Saturday 9 January 2016

ပိတ်ထားသော နိုင်ငံပိုင် မွေးမြူရေးအစာစပ် စက်ရုံများ အစိုးရသစ်လက်ထက် ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းမည်

လုပ်ငန်းအရှုံးပေါ်သဖြင့် ပိတ်ထားသော နိုင်ငံတော်ပိုင်မွေး မြူရေးအစာစပ်စက်ရုံခြောက်ခု ကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုစား နေကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာ ထုတ်လုပ်ရောင်းဝယ်သူ များအသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူးကပြောသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနလက်အောက်ရှိ အရှုံးပေါ် နေသော မွေးမြူရေး၊ အစားအစာ နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းကိုဖျက် သိမ်းခဲ့ရာ အဆိုပါ လုပ်ငန်းပိုင်မွေးမြူရေးအစာစပ်စက်ရုံများကို လည်း ပိတ်ထားခဲ့ရသည်။

၂၀၁၁-၁၂ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဖျက်သိမ်းခဲ့သောအဆို ပါ လုပ်ငန်းသို့ ပုဂ္ဂလိကလုပ်ငန်း ရှင် ၇၅ ဦးက အကြွေးကျပ်သန်း သုံးသောင်းကျော်ပြန်ပေးဆပ်ရန် ရှိနေကြောင်း ၀န်ကြီးဌာနက တ ရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

‘‘ပြီးခဲ့တဲ့အစိုးရလက်ထက်ပဲ ပေါ့။ အစာစပ်စက်ရုံတွေ ရပ်ထား တာ ပြန်လည်ပတ်ပေးဖို့ပြောခဲ့ တယ်။ ဒီနေ့ထက်ထိ မလုပ်သေး ဘူး။ ထပ်ပြောနေဦးမယ်။ စက် တွေ သုံးလို့ရသေးတဲ့အချိန်မှာ မလည်ဘဲ ရပ်ထားရင် သံချေး တွေတက်ပြီး ပျက်စီးကုန်မယ်။ သုံးမရတဲ့ အဆင့်ရောက်ရင် နိုင်ငံ တော်အတွက် အများကြီးနစ်နာ မယ်’’ဟု ဒေါက်တာသက်မှူးက ပြောသည်။

ဝန်ကြီးဌာနသည် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ကျပ်သန်း သုံးသောင်းကျော်အကြွေးရရှိရန် ကျန်ရှိသောကြောင့် အကြွေးမ ပေးသော လုပ်ငန်းရှင်များကို တ ရားစွဲဆိုထားပြီး လက်ရှိတွင်အမှု ရင်ဆိုင်နေရဆဲဖြစ်သည်။

မွေးမြူရေးလုပ်ငန်းသုံး အ စာကုန်ကြမ်းများကို နယ်စပ်ကုန် သွယ်ရေးမှ တရားမ၀င်တင်ပို့နေ မှုများကြောင့်အစာဈေးနှုန်းများ ကြီးမြင့်နေပြီးပြည်ပမှ အစာကုန် ကြမ်းများ ပြန်လည်တင်သွင်းနေရ ခြင်းကို ထိန်းညှိနိုင်ရေး ပိတ်ထား သည့်အစာစက်ရုံများပြန်ဖွင့်နိုင် ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ပြည်သူလူထုကို ပွင့်ပွင့် လင်းလင်းချပြပြီး သူတို့လည်နိုင် ရင်လည်၊ မလည်နိုင်ရင် လည်နိုင် တဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက် စေချင်တယ်။ အစိုးရက ပူးပေါင်း ဆောင်ရွက်မှုမရှိတော့ သက်ဆိုင် ရာဝန်ကြီးဌာနရဲ့ လိုအပ်ချက်ပဲ’’ ဟု ဒေါက်တာသက်မှူးကပြော သည်။ ရန်ကုန်မြို့ရှိ အစိုးရပိုင်မွေး မြူရေးအစာစပ်စက်ရုံ ခြောက်ရုံ ရပ်နားထားရပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ပိတ်ထားရသည့် အစိုးရ နှင့် ပုဂ္ဂလိကပိုင်စက်ရုံများရှိနေ ကြောင်း ဒေါက်တာသက်မှူးက ပြောသည်။

7Day Daily

No comments:

Post a Comment