင်ဆောင်သော ယာဉ်မောင်းများကို  ကြပ်ကြပ်မတ်မတ် ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

ယင်းကဲ့သို့ ညှိနှိုင်းရာ၌ “င လိုင်စင် ကိုင်ဆောင်ထားသော ယာဉ်မောင်းများကို အရည်အချင်း ဆိုင်ရာ ပြန်လည် စစ်ဆေးမှုများ၊ လိုအပ်ပါက ပညာပေးသင်တန်း ပို့ချမှုများ၊ လူတွေ့မေးမြန်း စစ်ဆေးမှုများ အစ ရှိသည့် ကို ဆောင်ရွက်နိုင်ရန် အတွက် ရထားပို့ဆောင်ရေး ၀န်ကြီး ဌာနနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ တို့ ညှိနှိုင်းနေကြခြင်း ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သေချာတာ ကတော့ အရင်ကထက် တင်းတင်းကျပ်ကျပ် လုပ်သွားဖို့ ရှိတယ်၊ နောက်ပြီး အရင်လို ကိုယ်စားလှယ်သက်တမ်း တိုးခွင့် မပြုဖို့ အတွက်ပါ ညှိနှိုင်းနေတယ် ဟု ၎င်း ကပြောသည်။

လက်ရှိတွင် လိုင်စင်သက်တမ်း တိုးမြှင့်မှုကို ယာယီရပ်ဆိုင်းထားပြီး၊ ညှိနှိုင်းမှုအဖြေ ရရှိပြီးမှသာပြန်လည် သက်တမ်းတိုး ခွင့်ပြုသွားမည် ဖြစ်သည်။ ယာဉ်မောင်းဆိုသည်မှာ ခရီးသည်များစွာ၏ အသက်ကို ယာဉ်ပေါ်တင်၍ မောင်းနှင် ကြရသူများ  ဖြစ်သောကြောင့် ယင်းကဲ့သို့ တင်းကျပ် သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

အဲဒီလို ကြပ်ကြပ်မတ်မတ် လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ပိုသဘောကျတယ်။ ဒီလိုမှမဟုတ်ရင် ယာဉ်မောင်းတွေက ဘာမှ နားမလည် ဘဲ မောင်းနေကြသလို ဖြစ်တော့ ကိုယ်က မမှားလည်း သူတို့ကမှားရင် ကိုယ်ပါ ဒုက္ခရောက်နိုင်တယ်  ဟု ယာဉ်မောင်းသက် တမ်းနှစ် (၃၀) ကျော်ရှိပြီး ဖြစ်သော အငှားယာဉ်မောင်း လိုင်စင်ကိုင်  ဦးအောင်နိုင် က ပြောသည်။

ထို့အပြင် ယာဉ်တိမ်းမှောက်မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် အဆိုပါ အငှားယာဉ်မောင်းများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယာဉ်မောင်း လိုင်စင်သက်တမ်း ကုန်ဆုံးနေသူများ၊ လုံးဝ မရှိသူများနှင့် အတုပြု လုပ်မောင်းနှင် နေသူများကို စိစစ်တွေ့ ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စိုးထက်ဝင်း
The Messenger
အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်)  ကိုင်ဆောင်သော ယာဉ်မောင်းများကို  ကြပ်ြ
ကပ် မတ်မတ် ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက် ဆွေးနွေး

အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း (Open Society Foundation) တို့ ဦးဆောင်ကာ မေလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။ 

အစာအဆိပ်သင့်မှု ဖြစ်ပွား၊ ကျောင်းသား (၁၂) ဦး အတွင်းလူနာ အဖြစ် ကုသမှုခံယူနေရ

Photo: အစာအဆိပ်သင့်မှု ဖြစ်ပွား၊ ကျောင်းသား (၁၂) ဦး အတွင်းလူနာ အဖြစ် ကုသမှုခံယူနေရ
Tuesday, May 27, 2014

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ သဖြင့် ကျောင်းသား (၁၂) ဦး မုံရွာ ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူနေ ရကြောင်း  သိရ သည်။ အဆိုပါ ဖြစ်စဉ်မှာ ယင်းမာပင် ခရိုင် ဆားလင်းကြီး မြို့နယ် အတွင်းရှိ 
ထနောင်းကုန်း ပရဟိတ ကျောင်းတွင် ယမန်နေ့ က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

 ဖြစ်စဉ်မှာ ထနောင်းကုန်း ပရဟိတကျောင်းတွင် မေလ (၂၅) ရက်နေ့  နံနက်ပိုင်းတွင် ကြာဇံကြော် ကျွေးမွေးခဲ့ပြီး၊ နေ့လယ်စာ အဖြစ် ၀က်သားဟင်း၊  ပဲကြီးနှပ်၊ မန်းကျည်းရွက် ချဉ်ရည်ဟင်း နှင့် ငါးဟင်း ကျွေးမွေးခဲ့ကာ ညနေစာ ကိုလည်း ၄င်း ဟင်းအကျန် များဖြင့် ကျွေးမွေး ခဲ့ကြောင်း သိရသည်။  မေလ (၂၆) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ကျောင်းသား (၂၀) ဦးမှာ မူးဝေအော့အန်ပြီး၊ အထက်လန် အောက်လျော ဖြစ်သဖြင့် ထနောင်းကုန်း ပရဟိတကျောင်းမှ နာယက ဆရာတော် ဦးဆောင်ကာ မုံရွာ ဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရကြောင်း ဆေးရုံ မှတ်တမ်းများ အရ သိရသည်။

မနေ့က ၀က်သားဟင်း၊ ပဲကြီးနှပ်၊ မန်ကျည်းရွက်ချဉ်ရည်ဟင်းနဲ့ ငါးဟင်းကျွေးတုန်းက ဘာမှမဖြစ်ခဲ့ဘူး။ ဒီနေ့ မနက်ပိုင်း ကျတော့ ကျောင်းသားတွေ ၀မ်းပျက်ဝမ်းလျောတွေ ဖြစ်ပြီး၊ အော့အန် တော့တာပဲ။ အခု ကျောင်းသားရှစ်ဦးက သက်သာလို့ ကျောင်းကို ပြန်ပို့လိုက်ပြီ။

ကျန်တဲ့ ကျောင်းသား (၁၂) ဦး ကတော့ အတွင်းလူနာ အဖြစ် ဆေးရုံကြီးမှာ ကုသမှု ခံယူနေရတယ် ဟု ထနောင်းကုန်း ပရဟိတကျောင်း မှ နာယက ဆရာတော် ဦးကောဝိဒ က မိန့်ကြားသည်။ အဆိုပါ ထနောင်းကုန်း ပရဟိတကျောင်းတွင် ကျောင်းသားပေါင်း (၇၅) ဦး ရှိပြီး၊ ကျောင်းသား (၂၀) ဦးသာ အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေသောက်တော့ ရေတွေလည်း အန်တယ်။ ခဏခဏ အန်နေတယ်။ မနက်ကတည်းက ဖြစ်နေတာပါ။ ၀မ်းတွေလည်း သွားတယ်။ ခေါင်းလည်း မူးတယ်။ ဘုန်းကြီးကို သွားလျှောက်တော့ ဆေးရုံကို ကားနဲ့ လိုက်ပို့ပေးတယ်။ အခုတော့ နည်းနည်း သက်သာသွားပါပြီ ဟု ထနောင်းကုန်း ပရဟိတကျောင်းမှ  ဆဌမတန်းတက်နေသည့် ကျောင်းသား မောင်သန်းနိုင်ဝင်း က ပြော သည်။

အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ထနောင်းကုန်း ပရဟိတကျောင်းမှ ကျောင်းသားလူငယ်များမှာ အသက် (၄) နှစ် မှ (၁၅) နှစ်အကြား လူငယ်လေးများသာ ဖြစ်ကြောင်း ဆေးရုံမှတာဝန်ရှိသူ ဆရာဝန်များက  The Messenger သတင်းစာသို့ ပြောသည်။

The Messenger News Daily
အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ သဖြင့် ကျောင်းသား (၁၂) ဦး မုံရွာ ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူနေ ရကြောင်း  သိရ သည်။ အဆိုပါ ဖြစ်စဉ်မှာ ယင်းမာပင် ခရိုင် ဆားလင်းကြီး မြို့နယ် အတွင်းရှိ ထနောင်းကုန်း ပရဟိတ ကျောင်းတွင် ယမန်နေ့ က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း NLD ပါတီ အလုပ်အမှုဆောင် ၁၇ ဦး တာဝန်မှရပ်နားခွင့်တောင်း

Photo: တနင်္သာရီတိုင်း NLD ပါတီ အလုပ်အမှုဆောင် ၁၇ ဦး တာဝန်မှရပ်နားခွင့်တောင်း
Tuesday, May 27, 2014

တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ၁၇ ဦး ပါတီတွင်း အဆင် မပြေမှုကြောင့် လက်ရှိ ထမ်း ဆောင်နေသော တာဝန်များမှ ရပ်နား ခွင့်တောင်းထားကြောင်း သိရသည်။

အဆိုပါ ၁၇ ဦးမှာ တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ်မှ အလုပ်အမှုဆောင် ရှစ်ဦးနှင့် မြိတ် ခရိုင်မှ အလုပ်အမှုဆောင် အပါ အဝင် ပါတီဝင်ကိုးဦးတို့ဖြစ်ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက တင်ထား ခြင်းဖြစ်ကြောင်း အဆိုပါမြို့နှစ်ခု၏ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ယူ ထားသူဦးဝင်းနိုင်က ဒီမိုကရေစီတူဒေး သတင်းစာသို့ အတည်ပြုပြောသည်။

ဦးဝင်းနိုင်က''အဖွဲ့ချုပ်က ဦးဟံ သာမြင့်တို့ ကျွန်တော်တို့ခရိုင်ကို လာတဲ့အချိန် (၂၄-၅-၁၄)ပါတီဝင် တွေနဲ့ တွေ့ဆုံဖို့လုပ်တော့ မြို့နယ်က အဖွဲ့တွေကလဲ မြို့နယ်မှာ လုပ်ချင် တယ်။ ခရိုင်က အဖွဲ့တွေကလဲ ခရိုင် မှာလုပ်ချင်တယ်။ လုပ်မယ့်ပွဲဖိတ်စာ ကို ကျတော့ ခရိုင်ကပေးလိုက်ပြီး တကယ်လုပ်လိုက်တာက မြို့နယ် မှာဆိုတော့ မြို့နယ်နဲ့ခရိုင်သဘော ထားမညီညွတ်ဘဲ အခုလို တာဝန်က ရပ်နားခွင့် စာတင်ထားတာပါ''ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးအောင်စိုးက ယင်းအနေဖြင့် တာဝန်မှရပ်နားလိုသူ ပါတီဝင်များ ကို တာဝန်မှရပ်နားခွင့်ပေးပိုင်ခွင့်မရှိ ကြောင်း၊ ပါတီမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီဗဟို အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ် ချက်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဒီမိုကရေစီတူဒေးသတင်းစာ သို့ ပြောသည်။

တာဝန်မှရပ်နားခွင့်ပေးရန် စာတင်ထားသူများတွင် တစ်ဦးအပါ အဝင်ဖြစ်သည့် ပုလောမြို့နယ် NLD ဥက္ကဋ္ဌဦးကျော်မင်း က''ဒါကပါတီ တွင်းမှာဖြစ်တတ်တဲ့သဘော သဘာ ဝပါ။ ညှိယူလိုက်ရင် ရမှာပါ။ တာဝန် ကခေတ္တရပ်နားဖို့ စာတင်တယ်ဆို တာလဲ ပါတီကထွက်ဖို့မဟုတ်ပါဘူး။ ထွက်လဲ မထွက်ပါဘူး''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) အနေဖြင့် အဆိုပါကိစ္စများကို ယခုအထိသိရှိခြင်းမရှိသေးကြောင်း ဗဟိုအလုပ် အမှုဆောင်ဦးဉာဏ်ဝင်း က မေ ၂၅ရက်ညနေပိုင်းက ဒီမိုကရေ စီတူဒေးသတင်းစာ၏ ဆက်သွယ် မေးမြန်း မှုကို ပြော သည်။

Democracy today Daily Newspaper
တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ၁၇ ဦး ပါတီတွင်း အဆင် မပြေမှုကြောင့် လက်ရှိ ထမ်း ဆောင်နေသော တာဝန်များမှ ရပ်နား ခွင့်တောင်းထားကြောင်း သိရသည်။