Saturday 9 January 2016

အမေရိကန်ကူညီသော မြေငလျင်တိုင်းတာရေးစက် အသစ်များ ငါးမြို့တွင် တပ်ဆင်မည်

မိုဘိုင်းဖုန်းဖြင့် ချိတ် ဆက်အသုံးပြုနိုင်သည့် မြေငလျင်တိုင်းတာရေးနည်းပညာမြင့်စက် အသစ်များ ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ငါးမြို့တွင် ယခုလ အတွင်း တပ်ဆင်အသုံးပြုမည်ဟု အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ဇန်န၀ါရီ ၈ ရက်က ဟားခါး မြို့တွင် စက်အသစ်တပ်ဆင်နေ ပြီး ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ ဟားခါးနှင့် တမူးမြို့များ၌ ဇန်န၀ါရီအတွင်း အပြီးတပ်ဆင်မည်ဟု အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနစိတ် ဒုညွှန်ကြားရေးမှူး ဦးအောင်ဟိန်းထက်က ပြောသည်။

အသစ် တပ်ဆင်အသုံးပြု မည့် မြေငလျင်တိုင်းတာရေး စက် အသစ်များတွင် မိုဘိုင်းဖုန်းစနစ် ပါဝင်သည့်အတွက် နေပြည်တော် ရှိ မြေငလျင်အချက်အလက်ဗဟို ဌာနကို တိုက်ရိုက်ချိတ်ဆက်နိုင် ပြီး တိုင်းတာချက်များ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် နည်းပညာအပေါ် မူတည်၍ မြေငလျင်အချက်အ လက်များကို မိုဘိုင်းဖုန်းများမှတစ် ဆင့် ပြည်သူများအား အသိပေးနိုင်အောင်ဆောင်ရွက်မည်ဟု ဦးအောင်ဟိန်းထက်က ပြောသည်။

မြေငလျင်တိုင်းတာရေးစက် အသစ်များကို အမေရိကန်အစိုးရ အဖွဲ့အစည်းဖြစ်သော USAID ကထောက်ပံ့ကူညီပေးခြင်းဖြစ်ပြီး မြေငလျင်တိုင်းတာရေးနည်းပညာသစ်များကိုလည်း အမေရိကန် ပညာရှင်များက မြန်မာနိုင်ငံမြေ ငလျင်အချက်အလက်ဗဟိုဌာန တွင် သင်တန်းများပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment