Wednesday 13 January 2016

ရွှေကြွေးကျန်ရှိနေပြီး ၀န်ကြီးဌာနနှင့်မဆက်သွယ်သော ကုမ္ပဏီပိုင်ရှင်များကို အမည်ပျက်စာရင်းကြေညာရန် ဆွေးနွေး

နိုင်ငံတော်သို့ ပေး သွင်းရန် ရွှေကြွေးကျန်ရှိပြီး ၀န် ကြီးဌာနနှင့် မဆက်သွယ်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်းတင်သွင်းသင့် သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လွှတ် တော်တွင် ဆွေးနွေးခဲ့သည်။
‘‘ရွှေကြွေးကျန်အတွက် ဌာနနဲ့မဆက်သွယ်တဲ့ ကုမ္ပဏီ တွေရှိတယ်။ ကုမ္ပဏီနဲ့ဒါရိုက်တာ တွေ ဆက်သွယ်လို့ မရဘူး။ အဲဒီ လိုအနေအထားဖြစ်ပါတယ်။ ဒါ ကိုစာရင်းကနေပယ်ဖျက်ရုံလေး နဲ့ မလုံလောက်ဘူးလို့ယူဆပါ တယ်။ အဲဒီကုမ္ပဏီရဲ့ပိုင်ရှင် ဒါရိုက်တာများကို အမည်ပျက်စာ ရင်းတင်သွင်းဖို့လိုပါတယ်’’ဟု ဇန်န၀ါရီ ၁၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ပြည် သူ့ငွေစာရင်းကော်မတီ၏ ပထမ အကြိမ်လွှတ်တော်အစည်းအဝေး ကာလများအတွင်း ဆောင်ရွက် ချက်များကို ကချင်ပြည်နယ် မဲ ဆန္ဒနယ် (၇) မှ ကိုယ်စားလှယ် ဦးစံပြည့်က ဆွေးနွေးခဲ့ခြင်းဖြစ် သည်။

ရွှေကြွေးကျန်သွင်းရန် ၀န် ကြီးဌာနနှင့် အဆက်အသွယ်မ လုပ်သည့် အမှုတွဲ ၂၅ ခုရှိပြီး ၁၅ ခုကို စစ်ဆေးကာပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားဆဲဖြစ် ပြီး ကျန်သည့်အမှုတွဲ ၁၀ ခုကို စစ်ဆေးဆဲဖြစ်သည်ဟု သိရ သည်။

ရွှေကြွေးကျန်လုံးဝပေးသွင်း ခြင်းမရှိသည့် ကုမ္ပဏီများကိုမူ သက်ဆိုင်ရာတရားရုံးများတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက် လျက်ရှိသည်ဟု ပြည်သူငွေစာ ရင်းကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ရွှေကြွေးကျန် လုံးဝပေးသွင်းခြင်းမရှိသည့် အမှု တွဲ ၈၂ မှုတွင် ၇၇ မှုကို စစ်ဆေး ဆဲဖြစ်ကာ စစ်ဆေးပြီးသော အမှု ငါးမှုကို မြို့နယ်တရားရုံးတွင် အမှုဖွင့်အရေးယူဆောင်ရွက်နိုင် ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်ပင်ဆောင်ရွက်လျက်ရှိသည် ဟု အစီရင်ခံစာတွင်ပါရှိသည်။

‘‘ရွှေကြွေးကျန်ကို ကောက် တာ တစ်နှစ်အတွင်းမှာ ၁၂ ရာ ခိုင်နှုန်းကောက်ခံနိုင်တယ်။ ရွှေ ကြွေးကျန်တွေရရှိအောင် ဆောင် ရွက်နေတဲ့ အနေအထားက နည်း နေသေးတယ်’’ဟု ဦးစံပြည့်က ဆို သည်။

ထို့အပြင် သတ္ထုတွင်းဝန်ကြီး ဌာနနှင့် ရွှေလုပ်ငန်းရှင်များ နှစ် ဖက်စလုံးအနေဖြင့် ရွှေကြွေးကျန် ကို ပေးရန်သတ်မှတ်ထားသည့် ကာလအတွင်း မပေးနိုင်ခြင်းက စာချုပ်ပါအချက်အလက်များကို ဖော်ဆောင်နိုင်မှုအားနည်းနေပြီး ကျန်ရှိသည့် အစိုးရသက်တမ်း သုံးလအတွင်း ဖြေရှင်းဆောင်ရွက် သင့်သည်ဟု ဦးစံပြည့်က ပြော သည်။

နိုဝင်ဘာ ၃၁ ရက်အထိ ရွှေ ကြွေးကျန်စုစုပေါင်း ၂၀၂၈၇ ဒသမ ၁၄ ကျပ်သားရှိပြီး ရွှေကြွေး ကျန်ပေးသွင်းရမည့် ကုမ္ပဏီစုစု ပေါင်း ၂၀၀ ရှိသည်ဟု ပြည်သူငွေ စာရင်း ကော်မတီအစီရင်ခံစာ တွင် ဖော်ပြထားသည်။

7Day Daily

No comments:

Post a Comment