Saturday 20 April 2013

ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ ၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ် တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည် ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့် အနောက် တောင်ထောင့်
တွင် ဆိုင်းထားသော ကြိုးပြုတ်ကျပြီး အနည်းငယ် စောင်းသွား ကြောင်းအား ဂေါပက အဖွဲ့ဝင်များက သက်ဆိုင်ရာ သို့ အကြောင်းကြား ခဲ့ကြောင်း နှင့် ဧပြီလ ၁၇ ရက်နေ့တွင် ပြည်နယ် အင်ဂျင်နီယာ မှူးနှင့် အဖွဲ့ဝင်များ ရောက်ရှိ တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီး မူလ အနေအထား အတိုင်း ပြုပြင် ပြီးစီး ခဲ့ကြောင်း သိရှိရသည်။

From : The Myawady Daily

No comments:

Post a Comment