Saturday 20 April 2013

ရန်ကုန် ဆီဒိုးနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံကာ ဟိုတယ်သစ် ထပ်မံတည်ဆောက်မည်

w1-11-4-7
ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံ လုပ်ကိုင် မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၁၂/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် Straits Green-field  Limited (Sedona Hotel Yangon) အား နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Service Residenceများပါဝင်သော စီမံကိန်းအဆင့်(၂) လုပ်ငန်း များ လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်း ထောင့်ရှိ လက်ရှိ ဆီဒိုးနားဟိုတယ်ဝင်း အတွင်း နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Sevice Residence များ တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ထပ်မံမြှုပ်နှံမည်ဟု သတင်းရရှိပါသည်။
Straits Greenfield  Limited (Sedona Hotel Yangon) မှ လုပ်ကိုင်မည့် အဆိုပါ စီမံကိန်း ကို နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ မြန်မာနိုင်ငံ တွင် မြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော်ရှိပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံမှ မြှုပ်နှံထားခြင်းဖြစ်သည်။
  
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အစည်းအဝေး ၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံသည့် လုပ်ငန်း ၃၂ ခုအား ချထားပေးခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ ချထားပေးရာတွင်  ဘီယာ၊ စီးကရက်၊ အဖျော်ယမကာ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ ပါဝင်ပြီး လက်ခစားစနစ်ဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများကို အများဆုံးချထားပေးသည်ဟု သိရသည်။

From....MyanmarExpress

No comments:

Post a Comment