Wednesday 13 January 2016

မြန်မာ့တပ်မတော်က ပါကစ္စတန်လုပ် တစင်းလျှင် ဒေါ်လာ ၃၅ သန်းတန် JF-17 ဂျက်တိုက်လေယာဉ် ၁၆ စင်း ၀ယ်ယူခဲ့ဟုဆို

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်လုပ် JF-17 ဂျက်တိုက်လေ ယာဉ် ၁၆ စင်းကို အော်ဒါမှာယူခဲ့ ကြောင်းနှင့် မြန်မာသည် ပါကစ္စတန်ဂျက်တိုက်လေယာဉ်ကို ပထမဆုံး နိုင်ငံတကာဝယ်ယူသူဖြစ်ကြောင်း ပြည်ပသတင်းဝက်ဘ်ဆိုက်တခုက ဖော်ပြသည်။ ပါကစ္စတန်ဂျက်တိုက်လေယာဉ်ကို ၀ယ်ယူရန် အဇာဘိုင်ဂျန် နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ကလည်း စိတ်ဝင်စားကြောင်း ပါကစ္စတန်သမ္မတ မာနွန်းဟူစိန်က မကြာသေးမီက ပြောကြားသည်။
JF-17 Thunder ဂျက်တိုက်လေယာဉ်ကို တရုတ် AVIC ကုမ္ပဏီက ပုံစံထုတ်လုပ်ပြီး ပါကစ္စတန်၌ ထုတ်လုပ် သည်။ ၎င်းသည် အလေးချိန်ပေါ့ပါးပြီး ဈေးနှုန်းသင့်တင့်မျှတသည်။ စူပါဆိုးနစ်ဂျက် ဂျက်တိုက်လေယာဉ်ဖြစ်ပြီး လောလောဆယ် ပါကစ္စတန် Aeronautical Complex ကုမ္ပဏီက ပါကစ္စတန်လေတပ်အတွက် JF-17 ဂျက်တိုက် လေယာဉ်များ ထုတ်လုပ်ပေးနေသည်။

JF-17 ဂျက်တိုက်လေယာဉ်များကို ၀ယ်ယူရန် သီရိလင်္ကာနှင့် မလေးရှားနိုင်ငံတို့ကလည်း စိတ်ဝင်စား လျက်ရှိကြောင်း၊ မီဒီယာသတင်းရပ်ကွက်များက ဖော်ပြကြသည်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ် ကိုလံဘိုမြို့သို့ အလည်အပတ်သွားရောက်ပြီးနောက် သီရိလင်္ကာနိုင်ငံသည် JF-17 ဂျက်တိုက်လေယာဉ်များ ၀ယ်ယူမည်ဟု သတင်းထွက်ပေါ်လာသည်။ သို့သော် အိန္ဒိယနိုင်ငံက အပြင်းအထန်ကန့်ကွက်ပြီး နောက် သီရိလင်္ကာသည် ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိ အရောင်းအ၀ယ်သဘော တူညီချက်ကို ပယ်ဖျက်ဖွယ်ရှိသည်။

ပါကစ္စတန်သည် JF-17 ဂျက်တိုက် လေယာဉ်ကို တစင်းလျှင် ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချသည်။ ပါကစ္စတန်သည် ယင်းဂျက်တိုက်လေယာဉ်များကို အီဂျစ်နှင့် မလေးရှားသို့လည်း ရောင်းချရန် ဆွေးနွေး နေသည်ဟုဆိုသည်။ သို့ရာတွင် မလေးရှားကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆရီဟီရှမ်မူဒင်တွန်ဟူစိန်က မလေးရှားသည် ပါကစ္စတန်ဂျက်တိုက်လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားသည်ဆိုသော သတင်းကို ငြင်းဆိုခဲ့သည်။

Ref : (Defense Update)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment