Saturday 9 January 2016

တစ်နှစ်အတွင်း ကားပါကင် ထောက်ခံချက် ငါးသောင်းကျော် ခွင့်ပြုခဲ့

ရန်ကုန်တွင် ကားစီးရေများလာသည်နှင့်အမျှ ကားပါကင်ပြဿနာ ပိုမိုကြီးမားလာသည် (ဓာတ်ပုံ − စိုင်းဇော်)
၂၀၁၅ တွင် ရန်ကုန်တိုင်း အတွင်း၌ ကားပါကင်ထောက်ခံ ချက် ငါးသောင်းကျော် ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကားပါကင်ထောက်ခံချက် တစ်ဦးချင်း လျှောက်ထားမှုသည် ၃၂,၆၁၆ မှုရှိခဲ့ပြီး ကုမ္ပဏီအသင်း အဖွဲ့များ လျှောက်ထားမှု ၂၀,၁၄၈မှုရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကားပါကင်လျှောက်ထား မှုက တကယ်ကိုယ်ပိုင်ကားဝယ် သုံးဖို့ လျှောက်တဲ့သူက နည်းတယ်။ စီးပွားရေးသမားတွေ လျှောက်တာများတယ်’’ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင် လေးခရိုင်မှ ကားပါကင်ထောက် ခံချက်လျှောက်ထားမှုကို စီးပွား ကူးသန်းဝန်ကြီးဌာနက စိစစ်၍ တိုင်းဒေသကြီး အစိုးရထံတင်ပြ ကာ ခွင့်ပြုချက်ချပေးခြင်း ဖြစ် သည်။

၂၀၁၅ အတွင်း တစ်ဦးချင်း တင်သွင်းခွင့်လိုင်စင် ကားပါကင် ထောက်ခံချက် လျှောက်ထားမှု ၁၇,၀၇၃ မှုဖြင့် ရန်ကုန် (အရှေ့ပိုင်းခရိုင်)မှ အများဆုံး ဖြစ်ခဲ့ ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကုမ္ပဏီအသင်းအဖွဲ့များ ကားပါကင်ထောက်ခံချက် လျှောက်ထားမှုတွင် ရန်ကုန် (အနောက်ပိုင်းခရိုင်) မှ လျှောက်ထားမှု ၈,၁၇၅ မှုဖြင့် အများဆုံးဖြစ်ပြီး ကုမ္ပဏီများ ကားပါကင်ထောက် ခံချက်ကို ထရပ်ကား သုံးတန်အထက်၊ ဘတ်စ်ကား ၂၅ ခုံအထက် ကားများကိုသာ ကားပါကင် ထောက်ခံချက် ခွင့်ပြုခြင်း ဖြစ် သည်။

ကားပါကင်လျှောက်ထားမှု များသော်လည်း အားလုံးကို ပြန် လည်ချပေးခြင်း မဟုတ်ဘဲ ဖြစ်နိုင်ခြေနှင့် ညှိနှိုင်း၍ စိစစ်ထုတ်ပေးခြင်းဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment