တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။
ဧပြီ ၂၀ ရက်၊ တရုတ်စံတော်ချိန် နံနက် ၈ နာရီ ၂ မိနစ်ခန့်တွင် ဇီချွမ်ပြည်နယ်၊ Linqiong မြို့ မှ အနောက်ဖက် ၃၁ မိုင်ခန့်၊ မြေအောက် ၇.၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ လှုတ်ခတ် သွားခဲ့ခြင်းဖြစ်ပြီး လောလောဆယ်သိရှိရသလောက်မူ ရာနှင့်ချီ၍ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသော်လည်း စာရင်းအတိအကျမထွက်သေးချေ။
၂၀၀၈ ခုနှစ် မေလအတွင်းကလည်း ဇီချွမ်ပြည်နယ်တွင် အင်အား ၈.၀ ခန့်ရှိသည့် မြေငလျင် လှုတ်မှုကြောင့် လူပေါင်း ကိုးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ကြသေးသည်။
BBC

No comments:
Post a Comment