Saturday 9 January 2016

သင်ဟာ အိမ်ထောင်မပြုပဲ ကလေးမွေးစားဖို့ စဉ်းစားနေသူဆိုရင် မမွေးစားခင် ဒီအချက်လေးတွေ မဖြစ်မနေ သိထားဖို့လို

ခုခေတ်မှာ အမျိုးသမီးတော်တော်များများက အိမ်ထောင်မပြုချင်ဘူး၊ ကလေးတော့ လိုချင်တယ် ဆိုသဖြင့် သူတို့ခံစားချက်တွေ ဖွင့်ဟလာကြပါတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်ရာမှာ ရေရှည် ဒီလူနဲ့အတူ ကိုယ်လိုချင်တဲ့၊ သွားချင်တဲ့ ပန်းတိုင်ကို လျှောက်နိုင်ပါ့မလား၊ တစ်ယောက်နဲ့တစ်ယောက် နားလည်သည်းခံမှုတွေနဲ့အတူ ဘ၀ခရီးကို သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်ခဲ့သည်ရှိသော် ဒီကိစ္စမျိုးကို ဘယ်လိုကိုင်တွယ်မလဲ စတဲ့ အတွေးတွေက အိမ်ထောင်ပြုချင်စိတ်ကို လျှော့ချပစ်လိုက်ပေမယ့် မိန်းမသားတွေမှာ မွေးကတည်းက ပါလာတဲ့ မိခင်စိတ်ကြောင့် ကလေးတွေမြင်ရင် ကလေးလေးတစ်ယောက်လောက် လိုချင်တယ်။ မွေးချင်တယ်စတဲ့ ရောဂါကလည်း ရှိနေတတ်ကြပါတယ်။ တကယ်လို့များ သင်ဟာ လူ့ပတ်ဝန်းကျင်မှာ ကလေးအဖေမရှိပါပဲ ကလေးအမေတစ်ယောက်အဖြစ် ရပ်တည်တော့မယ်လို့ စဉ်းစားမိရင် ကလေးကို မမွေးစားခင် ဒီအချက်လေးတွေ အရင်စဉ်းစားစေချင်ပါတယ်။
၁။ သင့်ငွေကြေးပိုင်းကို ထည့်တွက်ပါ။
သင်ဟာ တစ်လတစ်လ ရတဲ့ လစာထဲမှာ စုမိဆောင်းမိ ရှိနေပြီလား။ ထောက်ပံ့စရာ ပေးစရာရှိတာတွေ ပေးပြီးတာတောင် သင့်မှာ ငွေပိုငွေလျှံတွေ ရှိနေသလား။ ဒါမှမဟုတ် သင်ဟာ တစ်လ၊ တစ်လ အလျှင်မီအောင် မနည်းသုံးနေရသူလား။ တကယ်လို့ သင်ဟာ အမျိုးသားနဲ့ကွာရှင်းမှာမို့ ရှေ့နေ့ငှားပြီး ဒါတွေလုပ်ဆောင်သွားမယ်ဆိုရင်လည်း အမျိုးသားဝင်ငွေနဲ့ သင့်ဝင်ငွေ ဘယ်သူက ပိုများနေသလဲ။ ကိုယ့်ဝင်ငွေနဲ့ဆို အဆင်ပြေပါ့မလား စတာတွေကို ထည့်တွက်ရပါတော့မယ်။ တကယ်လို့ သင်ဟာ ကလေးတစ်ဖက်နဲ့ အလုပ်မလုပ်နိုင်ဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေ ရလိမ့်မလဲ။ သင်အလုပ်သွားတဲ့အခါ ကလေးထိန်းနဲ့ ကလေးကို ထားမှာလား။ အဲ့ဒီကလေးထိန်းငှားဖို့ ငွေကြေးပိုင်းကို သင်ဘယ်လို စီစဉ်မလဲ။ ဒါ့အပြင် ကလေးအတွက် ကုန်ကျမယ့်အခြားသော စားရိတ်တွေကိုလည်း သင်ထည့်တွက်ထားရပါလိမ့်မယ်။

၂။သင်နေထိုင်တဲ့ ပုံစံလည်း အရေးကြီးပါတယ်။
ကလေးရှိသွားတဲ့အချိန်နဲ့ မရှိခင် အချိန်တွေဟာ နေထိုင်မှုပုံစံတွေ အားလုံးကွာသွားပါပြီ။ ဒါ့အပြင် သင့်အိမ်အနေအထားကလည်း စကားပြောပါလိမ့်ဦးမယ်။ ဥပမာ ခုနေတဲ့ အခန်းက ကလေးနဲ့ဆို အဆင်ပြေပါ့မလား။ ကျဉ်းမလား စတာတွေ ထည့်တွက်ရပါလိမ့်မယ်။

၃။ကလေးမွေးစားရင် ကလေးက ဘယ်က ဘယ်လိုဇစ်မြစ်တွေရှိသလဲ။
ကိုယ်မွေးစားမယ့် ကလေးရဲ့နောက်ကြောင်းရာဇ၀င်၊ သူတို့မိသားစုဝင် အဖေအမေ စတဲ့ နောက်ကြောင်းကို သေချာလေ့လာပြီးမှ ကလေးမွေးစားသင့်ပါတယ်။ ဒီအချက်တွေဟာ ငယ်စဉ်က မသိသာပေမယ့် နောက်ပိုင်းမှာတော့ ပြသနာတွေ ရှုပ်ထွေးလာတတ်တာမို့ပါ။

၎။ကလေး အသက်ရလာတဲ့အခါ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ကြိုတွေးပါ။
တစ်ချို့ကလေးတွေက ကိုယ့်မိဘအကြောင်း ပြည့်ပြည့်စုံစုံ သိချင်တတ်ကြပါတယ်။ မိဘအရင်းနဲ့ပဲ တွေ့ချင်နေချင်တယ်ဆိုရင် သင်ဘယ်လိုရှေ့ဆက်မလဲ။ ဒါမှမဟုတ် သင့်ခင်ပွန်းအကြောင်း မေးမြန်းတဲ့အခါ သင်ဘယ်လို ညာလုံးတွေ ထုတ်မလဲ ဆိုတာမျိုးတွေကလည်း အရေးကြီးပါတယ်။

၆။နောက်ထပ် သင် ဒိတ်ချင်လာရင်တောင် ခက်ခဲသွားပါပြီ။
သင်ကလေးကို မွေးစားပြီးမှ သင်ချစ်ရသူနဲ့ ဖူးစာဆုံတယ်ဆိုပါစို့။ သင့်မှာ ကလေးတစ်ယောက်နဲ့ဆို ဒိတ်လုပ်ဖို့က ထင်သလောက် မလွယ်ကူတော့ပါဘူး။

Trend Myanmar

No comments:

Post a Comment