Friday 14 August 2015

"ဒီချုပ်ကိုယ်စားလှယ်လောင်းတစ်ဦး ဆွဲကြိုးချသေဆုံး"

လပ္ပတာမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှုး ဖြစ်သည့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ထွန်းသည် ယနေ့ (သြဂုတ်၁၄) နံနက်၂နာရီ ကျော်ကနေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပ္ပတာမြို့နယ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသူမှာအသက်၆၀ကျော်ခန့်ရှိပြီး အလုပ်ဖိစီးမှုများနှင့် စိတ်ဖိစီးလာ ၍ သေကြောင်းကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်းပါတီတွင်း လုပ်ဖော်ကိုင်ဘက်များနှင့် မိသားစုဝင်များက ပြောသည်။
သေဆုံးသူသည် ကိုယ်စားလှယ်လောင်းအဖြစ်လျောက်လွာတင် ကတည်းကပင် အရက်ဖြတ်ထားခဲ့ပြီး အရက်ဖြတ်သည့်ဒဏ်နှင့် ပါတီအလုပ်ပင်ပန်းမှုများကြောင့် ဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒီချုပ်ဥက္ကဌ ဒေါက်တာအေးကြူကပြောသည်။

"သူကနိုင်ငံရေးကို ဇောက်ချလုပ်မယ်ဆိုပြီး အရက်ဖြတ်လိုက်တယ်၊ စိတ်ကလည်းဖိစီးတော့ အခုလိုဖြစ်သွားတယ်ယူဆရပါတယ်ဟု" မြိုနယ်ပါတီဥက္ကဌဦးကျော်မြင့်ကပြောသည်။
"နိုင်ငံရေးအရသဘောထားကွဲလွဲတာတွေ ၊တခြားပါတီကိစ္စတွေနဲ့တော့မသက်ဆိုင်ပါဘူး" ဟု၎င်းကဆက်ပြောသည်။
လက်ရှိအချိန်တွင်ကိုယ်စားလှယ်လောင်းနေရာကို အစားထိုးရန်အတွက် ပါတီက စီစဉ်နေပြီးသေဆုံးသူအလောင်းကို ခရိုင်ဆေးရုံသို့ပို့ဆောင်စစ်ဆေးနေကြောင်း သိရသည်။
7 day

No comments:

Post a Comment