Wednesday 13 January 2016

အမှုဖွင့်လျှင် အချိန်ကြာမည်စိုးသဖြင့် လုပ်ခမရဘဲ ပိတ်လှောင်ခံ ထား ရသော ထိုင်းပုစွန်စက်ရုံမှ မြန်မာ လုပ် သား များ အိမ်ပြန်ခြင်းဖြစ် ဟုဆို


ထိုင်းပုစွန် စက်ရုံတွင်လုပ်ခမရဘဲ ပိတ်လှောင်ခံ ထားရခြင်းအပေါ် အမှုဖွင့်လျှင် အ ချိန်ကြန့်ကြာမည် စိုးသဖြင့် မြန်မာ လုပ်သားများ အိမ်ပြန်သွားကြခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအဖွဲ့ MAT မှ ပြန်ကြား ရေးတာဝန်ခံ ကိုစောမောင်က ပြော သည်။
ထိုင်းရှိ မဟာချိုင်ပုစွန်စက်ရုံ တွင် လုပ်အားခမရရှိဘဲ ၁၅ရက်ခန့် ကြာ ပိတ်လှောင် ခံခဲ့ရသည့် မြန်မာ လုပ်သား၁ဝဦးတို့၏ဆန္ဒအရ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများအ ဖွဲ့ MAT ၏အကူအညီဖြင့် ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း ကိုစောမောင်က ဇန်န ဝါရီ ၁၂ ရက်တွင် ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။

''အမှုကိုကျေအေးပြီးတော့ မြန်မာ ပြည်ကိုပြန်ပို့လိုက်ပါပြီ။ ဘာလို့လဲဆို ရင် ကာယကံရှင်သူတို့က အိမ်ပြန်ချင် လို့ အကူ အညီတောင်း တဲ့အတွက်ပါ။ အမှုဖွင့်ရင် အနည်းဆုံး ခြောက်လ လောက်ကြာမှာမို့ အမှုမလုပ်ဘဲ အိမ် ပြန်တာပါ''ဟု ကိုစောမောင် က ဆက် လက်ပြောသည်။

လုပ်သားများရရှိမည့် လုပ်ခများ အားလုံးရရှိသဖြင့် ကျေအေးခဲ့ခြင်း လည်းဖြစ်ကြောင်း MAT မှသိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ကီလိုမီတာ၃ဝခန့်ဝေးသည့် မဟာ ချိုင်မြို့နယ် ထချလောင်ရပ်ကွက် ပုစွန် အလုပ်ရုံ၌ ပိတ်လှောင်ထားခြင်းခံရ သည့် မြန်မာအလုပ်သမားအမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစု ပေါင်း၁ဝဦးကို အခြားစက်ရုံတစ်ခုသို့ ထပ်မံပို့ဆောင်ရန် စီစဉ်နေချိန်တွင် ယင်းလုပ်သားတို့၏ MAT အဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်း ခံမှုအရ MAT အဖွဲ့နှင့် မဟာချိုင်မြို့ ရှိ ထိုင်းလူကုန်တားရဲတပ်ဖွဲ့ပူးပေါင်း ကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်သားများအပေါ် ပိတ် လှောင်ခြင်း များ ပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ အလုပ်ရှင်၏ကိုယ်စား လှယ်ဖြစ်သူကို တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများရှေ့တွင် ဖြေ ရှင်းရန်ခေါ်ဆောင်ရာတွင် မလိုက်ဘဲ အလုပ်သမား များထံမှ ဘတ်ငွေ ၂၀၀၀ဝရရှိမည်ဖြစ်သောကြောင့် ယခု ကဲ့သို့ ပိတ်လှောင်မှုပြုလုပ်ခြင်းဖြစ် ကြောင်း ဖြေရှင်းချက်များပေးခဲ့သည်။ အဆိုပါပြဿ နာကို စက်ရုံ၌သာဖြေ ရှင်းစေခဲ့ကာ နောက်ဆုံးတွင် လုပ် သားများ လွတ်လပ်စွာအိမ်ပြန်ခွင့်ရ ရှိခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အဆိုပါဖြစ်စဉ် များသည် မကြာခဏဖြစ်ပွားလေ့ရှိပြီး အထောက် ထားမဲ့ဖြစ်နေသည့် မြန်မာ လုပ်သားများ၏ အားနည်းချက် အ ပေါ်နင်းကာ ထိုင်းလုပ်ငန်းရှင်များ က ထိုသို့လုပ်ဆောင်နေ ကြခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား အရေးလှုပ်ရှားသူ များ ဝေဖန်ပြော ဆိုထားသည်။

ZCH
Democracytoday

No comments:

Post a Comment