Saturday 20 April 2013

သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား

Photo: သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
သံတောင် ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ 
ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
 

No comments:

Post a Comment