Wednesday 13 January 2016

ထားဝယ်မြို့တွင်းအမှိုက်ပုံးပုံစံအသစ် ၁၀ဝခန့်ထားရှိမည်ဟုဆို

ထားဝယ် မြို့တွင်းတွင် အမှိုက်ပုံးပုံစံအသစ် ၁၀ဝခန့်အထိ ထားရှိသွားမည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
ထားဝယ်မြို့တွင် အမှိုက်ပုံးအကြီး ၈ဝလုံးခန့်ထားရှိခဲ့သော်လည်း စည်းကမ်းမဲ့သူအချို့က အမှိုက်ပုံးများအားတွန်းလှဲခဲ့ကြသည့်အတွက် ယခုကဲ့သို့ အိမ်ပုံသဏ္ဍာန် အမိုးပါရှိ သည့် ပုံစံအသစ်များထားရှိ ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အမှိုက်ပုံးပုံစံအသစ် ၅ဝခန့် အား ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ မြို့အတွင်းလမ်းမကြီးတစ်လျှောက် ထားရှိခဲ့ပြီး မြို့နေပြည်သူများနှင့် အကျွမ်းတဝင်ဖြစ်လာချိန်တွင် လေ ယာဉ်ကွင်းလမ်းအပါအဝင် ထားဝယ် မြို့အတွင်းရှိလမ်းများတွင် အလုံးရေ ၁၀၀ ခန့်အထိထားရှိပေးသွားမည် ဟုဆိုသည်။

တာဝန်ရှိသူများမှ တာဝန်ရှိ သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက် ပြီးချိန်တွင် ပြည်သူများဘက်မှ အ မှိုက်ပုံးများအား အကျိုးရှိစွာဖြင့် အ သုံးချတတ်ရန်လိုအပ်ကြောင်း ထား ဝယ်မြို့ခံ ကိုဝကဆိုသည်။
''ဖျက်လိုဖျက်ဆီးမလုပ်ကြဖို့လို ပြီ'' ဟု ကိုဝကပြောသည်။

ယခုအသစ်ထားရှိသည့် အ မှိုက်ပုံးတစ်လုံးလျှင် ခြောက်သောင်း ငါးထောင်ကျပ်ခန့်ကျသင့်ကာ ယခင် ကထားရှိပေးခဲ့သည့် အမှိုက်ပုံးအကြီး များမှာ တစ်လုံးလျှင် ကျပ်တစ်သိန်း ခန့်ကျသင့်ကြောင်း ထားဝယ်စည် ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch
Democracytoday

No comments:

Post a Comment