Friday 14 August 2015

ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများ လွှတ်တော်အတွင်း ရောက်ရှိစေရန် လူထုကို စည်းရုံးရမည်ဟု ၈၈ မျိုးဆက်ပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အ နိုင်ရရှိပြီး လွှတ်တော်အတွင်းသို့ အင် အားများများရောက်ရှိအောင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန်အတွက် လူထုကို စည်း ရုံးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမြအေးက ပြောသည်။
သြဂုတ် ၉ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့် Triangle Women Support Group တို့ ပူးပေါင်းကျင်းပသည့် ‘ရွေးကောက်ပွဲက ပြည်သူ့လိုလား ချက်တွေကို ဘယ်လောက်ဖြည့် စွမ်းနိုင်မှာလဲ’ဟူသည့်ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ဦးမြအေးက ယင်းသို့ ပြောသည်။

‘‘လွှတ်တော်တွင်း နိုင်ငံရေး ကို ဖယ်ထားလို့မရသလို လွှတ် တော်ပြင်ပနိုင်ငံရေးကို ဖယ်ထား တာကလည်း နည်းမှန်လမ်းမှန် မဟုတ်ဘူးလို့မြင်တယ်။ အဲဒီနှစ်ခု စလုံးကို ဒီကာလအတွင်းမှာ ပြင် ဆင်ထားနိုင်မှ ၂၀၁၅ အလွန်နိုင်ငံ ရေးကို တိတိကျကျကစားလို့ရ မယ်။ ပြည်သူတွေ ရွေးကောက်ပွဲ အပေါ်မှာ စိတ်ဝင်စားမှုရှိအောင် ပါတီတွေအနေနဲ့ ပြန်လည်လုပ် ဆောင်ကြရမယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း ဒီကိစ္စမှာ ပါ ဝင်လုပ်ဆောင်သွားဖို့ စဉ်းစား ထားတယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ၏ရ လဒ်ကောင်းမှသာ ပြည်သူလူထု ၏လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်း ပေးနိုင်မည်ဖြစ် ကြောင်း ၈၈ မျိုးဆက်(ငြိမ်း၊ ပွင့်) မှ ဦးမင်းကိုနိုင်က ပြောသည်။ ထို့ ပြင် ရွေးကောက်ပွဲရလဒ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် အဓိကကျ မည်ဖြစ်ပြီး ဖွဲ့စည်းပုံကို ပြင်ဆင် နိုင်မှသာ ပြည်သူလူထု၏လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကာ ရွေးကောက်ပွဲရလဒ် ကောင်းရရှိရန် ပြည်သူဘက်က တက်ကြွစွာ ပါဝင်လှုပ်ရှားမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြည်သူလူထု၏ လိုလား ချက်မှာ တရားမျှတမှု၊ လွတ်လပ် မှု၊ ညီမျှမှုကို အခြေခံသော ဖက် ဒရယ်ပြည်ထောင်စုတစ်ရပ်ဖြစ် ပြီး ရွေးကောက်ပွဲမှတစ်ဆင့် ပြည် သူလူထုကို ခေါင်းပေါ်တင်ထား မည့် လွှတ်တော်၊ အစိုးရ၊ တရား စီရင်မှု၊ စစ်တပ်တို့ကို ပြည်သူတို့ က လိုလားခြင်းဖြစ်ကြောင်း နိုင်ငံ ရေးအကျဉ်းသားဟောင်းများအ ဖွဲ့(FPPS)မှ အလုပ်အမှုဆောင် ဦးတင်မောင်ဦးက ပြောသည်။ ထို့ပြင် ရွေးကောက်ပွဲတွင် ပြည် သူများ ထပ်၍ မဲလိမ်ခံရပါက  ရွေးကောက်ပွဲလွန်ကာလ၌ ပြည် တွင်းတွင် ငြိမ်းချမ်းမည်မဟုတ် ကြောင်း ၎င်းက သုံးသပ်ပြောကြား သည်။
 7 day

No comments:

Post a Comment