Saturday 9 January 2016

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအရေး နှစ်နိုင်ငံဆွေးနွေး

ထိုင်း-မြန်မာ နှစ်နိုင်ငံ လုပ်သား အရေး ဆွေးနွေးပွဲပြုလုပ်စဉ်
ပထမနေ့၌ ဘတ်ကတ်ကိုင်ဆောင်ထားသူများအတွက် CI ကတ်ထုတ်ပေးရေးအချက်ကို မူအားဖြင့် သဘောတူ
++++++++++++++++++++++++++++++++++++++++++++++
ထိုင်း-မြန်မာနှစ်နိုင်ငံလုပ်သားအရေးဆွေးနွေး ပွဲ ပထမနေ့၌ ထိုင်းနိုင်ငံအတွင်းယာ ယီနေထိုင်ခွင့်ကတ်(ဘတ်ကတ်) ကိုင် ဆောင်ထားသည့် မြန်မာလုပ်သား ငါးသိန်းဝန်းကျင်ခန့်အတွက် CI (မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်)ထုတ်ပေးရေး အချက် သာ မူအားဖြင့် သဘောတူညီမှုရရှိ ထားကြောင်း သိရသည်။
ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် ထိုင်း-မြန်မာနှစ်နိုင်ငံလုပ်သားအ ရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက် မှ ဆွေးနွေးမည့် အချက် ၁၀ ချက် နှင့် ထိုင်းဘက်မှ ဆွေးနွေးမည့်အ ချက် နှစ်ချက်တို့တွင် မြန်မာဘက် မှတင်ပြသည့်အချက် ၁၀ ချက်အနက် တစ်ချက်ကိုသာ မူအားဖြင့်သဘော တူညီခဲ့ပြီး ကျန်အချက်များကို ဆုံး ဖြတ်ချက်မချနိုင်သေးကြောင်းအ လုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလှုံရေး ဝန်ကြီးဌာနအမြဲတမ်းအ တွင်းဝန် ဦးမျိုးအောင်ကပြောသည်။

''ဆွေးနွေးတာက အချက်အား လုံးကို ဆွေးနွေးတာပါ။ ဒါပေမဲ့ CI ပဲမူအားဖြင့်သဘောတူတယ်။ ဒါပေ မဲ့ CI ထုတ်ပေးမယ်ဆိုရင် ထိုင်းမှာ စစ်တမ်းကောက်ရမှာဖြစ်တဲ့အ တွက် အဲဒီလိုစစ်တမ်းကောက်ဖို့ကို တော့ သူတို့ဘက်က အစိုးရကိုပြန် တင်ပြရဦးမယ်လို့ပြောတယ်။ ကျန် တဲ့အချက်တွေက မနက်ဖြန်ဆွေး နွေးပွဲကျမှ အဆုံးအဖြတ်ပေးမှာဖြစ် ပါတယ်''ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောသည်။
ထိုင်းနိုင်ငံအတွင်းပတ်စ်ပို့ သက်တမ်းပြည့်မြန်မာလုပ်သားများ အတွက်မူ တစ်စုံတစ်ရာဆုံးဖြတ်နိုင် ခြင်းမရှိသေးကြောင်း၊ ဇန်နဝါရီ ၉ ရက် အခြေအနေကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း အ မြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က ဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာနှစ် နိုင်ငံသည် မြန်မာဘက်မှတင်ပြသည့် ထိုင်း-မြန်မာနှစ်နိုင်ငံ MoU စနစ် ဖြင့်လုပ်သားစေလွှတ်ခြင်းကိုပြန် လည်ဆွေးနွေးရန်၊ ထိုင်းနိုင်ငံအ တွက် ဘတ်ကတ်ကိုင်လုပ်သားများ ကို CI ထုတ်ပေးရန်၊ ထိုင်းနိုင်ငံအ တွက်ပတ်စ်ပို့သက်တမ်းပြည့်လုပ် သားများအတွက် နှစ်နိုင်ငံလုပ် ဆောင်ပေးရမည့်အစီအစဉ်များချ မှတ်ပေးရေးအစရှိသည့်အချက်များ အပါအဝင်အချက်ကြီး ၁၀ ချက်ကို မြန်မာဘက်မှ တင်ပြဆွေးနွေးခြင်း ဖြစ်ပြီးထိုင်းနိုင်ငံအနေဖြင့် ထပ်မံ ပို့ဆောင်မည့်လုပ်သားများကို ကျွမ်း ကျင်လုပ်သားများသာပို့ဆောင်ရေး နှင့် ထိုင်း-မြန်မာနယ်စပ်ရှိထိုင်းအ ထူးစီးပွားရေးဇုန်စီမံကိန်းတွင် မြန် မာလုပ်သားခေါ်ယူမည့်အခြေအ နေနှစ်ချက်တို့ကို ဆွေးနွေးနေခြင်း ဖြစ်သည်။

ZCH
Democracytoday

No comments:

Post a Comment