Wednesday 13 January 2016

နိုင်ငံခြားဘာသာတက္ကသိုလ် ညနေပိုင်းသင်တန်းများ သင်တန်းသား ၁၀၀၀ ကျော်လက်ခံ

နိုင်ငံခြားဘာသာတက္ကသိုလ် ညနေပိုင်း သင်တန်းသားများ လက်ခံနေစဉ် (ဓာတ်ပုံ - YUFL)
နိုင်ငံခြားဘာသာတက္က သိုလ်(ရန်ကုန်)တွင် ဖွင့်လှစ်မည့် ညနေပိုင်း နိုင်ငံခြားဘာသာစကား သင်တန်းများအတွက် သင်တန်း သား ၁၀၀၀ ကျော်လက်ခံထားပြီး ဂျပန်ဘာသာစကားသင်တန်းမှာ သတ်မှတ်ထားသည့် လူဦးရေ ထက် နှစ်ဆခန့် တိုးမြှင့်လက်ခံခဲ့ရ ကြောင်း သတင်းရရှိသည်။
ညနေပိုင်းနိုင်ငံခြားဘာသာ သင်တန်းဝင်ခွင့်လျှောက်လွှာများ ကို ဇန်နဝါရီ ၁၂ ရက်တွင် စတင် လက်ခံရာ၌ အင်္ဂလိပ်ဘာသာ သင်တန်းအတွက် သင်တန်းသား ဦးရေ ၆၀၀ ကျော် လက်ခံခဲ့ပြီး ဂျပန်ဘာသာစကားသင်တန်းအ တွက် လူဦးရေ ၁၀၀ ခန့် သတ်မှတ် ထားသော်လည်း လျှောက်ထား သည့် ကျောင်းသားများ တောင်း ဆိုခဲ့သောကြောင့် ၂၀၀ ခန့်အထိ တိုးမြှင့်လက်ခံခဲ့ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)မှ သိရသည်။

‘‘ဒီအပတ်စဉ်က တက္ကသိုလ် ဝင်တန်းအောင်ကျောင်းသားတွေ လည်း မရှိတော့တဲ့အတွက် ကြောင့် ခါတိုင်းလိုပဲ လက်ခံပါ တယ်။ ဂျပန်ဘာသာက ကလေး တွေ တောင်းဆိုတာများတဲ့အ တွက်ကြောင့် ၂၀၀ ခန့် လက်ခံပါတယ်’’ဟု ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက ပြော သည်။

ညနေပိုင်းသင်တန်းများအဖြစ် အင်္ဂလိပ်စာ၊ ဂျပန်၊ ဂျာမန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ကိုရီးယား၊ ထိုင်းနှင့် မြန်မာဘာသာသင်တန်း များကို ဖွင့်လှစ်မည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာသင်တန်း တွင် သင်တန်းကာလသုံးလဖြစ် ပြီး ကျန်ဘာသာစကားသင်တန်း များမှာ သုံးလမှ ခြောက်လအထိ သင်ကြားရမည်ဖြစ်သည်။

သင်တန်းကြေးမှာ သုံးလသင်တန်းတစ်ခုလျှင် ငွေကျပ်သုံးသောင်းနှင့် ခြောက်လသင်တန်းတစ်ခုလျှင် ငွေကျပ် ၆ သောင်း ပေးသွင်းရမည် ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင် ညနေ ၅း၂၀ နာရီမှ ၇း၀၀ နာရီအထိ သင်ကြားမည်ဖြစ်သည်။

လျှောက်ထားသူများသည် ဓာတ်ပုံသုံးပုံ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(သို့မဟုတ်)တက္ကသိုလ်ဝင်တန်းရမှတ်အမှတ်စာရင်း(သို့မဟုတ်)ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူတို့ဖြင့် ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment