Saturday 9 January 2016

မင်္ဂလာဈေး ဒုတိယအကြိမ်မီးလောင်မှု တန်ဖိုးကျပ်သိန်းပေါင်း ၃၆၀၆၀၂ခန့် ဆုံးရှုံးဆိုင်ခန်းပေါင်း ၁၆၃၈ ခန်းလောင်ကျွမ်းခဲ့

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု ကို မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်နေသည့် မြင်ကွင်းများ - ဓာတ်ပုံ - ထားထားဝေ
မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေး ကြီး မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်း ပေါင်း ၁၆၃၈ ခန်းလောင် ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၆၀၂ ခန့်ဆုံးရှုံးခဲ့ရကြောင်း မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး သန်းဦးက ပြောသည်။
ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီ မိနစ်၂ဝခန့်တွင် မင်္ဂလာတောင်ညွန့် မြို့နယ် သပြေကုန်းရပ်ကွက်ရှိ အဆင့် မြင့် မင်္ဂလာဈေး သစ်ကြီး၏ တတိယ ထပ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးသတ်တိုင်းဦးစီးမှူးရုံးသို့ ၁ နာရီ မိနစ်၎ဝခန့်မှ သတင်း ရရှိခဲ့ ကြောင်း သိရသည်။

''၁နာရီမိနစ်၎ဝမှသတင်းရ တယ်။ ကြိတ်ငြှိမ်းနေတဲ့သဘောမှာ ရှိတယ်။ မနက် ၅ နာရီကျော်မှာ မီး ထိန်းနိုင်ခဲ့ပါတယ်။ မနက် ရနာရီ ၁၅ မိနစ်ခန့်မှာ မီးငြှိမ်းသွား ပါတယ်။ အခု လောင်ကျွမ်းမှုပြီးဆုံးချိန်မှာတော့ မီးကြွင်း မီးကျန် မကျန်အောင် ဆက် လက်ရေဖြန်းငြှိမ်းသတ်နေရတာဖြစ် ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီးမှူးဦးသော်ဒါက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် မီး သတ်ယာဉ်များ Level-5 အဆင့် ထွက်ရှိခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ၅၈ စီး၊ ရေသယ်ယာဉ် ၂၇ စီး၊ လှေကား တင်ယာဉ် လေးစီး၊ Fire Water Tower နှစ်စီး၊ ကွပ်ကဲမှုယာဉ် ၁၁ စီး၊ အထောက်အကူပြုယာဉ် ခုနစ် စီး၊ မီးသတ်ယာဉ် ခြောက်စီး၊ ကြက် ခြေနီသူနာပြုယာဉ် ၁၄ စီးဖြစ်ကြောင်း သိရသည်။

မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၅၉၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၂၁၆ ဦးတို့ ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃၅၀ ဦး၊ တပ်မတော်မှ ၁၈၀ ဦးတို့ ဖြင့် လုံခြုံရေးရယူခဲ့ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၅၃ ဦးမှ ကျန်းမာရေး စောင့်ရှောက် မှုပေးခဲ့ကြောင်း ရန် ကုန် တိုင်းဒေသ ကြီး မီးသတ်ဦးစီး မှူး၏ပြောကြား ချက်အရ သိရသည်။

အဆင့်မြင့်မင်္ဂလာဈေးမီးလောင် ကျွမ်းမှုကြောင့် ဈေးလျှပ်စစ်တာဝန် ခံနှင့်သံပန်းသံတံခါးများပြုပြင်သည့် အဖွဲ့မှနှစ်ဦးတို့ကို ပုဒ်မ၂၈၅/၃၃၈ ဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း မှအမှုဖွင့်အရေးယူထားကြောင်း သိ ရသည်။
''ဈေးရဲ့လျှပ်စစ်တာဝန်ခံကို အမှု ဖွင့် ထားတယ်။ အဲဒီနေ့မှာ သံပန်း သံတံခါးတွေပြုပြင်တဲ့ အဖွဲ့ရှိခဲ့တယ်။ အဲဒီထဲက နှစ်ဦးကို လည်း အမှုဖွင့် ထားတယ်။ သုံးဦးကျန်နေသေးတာ ရှာဖွေနေပါတယ်''ဟု မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး သန်းဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့်အ ကြောင်း ရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးများ ကို ပိုမိုတိကျစေရန် အဖွဲ့များဖြင့် စစ် ဆေးသွားမည်ဖြစ်ကြောင်း တိုင်းမီး သတ်ဦးစီးမှူး ထံမှသိရသည်။

''မီးလောင်ရတဲ့အကြောင်းရင်း နဲ့တန်ဖိုးကတော့ ပိုပြီးတိကျနိုင်ဖို့ အဖွဲ့ တွေနဲ့ စစ်ဆေးမှရမယ်။၂၀၁၀ လောင်တုန်းကလည်း အဲဒီလိုပဲစစ် ဆေးခဲ့ရတာပါ''ဟု တိုင်းမီးသတ်ဦး စီးမှူးဦးသော်ဒါက ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေးသည် ၂၀၁၀ ခုနှစ် မေလ ၂၄ရက်တွင် ပထမအ ကြိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

HHW
‎Democracytoday‬

No comments:

Post a Comment