Saturday, 20 April 2013
တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား
ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆
ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့်
တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ်
မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ
စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ
အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏
ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့
ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။
ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ
၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ်
တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည်
ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့်
အနောက် တောင်ထောင့်
သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန်
ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ
သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊
ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ
ကြကြောင်း သိရသည်။
Boston ဗုံးခွဲသူကို ဖမ်းမိပြီ
ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး
ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar
Tsarnaevဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး
ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အ ရွယ် Dzhokhar Tsarnaev Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယ တယောက်ကို လုံခြုံရေး အာဏာပိုင်တွေက
တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ
အရှင်ဖမ်းမိသွားပါပြီ။
ရန်ကုန် ဆီဒိုးနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံကာ ဟိုတယ်သစ် ထပ်မံတည်ဆောက်မည်

ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံ လုပ်ကိုင် မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
Friday, 19 April 2013
တိုင်းမ်မဂ္ဂဇင်း အွန်လိုင်းမဲ မြန်မာတွေ အင်တိုက်အားတိုက် မဲပေး
အင်တာနက် သုံးစွဲမှုတစ်ရာခိုင်နှုန်းနှင့် လူဦးရေ နှစ်သိန်းခန့်သာ အင်တာနက် အသုံးပြုနိုင်သေးသော မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြု၍ မဲပေးရသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း ၏ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမအရှိဆုံး အွန်လိုင်းမဲ ကောက်ယူမှုတွင် တိုင်းမ် မဂ္ဂဇင်းမှ ရွေးချယ်ထားသော စကာတင် အယောက် ၁၀၀ ထဲမှ နောက်ဆုံးအဆင့် အမေရိကန်ပေါ့ပ် အဆိုကျော် လေဒီ ဂါဂါနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးခိုင်းခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆော
မူးနေတဲ့ယောင်္ကျားကို သတ်မိလိုက်တဲ့ ရန်ကင်းက ဆရာဝန်မလေး
၁၅-၄-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းကလေးဆေးရုံ
ဝန်ထမ်းအိမ်ရာနေ ဆရာဝန်ဖြစ်သူ မထက်ထက်ဝင်း(၃၂)နှစ်သည် နေအိမ်တွင်
အရက်မူးပြီး အိမ်အသုံး အဆောင်ပစ္စည်းများ
OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံးကို အကြောင်းကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံဃာတော်တွေက ကန့် ကွက်ကြောင်း သမ္မတရုံးကို စာပေးပို့လိုက်ပါတယ်။
Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်
အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က
ဗုံးပေါက်ကွဲမှုနဲ့ ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို
ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့
ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ
ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို
FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က
ဗုံးပေါက်ကွဲမှုနဲ့ ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို
ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့
ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ
ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို
FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန် တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေ မယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ် က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။
Subscribe to:
Posts (Atom)















