Wednesday 13 January 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဘီးယား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ (၃) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ အဖွဲ့နှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်း ချမ်းရေး ရရှိသည်အထိ ဆက်လက်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ၊ ဦးစိုးသိန်း ၊ ဦးရဲထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြ၀တီ

No comments:

Post a Comment