၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား
ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆
ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့်
တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ်
မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ
စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ
အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏
ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့
ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။
တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း
တွင် ပြည်မြို့မှ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ သို့ မော်တော်ယာဉ် ဖြင့်
လည်းကောင်း ၊ တောင်ကုတ် မြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ဧပြီလ ၇ ရက်နေ့
နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ မှ စစ်တွေမြို့ ယင်း၏ နေအိမ်သို့ သို့ မလိခ
အမြန်ရေယာဉ် ဖြင့်ရောက်ရှိရာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြောင်း
နှင့် ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက စစ်တွေ မြို့လုံးကျွတ် ၂၉
ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ သို့ တက်ရောက်ပြီး အပူဇော် ခံယူခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment