Friday 19 April 2013

ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်

Photo: ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန်တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေမယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ်က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ လှုပ်ရှားမှုပုံစံ မှန်ကန်ပါစေ

ထိုင်ခုံပေါ်မှာ ထိုင်ချိန်ပဲဖြစ်စေ၊ ကြမ်းပြင်ပေါ် ထိုင်ချိန်မှာပဲဖြစ်စေ ခါးနေရာကို ဆန့်ထားပြီး ရင်ဖွင့်ကာ ထိုင်ပါ။ ခါးကုန်းပြီး ထိုင်တတ်၊ လမ်းလျှောက်တတ်တဲ့ အကျင့်ကြောင့် သင့်ခါးကို နာကျင်မှု ဖြစ်စေပါတယ်။ ဖုန်းစကားပြောချိန်မျိုးမှာ ခေါင်းနဲ့ပခုံးကြားကို ဖုန်းညှပ်ပြီး စကားပြောတာကြောင့် သင့်ခါးနဲ့ နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။

၃။ ကိုယ်အလေးချိန် မှန်ကန်ပါစေ

အရမ်းကို ဝလွန်းတဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သင့်ခါးနေရာမှာ ဒဏ်ဖြစ်ပြီး ခါးနာတတ်ပါတယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံအတိုင်း နေထိုင်ရင်း ခန္ဓာကိုယ်အလေးချိန် ထိန်းကာ လေ့ကျင့်ခန်း အကူအညီနဲ့ ခါးနာတာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

၎။ ပစ္စည်းသယ်ယူမှု မှန်ကန်ပါစေ

သင်သယ်ယူမယ့် ကုန်ပစ္စည်းရဲ့ အလေးချိန်ဟာ သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ သုံးပုံနှစ်ပုံ အများဆုံး ရှိသင့်ပါတယ်။ ဒီ့ထက်လေးတဲ့ အလေးမျိုးကို မမယ်ဆိုရင်တော့ ခါးနာတတ်ပါတယ်။ လေးတဲ့ ပစ္စည်းတွေကို သယ်ယူမယ် ဆိုရင်တော့ အရင်ဆုံး ထိုင်လိုက်ပြီးမှ သယ်ယူမယ့်ပစ္စည်းကို ယူပါ။ ခါးကုန်းပြီး လှမ်းသယ်တာမျိုးကို ရှောင်ပါ။

၅။ ဖိနပ်အနေအထား မှန်ကန်ပါစေ

ဒေါက်မြင့်ဖိနပ် စီးတတ်သူတွေက သင်သွားမယ့် နေရာအနေအထားကို သေချာ နားလည်တတ်ဖို့ လိုပါတယ်။ ဒေါက်မြင့်ဖိနပ် အချိန်ကြာကြာ စီးပြီး လမ်းလျှောက်တာနဲ့ မတ်တတ်ရပ်တာကြောင့် သင့်ခြေထောက်ကို ဒဏ်ဖြစ်စေတဲ့အပြင် သင့်ခါးနေရာကိုပါ နာကျင်မှု ဖြစ်စေပါတယ်။

၆။ အိပ်စက်မှုပုံစံ မှန်ကန်ပါစေ

အမျိုးသမီး အများစု ခါးနာရတဲ့ အကြောင်းရင်းတွေထဲမှာ အိပ်စက်မှုပုံစံ မမှန်တာနဲ့ အိပ်ရာ အနေအထားကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ မွေ့ရာဟာ အရမ်းမာလွန်းတာမျိုး ဆိုရင် သင့်ခါးနေရာကို နာကျင်မှုဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ပက်လက်အိပ်တာနဲ့ ခေါင်းအုံး အရမ်း မြင့်လွန်းတာကြောင့် ခါးနဲ့ နောက်ကျော နာကျင်တတ်ပါတယ်။ ပက်လက်အိပ်ချိန်မှာ သင့်ခြေထောက် ဒူးခေါင်း အောက်နားမှာ ခေါင်းအုံးတစ်လုံး ခုအိပ်ပါ။

၇။ ဆွေးနွေးမှု မှန်ကန်ပါစေ

ခါးနာတာဟာ သုံးရက်ထက်ပိုပြီး ကြာနေမယ် ဆိုရင်တော့ နားလည်တတ်ကြွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင်နေထိုင်မှုပုံစံနဲ့ ပြောင်းလဲ နေထိုင်သင့်တဲ့ ဘဝနေထိုင်မှု ပုံစံတွေကို လမ်းညွှန်ပေးနိုင်ပြီး တခြား စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

သဲသဲ
BY GOOD HEALTH

............................................
Copy from ကျန်းမာရေးစာတိုများစုစည်းမှု

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန် တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေ မယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ် က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ လှုပ်ရှားမှုပုံစံ မှန်ကန်ပါစေ

ထိုင်ခုံပေါ်မှာ ထိုင်ချိန်ပဲဖြစ်စေ၊ ကြမ်းပြင်ပေါ် ထိုင်ချိန်မှာပဲဖြစ်စေ ခါးနေရာကို ဆန့်ထားပြီး ရင်ဖွင့်ကာ ထိုင်ပါ။ ခါးကုန်းပြီး ထိုင်တတ်၊ လမ်းလျှောက်တတ်တဲ့ အကျင့်ကြောင့် သင့်ခါးကို နာကျင်မှု ဖြစ်စေ ပါတယ်။ ဖုန်းစကားပြောချိန်မျိုးမှာ ခေါင်းနဲ့ပခုံးကြားကို ဖုန်းညှပ်ပြီး စကားပြောတာကြောင့် သင့်ခါး နဲ့ နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။

၃။ ကိုယ်အလေးချိန် မှန်ကန်ပါစေ

အရမ်းကို ဝလွန်းတဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သင့်ခါးနေရာမှာ ဒဏ်ဖြစ်ပြီး ခါးနာတတ်ပါတယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံအတိုင်း နေထိုင်ရင်း ခန္ဓာကိုယ်အလေးချိန် ထိန်းကာ လေ့ကျင့်ခန်း အကူ အညီနဲ့ ခါးနာတာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

၎။ ပစ္စည်းသယ်ယူမှု မှန်ကန်ပါစေ

သင်သယ်ယူမယ့် ကုန်ပစ္စည်းရဲ့ အလေးချိန်ဟာ သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ သုံးပုံနှစ်ပုံ အများဆုံး ရှိသင့်ပါတယ်။ ဒီ့ထက်လေးတဲ့ အလေးမျိုးကို မမယ်ဆိုရင်တော့ ခါးနာတတ်ပါတယ်။ လေးတဲ့ ပစ္စည်းတွေ ကို သယ်ယူမယ် ဆိုရင်တော့ အရင်ဆုံး ထိုင်လိုက်ပြီးမှ သယ်ယူမယ့်ပစ္စည်းကို ယူပါ။ ခါးကုန်းပြီး လှမ်းသယ်တာမျိုးကို ရှောင်ပါ။

၅။ ဖိနပ်အနေအထား မှန်ကန်ပါစေ

ဒေါက်မြင့်ဖိနပ် စီးတတ်သူတွေက သင်သွားမယ့် နေရာအနေအထားကို သေချာ နားလည်တတ်ဖို့ လိုပါ တယ်။ ဒေါက်မြင့်ဖိနပ် အချိန်ကြာကြာစီးပြီး လမ်းလျှောက်တာနဲ့ မတ်တတ်ရပ်တာကြောင့် သင့်ခြေထောက်ကို ဒဏ်ဖြစ်စေတဲ့အပြင် သင့်ခါးနေရာကိုပါ နာကျင်မှု ဖြစ်စေပါတယ်။

၆။ အိပ်စက်မှုပုံစံ မှန်ကန်ပါစေ

အမျိုးသမီး အများစု ခါးနာရတဲ့ အကြောင်းရင်းတွေထဲမှာ အိပ်စက်မှုပုံစံ မမှန်တာနဲ့ အိပ်ရာ အနေ အထားကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ မွေ့ရာဟာ အရမ်းမာလွန်းတာမျိုး ဆိုရင် သင့်ခါးနေရာကို နာကျင်မှုဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ပက်လက်အိပ်တာနဲ့ ခေါင်းအုံး အရမ်း မြင့်လွန်းတာကြောင့် ခါးနဲ့ နောက်ကျော နာကျင်တတ်ပါတယ်။ ပက်လက်အိပ်ချိန်မှာ သင့်ခြေထောက် ဒူးခေါင်း အောက် နားမှာ ခေါင်းအုံးတစ်လုံး ခုအိပ်ပါ။

၇။ ဆွေးနွေးမှု မှန်ကန်ပါစေ

ခါးနာတာဟာ သုံးရက်ထက်ပိုပြီး ကြာနေမယ် ဆိုရင်တော့ နားလည်တတ်ကြွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင်နေထိုင်မှုပုံစံနဲ့ ပြောင်းလဲ နေထိုင်သင့်တဲ့ ဘဝနေထိုင်မှု ပုံစံတွေကို လမ်းညွှန်ပေးနိုင်ပြီး တခြား စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

သဲသဲ
BY GOOD HEALTH

............................................
Copy from ကျန်းမာရေးစာတိုများစုစည်းမှု
From....News of Myanmar

No comments:

Post a Comment