Wednesday 13 January 2016

စတော့ရှယ်ယာများ ပုံနှိပ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာတို့မှ တစ်ဆင့် ကမ်းလှမ်းရောင်းချနေမှုများ ဥပဒေနှင့်အညီ အရေးယူမည်

စတော့ ရှယ်ယာများအား ပုံနှိပ်မီဒီယာများ နှင့် လူမှုကွန်ရက်စာမျက်နှာ (Facebook) တို့မှတစ်ဆင့် ကမ်းလှမ်း ရောင်း ချနေခြင်းကြောင့် အများပြည် သူများဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင် သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင် ရန်ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်မှ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်စတော့ အိတ်ချိန်း(Yangon Stock Exchange-YSX) အမည်ဖြင့် လူမှုကွန် ရက်စာမျက်နှာဖွင့်လှစ်ကာ တရား ဝင်စာမျက်နှာ (Offical Page) သဖွယ်ဆောင်ရွက်နေခြင်းများကို ငွေချေးသက်သေခံ လက်မှတ်ကြီးကြပ် ရေးကော်မရှင်မှ လိုအပ်သလို အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်မှ တာဝန်ရှိ သူတစ်ဦးက ''အများနှင့်သက်ဆိုင် သော ကုမ္ပဏီဆိုပြီးFacebook လူမှုကွန်ရက်မှာအစုရှယ်ယာများ အား ကမ်းလှမ်းရောင်းချနေတယ်။ အဲဒီကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှာ တရားဝင်မှတ်ပုံတင်ထားမှု မရှိဘူး။ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး မှ အတည်ပြုချက်ပေးထား ရယူ ခြင်းမရှိတဲ့အတွက် ငွေချေးသက်သေ ခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေနှင့်နည်းဥပဒေပါ အများပြည် သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ရည်ညွှန်းပြီး ဆောင် ရွက်သွားမှာပါ'' ဟုဆိုသည်။

လက်ရှိငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်သည် ငွေချေး သက်သေခံလက်မှတ် များလဲလှယ်ရောင်းဝယ်ရေးဥပဒေ နှင့်အညီ ရန်ကုန်စတော့အိတ်ချိန်း ကို ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီး အစုရှယ်ယာ များ ရောင်းဝယ်ရာတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးမည့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) များကို ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်စိစစ်ခွင့် ပြု လျက်ရှိပါသည်။

မကြာမီကာလတွင် အများပြည် သူများအနေဖြင့် ငွေချေးသက်သေ ခံလက်မှတ်ကုမ္ပဏီများကိုကြားခံ၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်း ဝင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ (Listed Company) များ၏ အစုရှယ် ယာများကိုဥပဒေနှင့်အညီ လွတ်လပ် စွာ အရောင်းအဝယ်ပြုလုပ်နိုင်တော့ မည်ဖြစ်ပါသည်။

ယင်းကဲ့သို့ ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင်အစုရှယ် ယာများကို အရောင်းအဝယ်ပြုလုပ် နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည့်ကြားကာလကို အခွင့်ကောင်း ယူ၍ အချို့သောလူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများသည် ပုံနှိပ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာ (Facebook) တို့မှတစ်ဆင့် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းဖိတ် ခေါ်ရောင်း ချခြင်း၊ ရန်ကုန်စတော့ အိတ်ချိန်း (Yangon Stock Exchange-YSX) အမည်ဖြင့် လူမှု ကွန်ရက်စာမျက်နှာဖွင့်လှစ်၍ တ ရားဝင်စာမျက်နှာ (Official Page) သဖွယ်ဆောင်ရွက်နေကြောင်း သိရသည်။

ပုံနှိပ်မီဒီယာများနှင့် လူမှုကွန် ရက်စာမျက်နှာ (Facebook)တို့ မှတစ်ဆင့် အများပြည်သူသို့ အစု ရှယ်ယာများတရားမဝင်ကမ်းလှမ်း ရောင်းချနေခြင်းနှင့် ရန်ကုန်စတော့ အိတ်ချိန်း (Yangon Stock Exchange-YSX)အမည်ဖြင့် လူမှု ကွန်ရက်စာမျက်နှာဖွင့်လှစ်၍ တရား ဝင်စာမျက်နှာ (Offical Page) သ ဖွယ်ဆောင်ရွက်နေခြင်းများကို ဘဏ္ဍာ ရေးဝန်ကြီးဌာန ငွေချေးသက်သေ ခံလက်မှတ်ဈေးတွင် ပါဝင်ဆောင် ရွက်မှုများအား ဥပဒေနှင့်အညီ အ ကာအကွယ်ပေးနိုင်ရန်အတွက် ငွေ ချေးသက်သေခံလက်မှတ်များ လဲ လှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်း ဥပဒေနှင့်အညီ လိုအပ်သလိုအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

AK
‎Democracytoday‬

No comments:

Post a Comment