Wednesday 13 January 2016

NCA လက်မှတ်ထိုးသည့် အဖွဲ့နှင့် မထိုးသည့်အဖွဲ့များ စိတ်ဝမ်းမကွဲကြရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နေပြည်တော်တွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
NCA ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် မရေးထိုးရသေး သည့် အဖွဲ့များအချင်းချင်း စိတ် ၀မ်းမကွဲကြရန် အရေးကြီးကြောင်း နှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် တာဝန်ထမ်းဆောင်ရန် အဆင် သင့်ရှိနေကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက် သည်။
နှစ်ပေါင်း ၆၀ ကျော်ပြည် တွင်းလက်နက်ကိုင် ပဋိပက္ခများ ရပ်စဲပြီး ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရန်အတွက် သမိုင်း တွင် ပထမဆုံး ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်၌ စတင် ကျင်းပခဲ့သည်။ ညီလာခံအဖွင့် တွင် သမ္မတ၊ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ကရင် အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က မိန့်ခွန်းအသီးသီးပြောကြား ခဲ့ကြသည်။

အဖွင့်မိန့်ခွန်းတွင် ဒေါ် အောင်ဆန်းစုကြည်က‘‘တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအ ဆင့် ခြေလှမ်းသာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ရန် မလွဲမသွေကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသား များ အချင်းချင်းကြားမှာ NCA လက်မှတ်ရေးထိုးထားသောတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် လက်မှတ်ရေးထိုးခြင်းမပြုရ သေးသော တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးပါ တယ်။ မတရားအသင်းမှ ပယ် ဖျက်ခံရပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မတ ရားအသင်းမှ ပယ်ဖျက်ခြင်းမခံရ သေးသော တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များအကြားမှာ နား လည်မှုလွဲမှားခြင်း မဖြစ်စေဖို့ လည်း ဂရုစိုက်ရမှာဖြစ်ပါတယ်’’ ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ‘‘အမျိုးသားပြန် လည်သင့်မြတ်ရေးမရှိဘဲနဲ့ တည် တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ် လိုမှ မတည်ဆောက်နိုင်ပါဘူး။ ယခုအချိန်မှာ ပြည်သူပြည်သား တိုင်းရင်းသားများက ကျွန်မတို့ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာ (Madate) အပေါ် အခြေခံပြီး ထာဝရ ငြိမ်းချမ်းရေးရယူမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင့် သင့်ရှိပါတယ်။ အားလုံးက ပူး ပေါင်းပါဝင်ကူညီကြမယ်လို့ လည်း မျှော်လင့်ပါတယ်’’ဟု မိန့် ခွန်းတွင် ထည့်သွင်းပြောကြား သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ ညီချက် (NCA) ပြဋ္ဌာန်းချက်များ အရ NCA ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ငါးရက်ကြာပြုလုပ်မည့် ညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA ရေးထိုးထား သည့် အဖွဲ့ရှစ်ဖွဲ့၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ ပါဝင် သင့် ပါဝင်ထိုက်သူများ၊ နိုင်ငံတ ကာအပါအ၀င် အထူးဖိတ်ကြား ထားသူ၊ လေ့လာသူများ တက် ရောက်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်က ပြည် ထောင်စုညီလာခံခေါ်ယူရခြင်း သည် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် အစိုးရသစ် ထံ တာဝန်များ လွှဲပြောင်းပေးရန် ကိစ္စရပ်များထဲတွင် အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက် ခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်း၌ ပြောကြားသည်။

‘‘သိမ်မွေ့နက်နဲကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုး ရသစ်ထံ စနစ်တကျလွှဲပြောင်း ပေးနိုင်ရေးအတွက် အထူးအရေး ပါလှတဲ့ ဆောင်ရွက်ချက်တစ်ခု လည်းဖြစ်ပါတယ်’’ဟုပြောသည်။

သမ္မတက ဆက်လက်၍ ‘‘အစိုးရသစ်လက်ထက်ပေါ်ပေါက် လာမယ့် ညီလာခံမှာ ရလဒ် ကောင်းများ ထွက်ပေါ်လာရေးအ တွက် ဒီကနေ့ ဆွေးနွေးမှုများကို အကောင်းဆုံး စုစည်းနိုင်ခြင်းအ ပေါ်မှာ မူတည်မယ်ဆိုတာကို လည်း သတိပြုစေလိုပါတယ်’’ဟု ပြောသည်။

သမ္မတမိန့်ခွန်းပြောရန်စီစဉ် ထားသည့် စင်မြင့်ခုံကို သမ္မတ မိန့်ခွန်းအပြီးတွင် တာဝန်ရှိသူများ က သိမ်းဆည်းခဲ့ပြီး ကျန်ခေါင်း ဆောင်လေးဦးက အခြားစီစဉ် ထားသည့် စင်မြင့်ခုံ၌ ဆက်လက် ပြောကြားခဲ့ခြင်းကိုလည်း မြင် တွေ့ခဲ့ရသည်။ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌက လွဲပြီး သမ္မတအပါအ၀င် ကျန်ခေါင်း ဆောင်များသည် မိန့်ခွန်းပြောကြား အပြီးတွင် ခန်းမအတွင်းမှ အသီး သီး ပြန်လည်ထွက်ခွာသွားခဲ့ကြ သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း NCA မရေးထိုး သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအပေါ်သံသယ စိတ်မထားဘဲ အချိန်မရွေးလက် မှတ်ရေးထိုးနိုင်ရန် တံခါးဖွင့်ထား ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

‘‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးက နှစ်ပေါင်း ၆၀ ကျော်ကြာရှည်နေပြီဖြစ်တဲ့ ပြည် တွင်းလက်နက်ကိုင် ပဋိပက္ခကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့အ တွက် ကဏ္ဍအသီးသီးကနေ ပါ ၀င်ပတ်သက်နေတဲ့State Holder တွေရဲ့ စိတ်ရင်းစေတနာကောင်း တွေနဲ့ မဆုတ်မနစ်ကြိုးပမ်းခဲ့ကြ ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာအထူး သံတမန် Mr.Sun Guoxiang က ‘‘ဒီနေ့ကျင်းပတဲ့အစည်းအဝေးက တော့ အဘက်ဘက်က မတူညီတဲ့ အချက်တွေကို လျော့သွားနိုင်တဲ့ ကြိုးစားနိုင်တဲ့ ရလဒ်ဖြစ်ပါတယ်’’ ဟု ညီလာခံအဖွင့်နေ့က သတင်း ထောက်များနှင့်တွေ့ဆုံစဉ် စ ကားပြန်မှတစ်ဆင့်ပြောသည်။

NCA တွင် အဖွဲ့အားလုံး မပါခြင်း၊ ဒေသအချို့တွင် လတ် တလောတိုက်ပွဲများ ဖြစ်ပွားနေ ခြင်းတို့ကြောင့် ယင်းကာလ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ကျင်းပနေခြင်းအပေါ် ဝေဖန်မှု များလည်းရှိနေသည်။

ညီလာခံသို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီကလွဲ၍ NCA မထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံး မတက်ရောက်ခဲ့ကြပေ။

7Day Daily

No comments:

Post a Comment