Saturday 9 January 2016

မင်္ဂလာဈေးမှ မီးလောင် ဆိုင်ခန်းများအတွက် ရွှေမင်္ဂလာဈေး အပေါ်ထပ်တွင် ယာယီနေရာ ပြန်ပေးမည်

ဇန်နဝါရီလ ၉ ရက်က နံနက် ပိုင်းက မီးလောင်ကျွမ်း မှုဖြစ် ပွားခဲ့ သည့် မင်္ဂလာဈေး မြင်ကွင်း နှင့် မီးလောင်ကျွမ်းနေစဉ် မီးသတ်တပ် ဖွဲ့ဝင်များ ငြိမ်း သတ်နေ မှု မြင်ကွင်းများ - ဓာတ်ပုံ - ၀င်းကျော်မင်း ၊ ထားထားဝေ
မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှ ဆိုင် ခန်းများအား ရွှေမင်္ဂလာဈေးအပေါ် ထပ်တွင် နေရာပြန် လည်ချထားပေး ရန်အတွက်စီစဉ်ထားကြောင်း မင်္ဂလာ ဈေးသာယာရေးမှ သိရသည်။
ဇန်နဝါရီလ ၉ ရက်က နံနက် ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ သည့် မင်္ဂလာဈေးအတွင်းဈေးဆိုင် ခန်းပေါင်း လေးထောင်ကျော် ရှိပြီး ယင်းဆိုင်ခန်းများအတွက် ယာယီ နေရာပြန်လည်ချထားပေးရန်အ တွက် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ အင်ဂျင်နီယာ များ ရွှေမင်္ဂလာဈေးအပေါ်ထပ်ရှိ ကားပါကင်နေရာအား တိုင်းတာမှု များပြုလုပ်နေကြောင်း ဈေး သာယာ ရေးကော်မတီ အတွင်းရေးမှူး ဦးရှိုး တီက ဆိုသည်။

ဦးရှိုးတီက ''ယာယီကတော့ ရွှေမင်္ဂလာဈေးအပေါ်သုံးထပ်မှာ မြို့တော် ဝန်က သူ့အင်ဂျင်နီယာအဖွဲ့ ကို ဆိုင်ခန်းနေရာ လျာခိုင်းနေတယ်။ ဘယ်လောက်ဆံ့မယ်ဆိုတာတော့ မသိဘူး''ဟု ဆိုသည်။

ယင်းအပြင် ပျက်စီးမှုမရှိသည့် ပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရေး အတွက် မင်္ဂလာဈေးအား ဝင်ပေါက် များအားလုံးကို သော့ ခတ်ထား မည် ဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်တွင် အသေး စိတ်ဆောင်ရွက်မည့် အခြေအနေများ ကို ဈေးသူ/ဈေးသား သိရှိစေရန်အ တွက် ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''မီးလုံးဝငြိမ်းသွားပြီလို့ ဆုံးဖြတ် ပြီးသွားပြီဆိုတဲ့အချိန်ကြရင် သူတို့ က စည်ပင်ကိုလွှဲမယ်။ စည်ပင်က တက်စစ်မယ်။ စည်ပင်နဲ့ ကျွန်တော် တို့သာယာရေးနဲ့ကြည့်ပြီးတဲ့ အချိန် မှာ သာယာရေးအဖွဲ့နဲ့ စတုတ္ထထပ် ဆိုရင်လည်း စတုတ္ထထပ်ပေါ့။ တတိယ ထပ်ဆိုရင်လည်း တတိယထပ်ပေါ့။ အန္တရာယ်ရှိတဲ့အတွက်အများကြီး တော့ ပေးဝင်မှာမဟုတ်ပါဘူး။ ဈေး သည် ၁၀ ဦးလောက်နဲ့ ဈေးသာယာ ရေးကော်မတီနဲ့ တက်ကြည့်မယ်။ အားလုံးက ကိုယ်မြင်တဲ့အခြေအနေ ကို ကိုယ့်အထပ်က ဈေး သည်တွေကို ရှင်းပြပေါ့။ အခုတော့ အားလုံးပူ လောင်နေတယ်။ မနက်ဖြန်ကြရင် တရားပွဲလုပ်ထား တဲ့ ဆောင်းဘောက် တွေ ရှိပါသေးတယ်။ တဲလေးထိုးပြီး တော့ အခြေ အနေလေးတွေ တင်ပြ ပေးမယ်။ မိုက်လေးနဲ့ ပြောလိုက်ရင် အားလုံးကြားရ မယ်။ ဒီလိုမျိုးတွေ စီစဉ်ပေးမယ်။ အချိန်လိုက်သတင်း လေးတွေ ထုတ်ပြန်ပေး မယ်။ မနက် ဖြန်ကို ၈ နာရီ ၉ နာရီလောက်မှ လာ ကြည့်ပါ။ ဟိုတစ်ခေါက်တုန်းကလို အယောက် ၃၀ တစ်သုတ် ကတ်ပြား လေးတွေ ချိတ်ပေးမယ်။ အားလုံးက လည်း စိတ်မကောင်းစရာပေါ့။ ဒုတိယ အကြိမ်ဖြစ်သွားတဲ့အတွက် အားလုံး ကလည်း အတွေ့အကြုံရှိသွားပြီ။ ဒီ ကတ်ပြားလေးနဲ့ ဆိုင်ရှင်ကိုယ်တိုင် လာပါ။ အလုပ်သမားသုံး၊ လေး ဦး ခေါ်ထားပါ။ ကားလေးတွေတော့ ကြို တင်စုံစမ်းထားပေါ့။ အလှည့်ဘယ် အချိန်ကြမယ်ဆိုတာတော့ မသိဘူး'' ဟု ၎င်းက ဆိုသည်။

လက်ရှိဈေးသာယာရေးကော် မတီအနေဖြင့် ဒုတိယအကြိမ်မီး လောင်ကျွမ်း မှုဖြစ်သဖြင့် ယာယီဈေး သို့ ပြောင်းရွှေ့နိုင်ရေးအား အတတ် နိုင်ဆုံး လျင်မြန်စွာဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

AK
‎Democracytoday‬

No comments:

Post a Comment