Wednesday 13 January 2016

လိပ်ကျွန်းအမှု အယူခံကာလ တစ်လထပ်တိုးရန် တောင်းဆိုမည်

လိပ်ကျွန်း အမှုသေဒဏ်ကျ မြန်မာနှစ်ဦးအတွက် အယူခံဝင်နိုင်ရေး အချိန်တစ်လထပ် တိုးတောင်းရန် ထိုင်းရှေ့နေအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၁၁ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှေ့နေများကောင်စီ ရုံးခန်းတွင် မြန်မာအစိုးရ၏အထူးကိုယ် စားလှယ်အဖွဲ့၊ သံရုံးအထူးစုံ စမ်းရေး ကော်မတီနှင့် ရှေ့နေများကောင်စီ တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အစည်းအ ဝေးတက်ရောက်ခဲ့သူများထံမှ ဇန်န ဝါရီ ၁၂ရက်တွင် သိရသည်။

အချိန်တိုးမြှင့်ရရှိရေးအတွက် တရားရုံးမှ အယူခံဝင်ခွင့်ပေးထားသည့် အချိန်တစ်လအတွင်း ထပ်မံတိုးမြှင့် တောင်းခံရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လိပ်ကျွန်းအမှုတွင် စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့ သည့် MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ''ပုံမှန်ဆိုရင်တော့ အမှုက လာမယ့် ဇန်နဝါရီ၂၄ရက်မှာ သတ်မှတ်ထား တဲ့အချိန်တစ်လပြည့်မှာပါ။ ရက်ထပ် တိုးပေးဖို့ကို အဲဒီ၂၄ရက်မတိုင်ခင်တင် ရမှာဖြစ်ပါတယ်။ ဒီအမှုက အမှုကြီး ဖြစ်တဲ့အပြင် ပုဒ်မလည်းအများကြီးနဲ့ စွဲပြီးစီရင်ထားတာပါ။ ဒီတော့ အယူ ခံလွှာကို သေချာ စိစစ်ပြီးရေး ရမှာဖြစ် သလို မှုခင်းသိပ္ပံကျွမ်းကျင်သူ များနဲ့ လည်း တိုင်ပင်ရမှာဖြစ်လို့ အချိန်မ လုံလောက်လို့ အခုလိုရက်ထပ် တိုး တောင်းမှာဖြစ်ပါတယ်''ဟု အစည်း အဝေးတွင် ပြောကြား ချက်များကို ပြန်လည်ပြောပြသည်။

ယင်းအပြင် အစည်း အဝေးတွင် သက်သေများသည် တရားရုံးတွင်ထွက် ချက်ပေးချိန်၌သာ လာရောက်ထွက် ဆိုခွင့်ရှိပြီး စီရင်ချက်ချပြီးမှထွက်ဆို ၍မရကြောင်း၊ အယူခံဝင်ခြင်းသည် လည်း တရားသူကြီးစီရင်ချက်ချရာ တွင် အားနည်းနေသည့် အချက်များ ကိုသာ ထောက်ပြပြောဆိုရခြင်းဖြစ် ကြောင်း၊ ယင်းအချက်များကိုသေချာ နားလည်ရန်လိုကြောင်း၊ ယင်းအမှု တွင် အချက်အလက်ပြည့်စုံမှုရှိ မရှိ အပိုင်းကို အမှုလိုက်ရှေ့နေအဖွဲ့ထက် ပို၍ မည်သူမျှသိနိုင်မည်မဟုတ်ကြောင်း၊ ထိုင်းရှေ့နေ အဖွဲ့မှ လွဲ၍ ကျန်သူများ အနေဖြင့် အမှုနှင့်ပတ်သက်၍ သတင်း အချက်အလက်များ တိကျမှန်ကန် စွာပြောရန် လွယ်ကူမည် မဟုတ်ဟု လိပ်ကျွန်းအမှုလိုက် ထိုင်းရှေ့နေ များ၏အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဝီရစတ်က အစည်းအဝေးတွင် ပြော ဆိုခဲ့ကြောင်း သိရသည်။

ယင်းအပြင် အယူခံဝင်နိုင်ရေး အတွက် အမှုလိုက်ရှေ့နေအဖွဲ့၏ ဒုတိယ အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး နခေါ်န်ချုမ်ဖူချာတ်က လက်ရှိတွင် အကြမ်းဖျင်း အနေဖြင့် လုပ်ဆောင်ပြီး ပြီဖြစ်ကြောင်း၊ ထောက်ပြရမည့်အ ချက်ပေါင်း တစ်ရာကျော် ခန့်ရှိကြောင်း၊ ယင်းကို သက်ဆိုင်ရာကော်မတီ အပါ အဝင် ကျွမ်းကျင်သူများနှင့် ပြန်ပြီးသုံး သပ်တိုင်ပင်မှုများ ပြုလုပ်ရဦး မည်ဖြစ် ကြောင်းပြောကြားခဲ့သည်ဟု ဦးစိန် ဌေးက ဇန်နဝါရီ ၁၂ရက်တွင် ဒီမိုကရေ စီတူဒေးသတင်းစာသို့ ပြောသည်။

အဆိုပါအမှုအတွက် မြန်မာနိုင်ငံ ဘက်မှ ဥပဒေပညာရှင်၊ မှုခင်းဆေး ပညာဆိုင်ရာကျွမ်းကျင်သူနှင့် အယူ ခံမှုဆိုင်ရာကျွမ်းကျင် သူ စုစုပေါင်း သုံးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ဇန်နဝါရီ ၁၁ရက်က ထိုင်းနိုင်ငံ သို့ စေလွှတ်ခဲ့သည်။

အဆိုပါအဖွဲ့သည် ဇန်နဝါရီ၁၃ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ နခွန် စီထမရပ် အကျဉ်းထောင်သို့သွား၍ ဝင်းနှင့်ဇော်ကို သွားရောက်တွေ့ဆုံကာ နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင် ရွက်နေမှုများကို အသိပေးအားပေး စကားပြောကြားမည်ဖြစ်ကြောင်း သိ ရသည်။

ZCH
Democracytoday

No comments:

Post a Comment