Saturday 20 April 2013

ဒီနေ့သည် သမ္မတကြီး မွေးနေ့

သူဟာ နှလုံးခုန်စက်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ သံမဏိလူသား..
သူဟာ ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးခဲ့ရကြောင်း ကိုရီးယားရောက် ပြည်သူတွေကို ရင်ဖွင့်ပြခဲ့ တဲ့ မာန်မာနကို နှိမ့်ချတတ်တဲ့ လူတစ်ယောက်..
သူဟာ မြန်မာ့နိုင်ငံရေးအတွက် စင်္ကာပူ အကြီးအကဲကို တွေ့ရဖို့ ထိုင်ခုံမှာ ထိုင်စောင့်ပေးဖို့ ၀န်မလေးခဲ့တဲ့ သူ့ထက် နိုင်ငံဂုဏ်သိက္ခာကို အလေးထားခဲ့တဲ့သူ..
သူဟာ နိုင်ငံတော်ရဲ့သမ္မတကြီးတစ်ဦးဖြစ်ပေမယ့် ရိုးရိုးတန်းလေယာဉ်ထိုင်ခုံမှာထိုင်ပြီး ပြုံးရယ်ခဲ့ တဲ့ နှစ်လို ဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်..
သူလိုလူ တစ်ယောက်အတွက် ကိုယ့်မွေးနေ့ကိုယ် သတိမရတတ်တဲ့ ကျွန်တော် မွေးနေ့ ဆုတောင်း ပေး လိုက်ပါတယ်။
 
Happy Birthday Mr. President

No comments:

Post a Comment