Saturday 9 January 2016

ဆင်းရဲနွမ်းပါးသော ကျောင်းပြင်ပကလေးငယ်များအတွက် ရေဦးတွင် ပညာဒါနကျောင်း ဖွင့်

ရေဦးမြို့ပေါ်ရှိ လူငယ်များ စုပေါင်းဖွဲ့စည်းထားသော မီးအိမ် ရှင်အဖွဲ့သည် ဆင်းရဲချို့တဲ့နွမ်း ပါးသော ကျောင်းပြင်ပကလေး ငယ်များအတွက် မီးအိမ်ရှင်ပညာ ဒါနကျောင်း စတင်ဖွင့်လှစ်သင် ကြားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဆင်းရဲနွမ်းပါး၍ မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရသော အသက် (၇)နှစ်မှ (၁၀) နှစ်အ တွင်း ကျောင်းပြင်ပ ကလေးငယ် များ၏ ပညာရေးအတွက် ရည်ရွယ်၍ မီးအိမ်ရှင်ပညာဒါနကျောင်းကို ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်ချမ်းသာဦးဘုန်းတော်ကြီးကျောင်း တိုက်တွင် ဇန်နဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

‘‘ကျောင်းပြင်ပကလေးငယ် ၅၀ ဦးလောက်ရှိပါတယ်။ မီးအိမ် ရှင်အဖွဲ့က ဆရာ ၁၀ ဦးနဲ့ စတင် သင်ကြားမှာပါ။ စာလုံးဝမတတ် သေးတဲ့ ကလေးငယ်တွေကို ရေး တတ်၊ ဖတ်တတ်အောင် မူလ တန်း အဆင့်အထိ သင်ကြားဖို့ စီစဉ်ထားတယ်’’ ဟု မီးအိမ်ရှင် ပညာဒါန သင်တန်းကျောင်းမှ ကိုဟိန်းခန့်အောင်က ပြောကြားသည်။

ကျောင်းပြင်ပကလေးငယ် များ ပညာသင်ကြားရေးအတွက် စာရေး ကိရိယာ ပစ္စည်းများကို မီးအိမ်ရှင် အဖွဲ့ဝင် လူငယ်များ စုပေါင်း၍ လတ်တလောထောက် ပံ့ထားသော်လည်း ပညာသင်ကြား ရေးအထောက်အကူပြု ပစ္စည်း များ အခက်အခဲ ကြုံတွေ့နေဆဲ ဖြစ်သည်။

‘‘ဆင်းရဲချို့တဲ့ကလေးငယ် တွေက စာတတ်ချင်တယ်။ မိသားစုဝမ်းရေးကြောင့် ကျောင်းလည်း မတက်နိုင်ဘူး။ ရေဦးမြို့က ပညာ ရေးနဲ့ပတ်သက်ပြီး အောင်မြင်နေ တဲ့အချိန်မှာ ကျောင်းပြင်ပကလေးငယ်တွေအတွက် ပညာသင်ကြား ပေးမယ့် မီးအိမ်ရှင် စာသင် ကျောင်းလေးပေါ်ပေါက်လာတာ ဝမ်းသာစရာပါ’’ ဟု ရေဦးမြို့ခံ ဦးအောင်မြင့်သောင်းက ပြော ကြားသည်။

ရေဦးမြို့ပေါ် ရပ်ကွက်များ တွင် အခြေခံပညာအထက်တန်း ကျောင်း ငါးကျောင်း၊ မူလတန်း လွန်ကျောင်းတစ်ကျောင်း၊ မူလတန်းငါးကျောင်း၊ ပုဂ္ဂလိကအ ထက်တန်းကျောင်း ငါးကျောင်း၊အခြေခံပညာ အထက်တန်းအ ဆင့် သင်ကြားနေသော ဘော်ဒါဆောင် ၄၂ ဆောင်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်မှုစာရင်းအရ ခြောက်နှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံးမြို့ ဖြစ်သည်။

7Day Daily

No comments:

Post a Comment