Monday, 28 April 2014

အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး

 Photo: အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး
Monday, April 28, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက်
 
အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ  ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။
 
အဲ့ဒီလို အမြန်လမ်းမကြီးပေါ်မှာ မတော်တဆကားမီးလောင်မှုများ မကြာခဏဖြစ်ပွားမှုဟာ ရာသီဥတုပူပြင်းပြီး ကွန်ကရစ်လမ်းတွေဟာလည်း ပူပြင်းနေတဲ့အတွက် မီးလောင်မှု ပိုမိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလို မီးလောင်မှုဖြစ်ပွားရာမှာလည်း အမြန်လမ်းမကြီး ဖြစ်တဲ့အတွက် ထိခိုက်မှုပိုမိုများပြားသလို မီးလောင်မှုဖြစ်ပွားတဲ့အခါမှာ ငြိမ်းသတ်ဖို့ရေ အခက်အခဲရှိခြင်းကြောင့် ဆုံးရှုံမှုများပြားတဲ့အတွက် မီးသတ်ဆေးဗူးများ ဆောင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။
 
ဒါ့ကြောင့် ကားမီးလောင်ကျွမ်းမှုတွေမဖြစ်ရအောင် အမြန်လမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်များအပြင် တစ်နိုင်ငံလုံးမှာ သွားလာနေတဲ့ ယာဉ်များမှာလည်း မီးသတ်ဆေးဗူးဆောင်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။အဲ့ဒီလို မီးသတ်ဆေးဗူးများ ဆောင်ထားဖို့အတွက်ကိုတော့ ရန်ကုန်ဘက်ခြမ်းနဲ့ မန္တလေးဘက်ခြမ်းမှာရှိတဲ့ တိုးဂိတ်(၂)ခုစလုံးမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်များအားလုံးကို အသိပညာပေးမှုများ ဆောင်ရွက်နေပြီ ဖြစ် တယ်လို့သိရပါတယ်။

MRTV-4
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ် ပွားနေ တဲ့ အတွက်  အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက် လျက် ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ  ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။

အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချပြီးနောက် နာရီပိုင်း အတွင်း ခင်ပွန်းဖြစ် သူက တရားရုံးမှ စီးနင်းကယ်ထုတ်သွားဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင် လောက်ကိုင် မြို့နယ် လောက်ကိုင်မြို့ မြို့နယ် တရားရုံး တွင် လောက်ကိုင်တရား ရုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှု တို့ဖြင့်ပြစ်မှု ထင်ရှားသဖြင့် ကိုးကန့် အမျိုးသမီးဖြစ်သူအား ထောင်ဒဏ် (၂၇)နှစ်ကျခံရန် ယခုလ ၁ဝရက် မွန်းလွဲ ၁၂နာရီခွဲခန့် တွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့် ချမှတ်ပြီးနောက် နာရီဝက်အကြာ တွင် ယင်းအမျိုး သမီး၏ ခင်ပွန်း ဖြစ်သူက လက်နက်ကိုင်တပ်သား ငါးဦးဖြင့် တရားရုံးသို့ ဝင်ရောက် စီးနင်းကာ အမျိုး သမီးဖြစ်သူအား ကယ်ထုတ်သွားခဲ့ကြောင်း သိရ သည်။

မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာ အနီးတွင် ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။

ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ

Photo: ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ
Monday, April 28, 2014

ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှား စစ်တပ် လေယာဉ်တွေ ဟာ ယူကရိန်း လေကြောင်းပိုင်နက်ထဲကို
အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ စက်မှုထိပ်သီး(၇)နိုင်ငံဟာ ယူကရိန်းနိုင်ငံ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံကို အရေးယူမှု အသစ်တွေ ပြုလုပ်ဖို့ စနေနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အခုချိန်မှာ ရုရှားနိုင်ငံဟာ ယူကရိန်းနယ်စပ်မှာ သူတို့ရဲ့ တပ်ဖွဲ့ပေါင်းများစွာကို တပ်ဖြန့် ထားပြီး မော်စကို ခွဲထွက်ရေးသမားတွေကလည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အစိုးရ အဆောက်အဦတွေကို ဆက်လက်သိမ်းပိုက် နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
သောကြာနေ့က ထုတ်ပြန်ကြေညာချက်တစ်ခုမှာတော့ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဝရမ်းက ရုရှားလေယာဉ်တွေဟာ ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို အကြိမ်များစွာ ၀င်ရောက်ခဲ့တယ်လို့  ဆိုပါတယ်။ သူဟာ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပေမယ့် အခြေအနေတွေ ငြိမ်သက်အောင်လုပ်ဖို့ ရုရှားနိုင်ငံကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အမေရိကန်ကာကွယ် ရေးဝန်ကြီး ချက်ဟာဂဲလ်ကလည်း ယူကရိန်း နယ်စပ်တစ်လျှောက် ရုရှားနိုင်ငံရဲ့ လှုပ်ရှားမှုဟာ အခြေအနေကို တည်ငြိမ်မှု မရှိအောင် လုပ်နေပြီး ရန်စတဲ့ လုပ်ရက်ဖြစ်တယ်လို့ ပြောကြားခဲ့ ပါသည်။
 
MRTV-4
ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှားစစ်တပ် လေယာဉ်တွေဟာ ယူက ရိန်း လေကြောင်း ပိုင်နက်ထဲကို အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။

လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် စုံစမ်းစစ်ဆေးမှု အထွေထွေ အစီရင်ခံစာကိုလာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်

ဧပြီ ၂၅- လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးချက် အထွေထွေအစီရင် ခံစာကို  လာမည့်ပြည်ထောင်စု လွှတ်တော် အစည်းအ ဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက ပြောသည်။

သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

Photo: သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
Monday, April 28, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ
 
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက်ရာမှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လအတွင်းက ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွားမှာဖြစ်ပါတယ်။
 
ဒီလိုဆောင်ရွက်ရာမှာလည်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေဖြန့်ဝေမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ Master Plan အပါအ၀င်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖြစ်နိုင်စွမ်းလေ့လာ မှုများ ဆောင် ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် MoU မှာပါဝင်တဲ့ စီမံကိန်း များနဲ့ နည်းပညာပိုင်းဆိုင်ရာများဟာ ရေးပေးဝေရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြုနိုင်မှာဖြစ်သလို လက်ရှိရေပေးဝေလျက်ရှိတဲ့ ရေပေးရေး စနစ်ကိုလည်း တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုနိုင်စေမှာဖြစ် တယ်လို့သိရပါတယ်။
 
လက်ရှိ ရန်ကုန်မြို့တော်ရဲ့ လူဦးရေဟာ(၆)သန်းခန့်ရှိနေပြီး မကြာမီကာလ အတွင်း လူဦးရေ (၁၀)သန်းခန့်အထိ တိုးတက်လာနိုင်တဲ့အတွက် တိုးတက် လာတဲ့ လူဦရေးနဲ့အညီ သောက်သုံးရေများ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင် ဖို့ အတွက် အခုလို နိုင်ငံတကာရှိ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြအခြေခံဖွံ့ဖြိုး တိုးတက်ရေး အစီအမံများကို ဆောင်ရွက်လုပ်ကိုင်လျက် ရှိရာ မှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ရေပေးဝေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသလို အခြားစီမံချက်များဖြစ်တဲ့ အိမ်ရာအဆောက်အအုံနှင့် လမ်းတံတားများတည်ဆောက်ခြင်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍအဆင့်မြှင့် တင်ခြင်းအပြင် စီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တိုးချဲ့တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှ တစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွား မယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက် ရာ မှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လ အတွင်း က ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွား မှာဖြစ်ပါတယ်။

ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်

Photo: ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်
Monday, April 28, 2014

ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည်
ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။

ယူကရိန်း နယ်စပ်တွင် ရုရှားတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်မှုများ စတင် ပြုလုပ်ခဲ့ခြင်းသည် ၎င်းတပ်ဖွဲ့ များက ယူကရိန်းနိုင်ငံတွင်းသို့ ကျူးကျော်တိုက်ခိုက်နိုင်ဖွယ် ရှိသည်ဟူသော အလားအလာများကို မြင့်တက် စေခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ဧပြီ ၂၅ ရက်က ရွှေဈေး ထပ်မံ၍ မြင့်တက်ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ဧပြီ ၂၄ ရက်က ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၈ ဒသမ ၂၄ ဒေါ်လာ ဖြစ်ပြီး ဧပြီ ၂၅ ရက်က အမေရိကန်ဒေါ်လာ ၁၃ဝ၃ ဒသမ ၃ ဒေါ်လာသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်း၊ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ အကြားရှိ တင်းမာမှုများ ဆက်လက် မြင့်တက်ခဲ့ပါက ဇွန်လတွင် ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝ၄ ဒသမ ၄ ဒေါ်လာအထိ ထပ်မံ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ ဟိုဝပ်ဒ်ဝမ်က ပြောကြားသည်။

မြ၀တီ
ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်

Photo: မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် 
တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်
Monday, April 28, 2014

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေးသွားရန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် ကလေးမြို့ ကုန်သည် လုပ်ငန်းရှင်များအသင်းမှ ဦးညီညီထွန်းက ''အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းချိုသာ စွာနဲ့ အဆင်ပြေပြေသုံးစွဲနိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တွေ အထူးကောင်းမွန်နေဖို့လိုအပ် ပါတယ်''ဟု တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများအား မြန်မာနိုင်ငံမှ 
ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဦးညီညီထွန်းက ဆက်လက် ပြောပြသည်။ 

ထို့ကြောင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ၁၂ ရာသီ အဆင်ပြေစွာ ကုန်သွယ်သွားလာ နိုင်ရန်အတွက် မိုးရေး-တမူး-မုံရွာ-မန္တလေးကုန်သွယ်ရေးလမ်းကြောင်းနှင့် ကျန်ဖိုင်း-ရိဒ်-ကလေး ကုန်သွယ်ရေးလမ်းကြောင်းများအား အဆင့်မြှင့်တင် တိုးချဲ့သွားရန် သဘောတူညီခဲ့ပြီး ထိုလမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက်ပေးသွားမည်ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။ 

(တိုးတိုးဝင်း)
Myanmaalinn
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေး သွားရန် နှစ်နိုင်ငံ သဘော တူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။

နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား


Photo: နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား
Monday, April 28, 2014

နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့်
" ဇာတ်ကားတွေရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက် ကွင်းနားမှာမနေတော့ဘူး။ အဝေးမှာပဲ သွားနေတော့တယ်။ သူငိုရင် ကိုယ်ပါလိုက်ငိုချင်တော့တာ။ ကားရိုက်အတွက် ဇာတ်တွေကိုဖတ်ပြီး ဘယ်
လိုမျိုးဆိုတာ ပြောပြပေးတယ်။ အလုပ်များတော့ ဘေးကနေ သူ့ကို ဝတ္ထုတွေဖတ်ပေးရတာပေါ့။ သူ့ကိုပရိသတ်တွေပို့ထားတဲ့ ဝတ္ထုတွေလည်း ဝိုင်းပြီးဖတ်ပေးနေတယ်။ အခု သူဝယ်လာတဲ့ ကင်မရာတွေနဲ့ ရိုက်တော့ အဲဒီစက်တွေကိုလည်း ရိုက်ပြီး ပြန်လုပ်နေရတာ။ ကားရိုက်လိုက်၊ ဒါတွေလုပ်လိုက်နဲ့ဆိုတော့ သူ့မှာ အချိန်ကမရှိဘူးဖြစ်နေတာလေ" လို့ ပြောပြပါတယ်။

၂ဝ၁၄ မှာ နေတိုးရဲ့ မင်္ဂလာသတင်းကြားရ တော့မလားဆိုတဲ့ လတ်တလောသတင်းတွေ ကြောင့် နေတိုးရဲ့မိခင်ဒေါ်သန်းမြိုင်
ကိုမေးကြည့်ဖြစ်တော့ "အိမ်ထောင်ပြုတာက သူဆန္ဒရှိတဲ့သူဆိုရင် 
အရီးတို့က ကြည်ဖြူစွာ လက်ခံမှာပါပဲ။ 

အရီးတို့ကတော့ ဘယ်အချိန်ယူရ မယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ သူလည်း ကလေးမှမဟုတ် တော့တာ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တတ်တဲ့ အရွယ်လည်းရောက် နေပြီပဲ။ အခုအချိန်မှာတော့ အနု ပညာအလုပ်တွေပဲ လုပ်နေတော့ ယူမယ့်သူရှိရင်တောင် မယူနိုင်သေးပါဘူး" လို့ ပြောပြခဲ့
ပါတယ်။

Popular
နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ဇာတ်ဝင် ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့် " ဇာတ်ကားတွေ ရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက် ကွင်းနားမှာမနေတော့ဘူး။

အီရတ်တွင် ကားဗုံးကွဲ၊ ၉ ဦး သေဆုံး

Photo: အီရတ်တွင် ကားဗုံးကွဲ၊ ၉ ဦး သေဆုံး
Monday, April 28, 2014

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။

irraqနိုင်ငံအတွင်း လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်အလိုမှာ ခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဆာဒါမြို့မှာ ဖြစ်တဲ့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး ဒဏ်ရာရခဲ့ပြီး  ပေါက်ကွဲမှုကြောင့် ဈေးဆိုင်တချို့လည်း ထိခိုက်ခဲ့ပါတယ်။

နိုင်ငံအနောက်ပိုင်း အန်ဘာခရိုင်က အယ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အုပ်စုတွေကို နှင်ထုတ်ဖို့ တိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်ပြီး အကြမ်းဖက်မှုတွေကတော့ တိုးပွားနေဆဲပါ။

ဒါပေမယ့် အီရတ်ဒီမိုကရေစီအတွက် အဓိက စမ်းသပ်ချက်လို ဖြစ်နေတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဆက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

 ဒီဗွီဘီ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။

ဘန်ဒေါင်းမူ ၅ ချက်ကို လိုက်နာသင့်တယ်လို့ အငြိမ်းစား သံအမတ်ကြီး ပြော

Photo: ဘန်ဒေါင်းမူ ၅ ချက်ကို လိုက်နာသင့်တယ်လို့ အငြိမ်းစား သံအမတ်ကြီး ပြော
Monday, April 28, 2014

လွန်ခဲ့တဲ့နှစ်ပေါင်း (၆ဝ) က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ (၅) ချက် ခေါ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့်တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။

၁၉၅၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်း ဂျာဗားပြည် နယ် မြို့တော် ဘန်ဒေါင်းမှာ ကျင်းပခဲ့တဲ့ညီလာခံ မှာ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း ၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး တို့ ပူးပေါင်း အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက် ကို ညီလာခံ က သဘောတူ အတည်ပြုခဲ့ ပါတယ်။ အဲဒီ ဘန်ဒေါင်းမူ (၅)ချက်မှာ - နိုင်ငံတွေအနေ နဲ့ တစ်နိုင်ငံချင်း ရဲ့ ပိုင်နက် နယ်နမိတ် နဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုဖို့၊ မကျူးကျော်ဖို့၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖို့၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ကြဇို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဘန်ဒေါင်းမူ (၅)ချက်ပို မြန်မာက စတင်ဦးဆောင် တင်သွင်းခဲ့တာဖြစ်လို့ ဂုဏ်ယူကြောင်း၊ အဲဒီအချက်တွေဟာ ဟာ ဒီကနေ့အထိ အသက်ဝင်နေသေးကြောင်း၊ ဒီမူတွေအတိုင်း လိုက်နာကြမယ် ဆိုရင် ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း တရုတ် မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ၊ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က တရုတ် အစိုးရ ဆင်ဝှာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့ ပါတယ်။

ဦးစိန်ဝင်းအောင်ဟာ လာအို နဲ့ တရုတ် သံအမတ်ဟောင်းဖြစ်ပါတယ်။ တရုတ်အစိုးရဟာ အခု လတ်တလောမှာ ပင်လယ်ပြင်ရေပိုင်နက် ကိစ္စ နဲ့ ပတ်သက်ပြီး၊ အာဆီယံ ဒေသတွင်း နိုင်ငံတွေ နဲ့ အငြင်းအခုန် ပြဿနာတွေ ဖြစ် ပွားနေပါတယ်။

RFA Burmese
လွန်ခဲ့တဲ့နှစ်ပေါင်း (၆ဝ) က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ (၅) ချက် ခေါ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့်တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။

သမ္မတဟောင်းမော်စီအားထောက်ခံသူ ၁၁ ဦးကို ထောင်ဒဏ်များ ချမှတ်

အီဂျစ်နိုင်ငံတရားရုံးတစ်ရုံးသည် ရာထူးမှ ဖယ်ရှားခြင်းခံရသော သမ္မတဟောင်းမော်စီအား ထောက် ခံသူ ၁၁ ဦးကို ဧပြီ ၂၆ ရက်တွင် ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။

ရှမ်းနှစ်ပါတီ ပူးပေါင်းရေး မေလ ပထမပတ်အတွင်း တွေ့ဆုံမည်

ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) နှစ်ဖက် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့များ မေလ ပထမပတ်အတွင်း တွေ့ဆုံ မည် ဖြစ်ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

ကားဖြင့် လိုက်တိုက်ကာ သေကြောင်းကြံဟု အမှုဖွင့်တိုင်

ရန်ငြိုးရန်စရှိသူတစ်ဦးက ကားဖြင့်တိုက်ပြီး သေစေရန် ကြံစည်လုပ်ဆောင်ခဲ့သည်ဟု အမျိုးသမီးငယ်တစ်ဦး ၏ တိုင်တန်းမှုကို စမ်းချောင်းနယ်မြေရဲစခန်းက ဧပြီ ၂၇ တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းနေရာဟောင်း အထပ်မြင့် အဆောက်အအုံ ၁၁ လုံး တည်ဆောက်နေ

ရန်ကုန်မြို့ကို နိုင်ငံတကာအဆင့်မီ စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်မှုများ ပြုလုပ်လျက်ရှိရာ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းမကြီးအနီး ယခင် ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မြေနေရာတွင် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် အဆင့်မြင့်စီမံကိန်း အဆောက်အအုံများ တည်ဆောက်နေပြီဖြစ် သည်။

တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု ဝန်ကြီးချုပ် နုတ်ထွက်စာတင်

Photo: တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု ဝန်ကြီးချုပ် နုတ်ထွက်စာတင်
Monday, April 28, 2014

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်းဝမ်သည် ကူးတို့သင်္ဘောနစ်မြုပ်မှု အား အစိုးရ၏ကိုင်တွယ်မှုအပေါ် ဝေဖန်မှုများထွက်ပေါ်နေစဉ် ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း စနေနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

မစ္စတာချောင်သည် အဆိုပါဘေးဒုက္ခကို ကိုင်တွယ်ဖြေရှင်းပြီးသည်အထိ ဝန်ကြီးချုပ်ရာထူး၌ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

''ဆီးဝိုးလ်''ကူးတို့သင်္ဘောသည် ကျောင်းသား၊ကျောင်းသူ အများစု ပါဝင် သော လူဦးရေ ၄၇၆ ဦးဖြင့် တောင်ကိုရီးယားကမ်းလွန်၌ ဧပြီ ၁၆ ရက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ပတ်ခ်ဂွန်းမားသည် ဝန်ကြီးချုပ်၏နုတ်ထွက်စာကို လက်ခံခဲ့သော်လည်း တာဝန်ထမ်းဆောင်ရမည့် နောက်ဆုံးရက်ကိုမူ သတ်မှတ်ပေးခြင်းမရှိပေ။ သို့သော် ယင်းပြဿ နာကိုဖြေရှင်းပြီးလျှင် ဝန်ကြီးချုပ်သည် ရာထူးမှစွန့်ခွာမည်ဖြစ်ကြောင်း တောင် ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

သင်္ဘောနစ်မြုပ်ပြီးနောက်နေ့တွင် ဝန်ကြီးချုပ်သည် ဝမ်းနည်းကြေကွဲနေကြသော မိသားစုများထံသို့ သွားရောက်အားပေးစကားပြောကြားသောအခါ ၄င်းမှာ လူအများ၏ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံရသည့်အပြင် ရေသန့်ဘူးတစ်ဘူးဖြင့် ပစ်ပေါက်ခြင်းကိုလည်းခံခဲ့ရသည်။

ရေယာဉ်ဝန်ထမ်းများအားဖမ်းဆီး

ကူးတို့သင်္ဘော ဆီးဝိုးလ်မှ သင်္ဘောသား၁၅ ဦးကို ယခုအချိန်တွင် ဖမ်းဆီးထားပြီးဖြစ်ကြောင်း င်းတို့သည် ဂရုမစိုက်သည့်ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ရင်ဆိုင်ရမည်ဟုဆိုသည်။

အစိုးရရှေ့နေများက ကျန်ရှိနေသော သင်္ဘောသားလေးဦးကို ဖမ်းဆီးခွင့် အမိန့်ထုတ်ပေးရန် မေတ္တာ ရပ်ခံခဲ့သည်။ ရေယာဉ်မှူးကြီး အပါအဝင် အခြား ၁၁ ဦးကို စောစောပိုင်းကာလကပင် ဖမ်းဆီးထားခဲ့ပြီးဖြစ် သည်။

၎င်းသင်္ဘောသား ၁၅ ဦးတို့သည် ခရီးသည်များအား ကူညီရန်ပျက်ကွက်ခဲ့ခြင်းနှင့် ဂရုမစိုက်ခြင်းတို့သည် ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားကြောင်း အစိုးရရှေ့နေများက ပြောသည်။

ဘီဘီစီ
တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်းဝမ်သည် ကူးတို့သင်္ဘောနစ်မြုပ်မှု အား အစိုးရ၏ကိုင်တွယ်မှု အပေါ် ဝေဖန်မှုများထွက်ပေါ်နေစဉ် ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း စနေနေ့ ဘီဘီစီသတင်း တွင် ဖော်ပြ သည်။

ထိုင်ဝမ်တွင် လစာတိုးပေးမှုကြောင့် ဆန္ဒအလျောက် စစ်ထဲဝင်လိုသူ များ မြင့် တက်လာ

Photo: ထိုင်ဝမ်တွင် လစာတိုးပေးမှုကြောင့် ဆန္ဒအလျောက် စစ်ထဲဝင်လိုသူ များ မြင့် တက်လာ
Monday, April 28, 2014

ထိုင်ဝမ်တွင် မိမိဆန္ဒအလျောက် စစ်ထဲဝင်သူများနှင့် ပိုမိုကျွမ်းကျင်မှုရှိသော စစ်တပ် ထူထောင်ရန်အတွက် ကြိုးပမ်းမှုများသည် လစာတိုးပေးခဲ့မှုကြောင့် တိုးတက်မှုရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၂ ရက်တွင် ပြော ကြားခဲ့သည်။

တစ်နှစ်အတွင်း တပ်သားသစ် ၁၀၀၀၀ ရရှိရေး ရည်မှန်းချက်သည် ပထမလေးလအတွင်း၌ပင် ပြည့်မီလုနီးပါးဖြစ်ခဲ့ပြီး ယခုနှစ်ဆန်းမှ ဧပြီ ၂၀ ရက်အထိ အရပ်သား ၈၆၃၄ ဦးသည် အမြဲတမ်း စစ်သားများအဖြစ် ထမ်းဆောင်ရန် လျှောက်ထားကြပြီး စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်မှုထမ်းရမည့်သူ ၁၀၇၃ ဦးသည်လည်း ဆန္ဒအလျောက် စစ်မှုထမ်းရန် သဘောတူခဲ့ကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ တပ်သားသစ် စုဆောင်းမှု မပြည့်မီသဖြင့် ဆယ်စုနှစ်နှင့်ချီ ကြာမြင့် လာပြီဖြစ်သော စစ်မှုမထမ်းမနေရ ဥပဒေ အဆုံးသတ်မည့် အစီအစဉ် ကို နှစ်နှစ်ခန့် ဆိုင်းငံ့ရန် ကြေညာခဲ့သော ပြီးခဲ့သောနှစ် စက်တင် ဘာလနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေသည် အလွန်အမင်း ကွာခြားသွားပြီဖြစ်သည်။ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး လစာတိုးပေးမှုသည် အဓိက ဆွဲဆောင်မှုဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လိုက ပြောကြားခဲ့သည်။ မိမိဆန္ဒဖြင့် စစ်ထဲဝင်သူများနှင့် တပ်ကြပ်အဆင့် များအတွက် လစာထောက်ပံ့ကြေး ဒေါ်လာ ၁၃၃ (ထိုင်ဝမ်ဒေါ်လာ ၄၀၀၀) အထိ တိုးမြှင့်ပေးခဲ့မှုကြောင့် အနိမ့်ဆုံးတပ်သား၏ လစာသည် ဒေါ်လာ ၁၁၂၀ အထိ ရှိလာမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ လူငယ်တစ်ဦးသည် စခန်းသို့ ခွင့်ပြုချက်မရှိဘဲ စမတ်ဖုန်းတစ်လုံး ယူလာသဖြင့် လွန်ကဲသောနည်းဖြင့် အပြစ်ပေး ခံခဲ့ရပြီး သေဆုံးခဲ့သည်။ ယင်းအတွက် စစ်ဘက်တာဝန်ရှိသူ ၁၃ ဦးကို မတ်လတွင် တရားရုံးတစ်ရုံးက ထောင်ဒဏ်ရှစ်လအထိ ချမှတ်ခဲ့သည်။ အဆိုပါလူငယ် သေဆုံးခဲ့မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ အကြီး အကျယ် ဖြစ် ပွား ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက် ခဲ့ရ သည်။

Ref:AFP 

ဧပြီ ၂၂ ရက်တွင် တိုင်ပေရှိ ချန်ကေရှိတ် အောက်မေ့ဖွယ်ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသော ထိုင်ဝမ်သမ္မတနှင့် ဟေတီသမ္မတ
 (လယ်) (Photo:AFP)
ဧပြီ ၂၂ ရက်တွင် တိုင်ပေရှိ ချန်ကေရှိတ် အောက်မေ့ဖွယ်ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသော ထိုင်ဝမ် သမ္မတနှင့် ဟေတီ သမ္မတ  (လယ်) (Photo:AFP)
ထိုင်ဝမ်တွင် မိမိဆန္ဒအလျောက် စစ်ထဲဝင်သူများနှင့် ပိုမိုကျွမ်းကျင်မှုရှိသော စစ်တပ် ထူထောင်ရန်အတွက် ကြိုးပမ်းမှုများသည် လစာတိုးပေးခဲ့မှုကြောင့် တိုးတက်မှုရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၂ ရက် တွင် ပြော ကြားခဲ့သည်။

ကော့သောင်းတွင် တွင်းရေမလောက်၍ ယင်းဝါကန်ရေ စသုံး

Photo: ကော့သောင်းတွင် တွင်းရေမလောက်၍ ယင်းဝါကန်ရေ စသုံး
Monday, April 28, 2014

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မြို့ပေါ်ရပ်ကွက် များတွင် ရေလိုက်လံ ရောင်းချပေးနေသည့် ရေကားများသည် ယခုနှစ် နွေရာသီတွင် ရေတွင်းများမှ ရေအရ နည်းသောကြောင့် ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက်ရှိ ယင်းဝါ ရေလှောင်တမံမှ ရေကို ဝယ်ယူ ရောင်းချနေကြရကြောင်း ရေကားဖြင့် ရေရောင်းချသူများထံမှ သိရသည်။

မြို့ပေါ်ရှိ ရေကား ၁၀ စီးကျော်သည် ရေတွင်းရေကို အလှည့်ကျ ဝယ်ယူရပြီး ရေအခက်အခဲ ဖြစ်လာသည့်အတွက် ယင်းဝါရေကို အများဆုံး ဝယ်ယူ ရောင်းချနေရကြောင်း ၎င်းတို့က ပြောသည်။

ကော့သောင်းမြို့တွင် ဒေသခံများသည် ယင်းဝါရေကို ထိုက်သင့်သည့် သန့်ရှင်းမှု မရှိဟုဆိုကာ ရေအရှားဆုံး အချိန်မှသာလျှင် သုံးစွဲလေ့ ရှိသည်။

ယင်းဝါ ရေလှောင်တမံမှ ရေကို ဂါလန် ၅၀၀ ဆံ့ ရေကားတစ်ကားလျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ဂါလန် ၅၀ ဆံ့ တစ်တိုင်ကီကို ၆၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြကြောင်း ရေကားမောင်းသူ ဦးမောင်ဝင်းက ဆိုသည်။
“ထည့်နေကျ ဖောက်သည်တွေက ယင်းဝါရေ မထည့်ဘူးဆိုရင် မြို့တွင်းမှာ ရေမရှိတဲ့ အချိန်ဆို ၈ မိုင်မှာရှိတဲ့ ရေတွင်းတွေမှာ ရေတစ်ကားကို ၄၀၀၀ ကျပ်နဲ့ ဝယ်ပြီး တစ်တိုင်ကီ ၈၀၀ ကျပ်နဲ့ ပြန်ရောင်းတယ်” ဟု ၎င်းကဆိုသည်။

ယင်းဝါ ရေလှောင်တမံမှ ရေကို သင်္ကြန်မတိုင်ခင်ကတည်းက ဝယ်ယူ ရောင်းချနေရကာ လက်ရှိတွင် ရေကန်မှာ အတော်ခန်းနေပြီ ဖြစ်ပြီး နောက်နှစ်များတွင် ရေ ပိုမို သိုလှောင်နိုင်ရန်အတွက် ကန်ချဲ့နေကြောင်း ရေကားမောင်းသူများက ပြောကြားသည်။

(Dawei Watch)
The Voice Weekly
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မြို့ပေါ်ရပ်ကွက် များတွင် ရေလိုက်လံ ရောင်းချပေးနေ သည့် ရေ ကားများသည် ယခုနှစ် နွေရာသီတွင် ရေတွင်းများမှ ရေအရ နည်းသောကြောင့် ကော့သောင်းမြို့ ရွှေ ဇင်ယော်ရပ်ကွက်ရှိ ယင်းဝါ ရေလှောင်တမံမှရေကို ဝယ်ယူရောင်းချနေကြ ရကြောင်း ရေ ကားဖြ င့် ရေရောင်း ချသူများထံမှ သိရသည်။

ကျန်းမာရေး ကောင်းဖို့အတွက် နာရီဘယ်လောက် အိပ်ပေးသင့်သလဲ

Photo: ကျန်းမာရေး ကောင်းဖို့အတွက် နာရီဘယ်လောက် အိပ်ပေးသင့်သလဲ
Monday, April 28, 2014

(၁) ၁ လမှ ၂ လ ကလေးငယ်လေးတွေ အတွက် တစ်နေ့ကို ၁၄ နာရီမှ ၁၈ နာရီ အိပ်ပေးသင့်ပါတယ်။

(၂) ၃ လမှ ၁၁ လ ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၃ နာရီမှာ ၁၆ နာရီ အိပ်ပေးသင့်ပါတယ်။

(၃) ၁ နှစ်မှ ၃ နှစ် ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၂ နာရီမှ ၁၄ နာရီ အိပ်ပေးသင့်ပါတယ်။

(၄) ၅ နှစ်မှ ၁၂ နှစ် ကလေးတွေ အတွက် တစ်နေ့ကို ၁၀ နာရီမှ ၁၁ နာရီ အိပ်ပေးသင့်ပါတယ်။

(၅) ၁၃ နှစ်မှ ၁၇ နှစ်တွေ အတွက် တစ်နေ့ကို ၉ နာရီမှ ၁၀ နာရီ အိပ်ပေးသင့်ပါတယ်။

(၆) ၁၈ နှစ်အထက် ကတော့ တစ်နေ့ကို ၇ နာရီမှ ၉ နာရီထိ အိပ်ပေးသင့်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
(၁) ၁ လမှ ၂ လ ကလေးငယ်လေးတွေ အတွက် တစ်နေ့ကို ၁၄ နာရီမှ ၁၈ နာရီ အိပ်ပေးသင့်ပါတယ်။

မြန်မာ့ဘာဏုရာဇာ မောင်လာနာဂိုလမ် အလီရှား ဂုဏ်ယူဖွယ်ရာမြန်မာ မွတ်စလင်များ

အမည်ရင်းမှာ စိုက်ယစ်ဂိုလမ်အလီရှား ဖြစ်သည်။ သာသနာနွယ်ဝင် သူတော်စင်တို့ ချီးမြှင့်သည့်ဘွဲ့မှာ ရှမ်စွလ်ဘရ်မာ(မြန်မာ့ဘာဏုရာဇာ)ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက ကြည်ညိုလေးစားသည့် စာတော် ပြန် ဆရာကြီးခေါ် မိုးဆုပန် ဆရာတော် ကာဘွလ်မော်လ၀ီကြီးနှင့် အလွန်ခင်မင် ရင်းနှီးသူဖြစ် သည်။